ျပည္တြင္းသတင္း

ေဆးသုတ္ျမန္မာလုပ္သားတစ္ဦး ၃၀ ထပ္အျမင့္တြင္ ႀကိဳးျဖတ္လုပ္ႀကံခံရ!

ေဆးသုတ္ျမန္မာလုပ္သားတစ္ဦး ၃၀ ထပ္အျမင့္တြင္ ႀကိဳးျဖတ္လုပ္ႀကံခံရ!

ေအာက္တိုဘာ ၂၂ ရက္၊ ၂၀၂၁
.
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၂ ရက္ေန႔တြင္ ၿမိဳ႕ေတာ္ဗန္ေကာက္ အေရွ႕ေျမာက္ဘက္ ႏြန္ထဘူရီခရိုင္ရွိ၃၆ ထပ္အျမင့္ရွိသည့္ လုဗၼဏီကြန္ဒိုအေဆာက္အဉီးတစ္ခုကို ျပဳျပင္ရန္အတြက္

ျမန္မာလုပ္သားတစ္ဦး ႏွင့္လုပ္ေဖာ္ကိုင္ဖက္ႏွစ္ဦးတို႔ ႀကိဳးျဖင့္တက္သြားစဥ္ ၃၀ ထပ္အေရာက္တြင္ အမည္မသိသူတစ္ဦးက ၄င္းတို႔ႀကိဳးကို ျဖတ္လိုက္တယ္ဟု ႀကိဳးျဖတ္ခံလိုက္ရတဲ့ ျမန္မာလုပ္သားကဆိုသည္။
.
ျမန္မာလုပ္သားမွာ အသက္ကယ္ႀကိဳးျဖင့္ နီးစပ္ရာ အထပ္ ၃၀ ေပၚက အခန္းတစ္ခုကို အကူညီေတာင္းၿပီး ဝရံတာတစ္ခုမွအေရးေပၚဆင္းခဲ့ရသည္ဟု Sanook သတင္းဌာနမွေဖာ္ျပထားသည္။
.
အခင္းျဖစ္ပြားသည့္ေန႔တြင္ အဂၤေတအက္ကြဲရာကို ျပဳျပင္ရန္အတြက္ မိမိအပါအဝင္လုပ္ေဖာ္ကိုင္ဖက္ ၂ ဦးႏွင့္အတူ ၃၂ ထပ္သို႔ႀကိဳးျဖင့္တြယ္တက္သြားၿပီး ၃၀ ထပ္အေရာက္တြင္

မိမိတက္လာတဲ့ႀကိဳးသည္ မူမမွန္သည့္ လႈပ္ရွားမႈကိုခံစားရ၍ေအာက္ကိုငုံၾကည့္ရာ ၂၁ ထပ္ခန႔္ရွိလူတစ္ဦးက ႀကိဳးကိုျဖတ္ေနသည္ကိုေတြ႕ရ၍ အလြန္အမင္းထိန႔္လန႔္သြားၿပီး

လက္လွမ္းမီသည့္အခန္းပိုင္ရွင္ကိုအကူအညီေတာင္းခံၿပီး အခန္းဝရံတာမွတဆင့္ အေရးေပၚ ဆင္းခဲ့ရသည္ဟုျမန္မာလုပ္သားတစ္ဦးျဖစ္သူ ေမာင္ေဆာင္း အသက္ ၂၁ ႏွစ္ကဆိုသည္။
.
ဆက္လက္ၿပီး ေအာက္တိုဘာ ၁၆ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕မွ အဆိုပါကြန္ဒိုသို႔သြားေရာက္စစ္ေဆးခဲ့ၿပီးေနာက္ သံသယတရားခံကို စုံစမ္းသိရွိခဲ့ရၿပီး ဖမ္းဝရမ္းထုတ္ထားသည္ဟု သိရသည္။
.
ထို႔ျပင္ အသက္ေဘးမွသီသီေလးလြတ္ေျမာက္ခဲ့သူ ေမာင္ေဆာင္းအပါအဝင္ လုပ္ေဖာ္ကိုင္ဖက္ ၂ ဦးကိုလည္း စစ္ေဆးေမးျမန္းရန္အတြက္ ရဲစခန္းသို႔ေခၚေဆာင္သြားခဲ့သည္ဟု ဆိုသည္။

သံသယျဖစ္သူမွာ အခင္းျဖစ္ပြားတဲ့ေနရာကေန ေျပာင္းေရႊ႕သြားၿပီး ရဲစခန္းမွေခၚယူစစ္ေဆးရန္ ေဆာင္ရြက္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

source မြန္ျပည္နယ္သတင္းစံု

unicode

ဆေးသုတ်မြန်မာလုပ်သားတစ်ဦး ၃၀ ထပ်အမြင့်တွင် ကြိုးဖြတ်လုပ်ကြံခံရ!

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၁
.
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့တွင် မြို့တော်ဗန်ကောက် အရှေ့မြောက်ဘက် နွန်ထဘူရီခရိုင်ရှိ၃၆ ထပ်အမြင့်ရှိသည့် လုဗ္မဏီကွန်ဒိုအဆောက်အဉီးတစ်ခုကို ပြုပြင်ရန်အတွက်

မြန်မာလုပ်သားတစ်ဦး နှင့်လုပ်ဖော်ကိုင်ဖက်နှစ်ဦးတို့ ကြိုးဖြင့်တက်သွားစဉ် ၃၀ ထပ်အရောက်တွင် အမည်မသိသူတစ်ဦးက ၄င်းတို့ကြိုးကို ဖြတ်လိုက်တယ်ဟု ကြိုးဖြတ်ခံလိုက်ရတဲ့ မြန်မာလုပ်သားကဆိုသည်။
.
မြန်မာလုပ်သားမှာ အသက်ကယ်ကြိုးဖြင့် နီးစပ်ရာ အထပ် ၃၀ ပေါ်က အခန်းတစ်ခုကို အကူညီတောင်းပြီး ဝရံတာတစ်ခုမှအရေးပေါ်ဆင်းခဲ့ရသည်ဟု Sanook သတင်းဌာနမှဖော်ပြထားသည်။
.
အခင်းဖြစ်ပွားသည့်နေ့တွင် အင်္ဂတေအက်ကွဲရာကို ပြုပြင်ရန်အတွက် မိမိအပါအဝင်လုပ်ဖော်ကိုင်ဖက် ၂ ဦးနှင့်အတူ ၃၂ ထပ်သို့ကြိုးဖြင့်တွယ်တက်သွားပြီး ၃၀ ထပ်အရောက်တွင်

မိမိတက်လာတဲ့ကြိုးသည် မူမမှန်သည့် လှုပ်ရှားမှုကိုခံစားရ၍အောက်ကိုငုံကြည့်ရာ ၂၁ ထပ်ခန့်ရှိလူတစ်ဦးက ကြိုးကိုဖြတ်နေသည်ကိုတွေ့ရ၍ အလွန်အမင်းထိန့်လန့်သွားပြီး

လက်လှမ်းမီသည့်အခန်းပိုင်ရှင်ကိုအကူအညီတောင်းခံပြီး အခန်းဝရံတာမှတဆင့် အရေးပေါ် ဆင်းခဲ့ရသည်ဟုမြန်မာလုပ်သားတစ်ဦးဖြစ်သူ မောင်ဆောင်း အသက် ၂၁ နှစ်ကဆိုသည်။
.
ဆက်လက်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ အဆိုပါကွန်ဒိုသို့သွားရောက်စစ်ဆေးခဲ့ပြီးနောက် သံသယတရားခံကို စုံစမ်းသိရှိခဲ့ရပြီး ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။
.
ထို့ပြင် အသက်ဘေးမှသီသီလေးလွတ်မြောက်ခဲ့သူ မောင်ဆောင်းအပါအဝင် လုပ်ဖော်ကိုင်ဖက် ၂ ဦးကိုလည်း စစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

သံသယဖြစ်သူမှာ အခင်းဖြစ်ပွားတဲ့နေရာကနေ ပြောင်းရွှေ့သွားပြီး ရဲစခန်းမှခေါ်ယူစစ်ဆေးရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

source မွန်ပြည်နယ်သတင်းစုံ