အနုပညာသတင်း ပြည်တွင်းသတင်း

ချစ်ခင်ပွန်းဝယ်ပေးတဲ့သိန်း ၆၉၀တန် တန်ဖိုးကြီးရတနာပစ္စည်းများဝတ်ဆင်ကာ တလက်လက်ဝင်းလက်တောက်ပပြီး ကျော့ရှင်းလှပနေတဲ့ စမိုင်းလ်

ပြည့်စုံသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီး စမိုင်းလ်ပဲ ဖြစ်ပါတယ်။

သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တာပဲ ဖြစ်ပြီး လက်ရှိအချိန်အထိ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမရဲ့ မိသားစုဘဝလေးကို အားကျကြည်နူးနေကြတာလည်း ဖြစ်ပါတယ်။

စမိုင်းလ်ဟာ အလှူရေစက် လက်နဲ့မကွာဆိုသလို အလှူအတန်းတွေ အမြဲတမ်းလုပ်လေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။

တစ်မိသားစုလုံး ဘာသာရေးလည်း ကိုင်ရှိုင်းကြပြီး သမီးလေးတွေကိုလည်း ဘုရားစာတွေကို အလွတ်ရအောင် လေ့ကျင့်သင်ကြားပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါ။

မနေ့ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်ခင်ပွန်းဝယ်ပေးတဲ့သိန်း ၆၉၀တန် တန်ဖိုးကြီးရတနာပစ္စည်းတွေကိုဝတ်ဆင်ကာ တလက်လက်ဝင်းလက်တောက်ပပြီး ကျော့ရှင်းလှပနေတဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

စမိုင်းလ်ဟာ ပြင်ဦးလွင်ကအောင်ဇမ္ဘူဗုဒ္ဓသာသနာ့ရိပ်သာ(၂) ထပ်ကျောင်းဆောင်တည်ဆောက်ရန်အတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ကြည့်ရှုအားပေးနိုင်ရန် စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။