ယူနီကုဒ် ဖြင့် ဖတ်ရန်
ဖြူးမှာ ဆန်စက်တွေ စထိပါပြီ (ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ)၁၅-၁၁-၂၀၂၀ ရက်နေ့တွင် ဖြူးမြို့အောင်စင်္ကြာဆန်စက်တွင် အလုပ်လုပ်ကိုင်သောရွာတန်းရှည်အုပ်စုကျော်လှစုရွာမှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီး
သည် အနံ့မရသဖြင့် ဖြူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ပြသရာ 𝐑𝐓𝐃 𝐓𝐞𝐬𝐭 ဖြင့် စစ်ဆေးရာတွင် ကိုဗစ် ( 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ) ဖြစ်ကြောင်း တွေ့ရပါသည်။အဆိုပါ အမျိုးသမီးသည် 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 ဆံပင်ညှပ်ဆိုင်တွင် (၈-၁၁-၂၀၂၀) ရက်နေ့တွင်ဆံပင်ကောက်ခဲ့သည်ဟု သိရပါသည်။
ကိုဗစ် ( 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ) တွေ့ရှိထားသော 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 ဆံပင်ညှပ်ဆိုင်ကို 𝐋𝐨𝐜𝐤 𝐝𝐨𝐰𝐧 ချထားပါသည်။ 𝐋𝐢𝐟𝐞 𝐬𝐭𝐲𝐥𝐞 ဆံပင်ညှပ်ဆိုင်တွင် (၈-၁၁-၂၀၂၀)မှ (၁၄-၁၁-၂၀၂၀) အတွင်း ဆံပင်ညှပ်၊ခေါင်းလျှော်၊ အလှပြင် ထိတွေ့ ဆက်စပ်ခဲ့သူများသည် ဖျားခြင်း၊
ချောင်းဆိုးခြင်း၊ အနံ့ မရရှိခြင်း၊ဝမ်းလျောခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းများ ခံစားရလျှင် သော်လည်းကောင်း အခြားလက္ခာဏာတစ်ရပ်ရပ် ဖြစ်ပေါ်ခံစားရလျှင်သော်လည်းကောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သတင်းပို့လျှက်
သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံး ပြသကြပါရန် မိမိကိုယ်တိုင်နှင့်အများပြည်သူအတွက် ပူးပေါင်း ပေးကြပါရန် အသိပေးကြော်ငြာအပ်ပါသည်။ဖြူးမြို့နယ် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေးကော်မတီ