အနုပညာသတင္း

(၂၂)နှစ်ပြည့်သွားတဲ့ သမီး G အတွက် (၉)တောင်ပြည့်စေတီနှစ်ဆူတည်ပေးပြီးလက်ဆောင်ပေးခဲ့တဲ့ မိဘနှစ်ပါး

zawgyi

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်ကျော်ဝင်းနဲ့ နိုင်ငံရေးလှုပ်ရှားသူ ဒေါ်သက်သက်ခိုင်တို့ရဲ့

တစ်ဦးတည်းသော သမီး G ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့တာပါ။

မနေ့ကအောက်တိုဘာလ (၁၉) ရက်နေ့က G ရဲ့ မွေးနေ့ဖြစ်ပြီး G ရဲ့ မိဘနှစ်ပါးက

G အတွက်(၉)တောင်ပြည့်စေတီနှစ်ဆူတည်ပေးရင်း မွန်မြတ်တဲ့မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။

G ရဲ့ ဖခင် ဦးအောင်ကျော်ဝင်းက

“Happy 22nd birthday Thameelay @ Chitsayarlay @ Grace @ G Vocals”

ကျွန်တော်နဲ့မွေးရက်တူတဲ့သမီးလေး (၂၂) နှစ်ပြည့်သွားပါပြီ။ ရှေးအတိတ်ရေစက်ကြောင့်

ရန်ကုန်မြို့ကိုတည်ထောင်တဲ့ဥက္ကလာပမင်း တည်ထားတဲ့ ဥက္ကလာပစေတီမှာ (၉) တောင်ပြည့်စေတီ

နှစ်ဆူစလုံးတည်ထားကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့အထူး အထူးဝမ်းသာပီတီဖြစ်ရပါတယ်။

ချစ်ဇနီးမသက်မွေးနေ့အထိမ်းအမှတ်မှာတည်ထားကိုးကွယ်တဲ့

” ရန်ကျော်မာန်ကျော်ရွှေနန်းတော်ရွှေစေတီတစ်ဆူ”နှင့် ရွှေနန်းတော်စိန်ရွှေရတနာဆိုင်(၂၇)နှစ်ပြည့်မှာ

တည်ထားကိုးကွယ်ခဲ့တဲ့ ” သုံးပါးကပ်ကျော်ရွှေနန်းတော် ရွှေစေတီတော်”

ဘွဲ့အမည်ပေးပြီး အစစအရာရာကူညီပံ့ပိုးလမ်းညွှန် ဩဝါဒပေးခဲ့တဲ့

ညောင်တုန်းကျောင်းတိုက်ရွှေအုန်းပင်ဆရာတော်နှင့်ဆရာတော်ဘုရားကြီး၊

ကျေးဇူးတင်ထိုက်သူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မကျန်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ့။

ယနေ့အထိပြုပြုသမျှသောကုသိုလ်ကောင်းမူများအားလုံးကို (၃၁) ဘုံမှာကျင်လည်နေကြကုန်တဲ့သတ္တဝါအားလုံးတို့အတွ

က် အမျှအတမ်းပေးဝေပါတယ်။ အားလုံး သာဓုသာဓုသာဓု ခေါ်ဆိုနိုင်ပါစေသော်” ဆိုပြီး ပြောလာပါတယ်။

G ကတော့ ဘဝမှာ လိုလေသေးမရှိပြီးပြည့်စုံတဲ့ မိသားစုကနေ ပေါက်ဖွားလာတာ တကယ့်ကို ကံကောင်းမှုတစ်ခုပါပဲ။

Source: Aung Kyaw Win’s fb

credit

unicode






“Happy 22nd birthday Thameelay @ Chitsayarlay @ Grace @ G Vocals”













Source: Aung Kyaw Win’s fb

cerdit