ပြည်တွင်းသတင်း

ရွေးကောက်ပွဲတာဝန်ကျ ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်မည်

ပင်ပန်းခဲ့ကြတဲ့ ဆရာ၊ ဆရာမများရဲ့စေတနာကို လေးစားတန်ဖိုးထားတဲ့ NLD အစိုးရ 🇲🇲 🇲🇲 ပြည်ထောင်စုအဆင့်ကချီးမြှင့်တာဖြစ်လို့ လေးစားဂုဏ်ယူပါတယ်

ရွေးကောက်ပွဲတာဝန်ကျ ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာန အခြေခံပညာနှင့် အဆင့်မြင့်ပညာဦးစီး ဌာနတို့မှ ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း နှစ်သိန်းကျော်အတွက်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပြီး ရာထူးတိုးနှင့် အပြောင်းအရွှေ့ကိစ္စများတွင် ဦးစားပေး အမှတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန် ထမ်းဆောင်ရသည့် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် သက်မွေးနှင့် နည်းပညာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများမှာ ကိုဗစ်ကာလ ဖြစ်သော်လည်း မဲရုံတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

“ကိုဗစ်ကာလအတွင်းမှာ လူတွေ အများကြီးနဲ့ ထိတွေ့ပြီးတော့ အန္တရာယ်ကြားထဲကနေ တာဝန်ကျေကျေနဲ့ သမာသမတ်ရှိရှိ ဆောင်ရွက်ပေးလို့ ဝန်ကြီးက ဂုဏ်ပြုလွှာမှာ လက်မှတ်ထိုးပြီး ချီးမြှင့်မှာပါ။

မကြာခင် ပေးအပ်နိုင်မှာပါ။ ဆရာ၊ ဆရာမတွေအတွက် ရမှတ်လေးတွေ ပေးတာရှိတယ်။ အဲဒီမှာ အထူးကိစ္စကို ဆောင်ရွက်သူအတွက် နှစ်မှတ်ဆို နှစ်မှတ်ပေါ။့ အဲဒါမျိုးတွေ ပေးမယ်ထင်ပါတယ်” ဟု ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းအတွက် တင်ဒါခေါ်ယူ၍ စာရွက်ရိုက်နှိပ်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရမည်ဖြစ် သောကြောင့် ယခုလအတွင်း မပြီးနိုင်သော်လည်း အမြန်ဆုံးချီးမြှင့်ပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများက မဲရုံမှူး၊ ဒုမဲရုံမှူး စသည်ဖြင့် မဲရုံတာဝန်များ အသီးသီးထမ်းဆောင်ခဲ့ရပြီး မဲရေတွက်ခြင်းများကိုပါ ညဉ့်နက်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။

unicode







ဂုဏပြှုလကမြှတြ ခွီးမှှငြ့ခှငြးအတှကြ တငဒြါခေါယြူ၍ စာရှကရြိုကနြှိပခြှငြး လုပငြနြးစဉမြွား ဆောငရြှကရြမညဖြှစြ သောကှောငြ့ ယခုလအတှငြး မပှီးနိုငသြောလြညြး အမှနဆြုံးခွီးမှှငြ့ပေးနိုငရြနြ ဆောငရြှကမြညဖြှစကြှောငြး ၎င်းငျးငြးကဆိုသညြ။

နိုဝငဘြာ ၈ ရကနြေ့တှငြ ကငွြးပခဲ့သညြ့ အထှထှရှေေေးကောကပြှဲတှငြ ပညာရေးဝနကြှီးဌာနလကအြောကရြှိ ဆရာ၊ ဆရာမမွားက မဲရုံမှူး၊ ဒုမဲရုံမှူး စသညဖြှငြ့ မဲရုံတာဝနမြွား အသီးသီးထမြးဆောငခြဲ့ရပှီး မဲရတှကေခြှငြးမွားကိုပါ ညဉြ့နကသြညအြထိ တာဝနထြမြးဆောငခြဲ့ကှရသညြ။

The Voice Journal

#Cherry_Lay (Page) 🇲🇲 🇲🇲 🇲🇲