ပြည်တွင်းသတင်း

အရက်သမားအဖေက ငွေ(၁)သိန်းနဲ့ ရောင်းစားခြင်းခံနေရတဲ့ (၈)လအရွယ်သမီးလေးကို ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်သလို ပရဟိတလုပ်ငန်းတွေလည်း ကြိုးစားပန်းစား လုပ်ကိုင်နေတဲ့ မေတ္တာရှင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အများအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေတဲ့ “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”နဲ့ မိဘမဲ့ ကလေးငယ်လေးတွေကို စောင့်ရှောက်ပေးနေတဲ့ “ခိုင်မိသားစု ဂေဟာ” ကို ဦးစီးရင်း သူမရဲ့ တစ်နေ့တာ အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ငွေ(၁)သိန်းနဲ့ ရောင်းစားခြင်းခံနေရတဲ့ (၈)လအရွယ်သမီးလေးကို သူမရဲ့ ဂေဟာမှာ ခေါ်ယူမွေးစားဖြစ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

အမေက နောက်ယောကျာ်းယူသွားပြီး ဖခင်မှ အရက်မူးနေချိန် (၈)လအရွယ် သမီးလေးအား ငွေတစ်သိန်းဖြင့် လိုက်ရောင်းနေ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပြီး ကျွန်မဆီသို့ ဆက်သွယ် အပ်နှံသဖြင့် သွားရောက်ခေါ်ယူ ခဲ့ပါတယ်ရှင်။

သမီးလေး အရိပ်တစ်ခုရဖို့အတွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့အတွက် ပီတိဖြစ်ရသလို စိတ်လဲမကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ “ခိုင် ” ဂေဟာမှာ မိသားစုဝင်တစ်ဦး တိုးပြန်ပါပြီရှင်…” ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကိုသာ စောင့်ရှောက်လေ့ရှိပေမယ့် ဒီတစ်ခါ သူမခေါ်ယူမွေးစားခဲ့တဲ့ ကလေးငယ်လေးကတော့ အဖေရော အမေပါရှိပါလျက်နဲ့ မဖြစ်သင့်တဲ့အဖြစ်မျိုးနဲ့ ကြုံဆုံနေရတာမို့ ခိုင်နှင်းဝေက ခေါ်ယူမွေးစားခဲ့တာပဲ ဖြစ်ပါတယ်။

သမီးလေးလည်း ခိုင်နှင်းဝေရဲ့ အေးမြတဲ့အရိပ်အောက်မှာ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb