ျပည္တြင္းသတင္း

ယေန႕မနက္ (၄) နာရီအခ်ိန္မွာ အရာယ္ေတာ္ျမိဳ႕နယ္မွPDF စခန္းတစ္ခ်ိဳ႕ႏွင့္ ၀င္စီးခံရတဲ့ ေက်းရြာမ်ား

မုံရြာေဒသကာကြယ္ေရးတပ္ေတြကို စစ္ေကာင္စီက ဝင္ေရာက္စီးနင္း ေဒသခံရြာသားတခ်ိဳ႕လည္းဖမ္းဆီးခံရတယ္လို႔ဆို

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံရြာခရိုင္ထဲက ေဒသကာကြယ္ေရးတပ္ေတြျဖစ္တဲ့ Monywa Ranger တပ္စခန္းႏွင့္ သေျပညိဳတပ္စခ

န္းေတြကိုဒီကေန႔ေအာက္တိုဘာ ၂၂ရက္ေန႔မနက္ပိုင္းက စစ္ေကာင္စီဘက္က ဝင္ေရာက္စီးနင္းခဲ့ၿပီး PDF စခန္းတခ်ိဳု႔ကို ဖ်က္ဆီးကာ

အနားက ရြာသားတခ်ိဳ႕ကိုလည္း ဖမ္းဆီးစစ္ေဆးမႈေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“ဒီကေန႔မနက္ ၄ နာရီေလာက္က ေညာင္ပင္ကန္ရြာလမ္းကေနအိမ္စီးကားေတြနဲ႔ဝင္လာတယ္။

အရာေတာ္လမ္းကမဟုတ္ဘဲ ရြာအေသးေလးေတြ၊မထင္မွတ္တဲ့လမ္းေတြကစဝင္လာတာ။

စခန္းကပစၥည္းေတြကိုလည္းဖ်က္ဆီးသြားတယ္။PDF ေတြလြတ္သြားတယ္လည္းၾကားတယ္။

ဖမ္းဆီးခံရတဲ့လူေတြလည္းရွိတယ္ဆိုေပမယ့္အတည္ျပဳလို႔မရေသးဘူး။ ရြာသားအေယာက္ ၂၀ေလာက္ကေတာ့ အဖမ္းခံလိုက္ရတ

ယ္”လို႔ေဒသကာကြယ္ေရးတပ္အဖြဲ႕ဝင္တစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

လက္ရွိမွာေတာ့ အရာေတာ္ၿမိဳ႕နယ္ထဲက ေတာင္လက္၊ ကန္ရင္း၊ မလဲသာ၊ ေညာင္ပင္ေက်းရြာ စတဲ့ရြာေလးရြာကို စစ္ေကာင္စီဘက္က

ဝင္ေရာက္စီးနင္းရွာေဖြမႈေတြဆက္လုပ္ေနၿပီးရြာသားတခ်ိဳ႕လည္းတိမ္းေရွာင္ေနရတယ္လို႔ေဒသခံေတြကေျပာပါတယ္။

မေန႔ေအာက္တိုဘာ ၂၁ ရက္ေန႔မွာဆိုရင္လည္း အရာေတာ္ၿမိဳ႕နယ္၊ ေအာင္သာကုန္းေက်းရြာထဲကမိုင္တဲလ္တာဝါတိုင္ကို မုံရြာေဒသကာ

ကြယ္ေရးေျပာက္က်ားတပ္ေတြကေဖာက္ခြဲမႈလုပ္ခဲ့ေၾကာင္း ဗီဒီယိုမွတ္တမ္းနဲ႔တကြသတင္းထုတ္ျပန္ထားပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာ အခုလို ေဒသကာကြယ္ေရးတပ္ေတြကို စီးနင္းရွာေဖြဖမ္းဆီးတာေတြလုပ္လာခဲ့ၿပီး ေဒသကာကြယ္ေရး

တပ္ေတြကို ေတာနင္းရွာေဖြမႈေတြလုပ္ေနတာေၾကာင့္

ေဒသခံေတြအေနနဲ႔အရာေတာ္၊ မုံရြာလမ္းကို က်န္းမာေရးကိစၥကလြဲလို႔ ျဖတ္သန္းသြားလာျခင္းမလုပ္ဖို႔မုံရြာေဒသ

ကာကြယ္ေရးတပ္ ၅ခုက ထုတ္ျပန္ေၾကညာထားပါတယ္။

#ဘီဘီစီျမန္မာပိုင္း

ဓါတ္ပုံ-အရာေတာ္သတင္းမွန္ျပန္ၾကားေရး

unicode

မုံရွာဒေသကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်း ဒေသခံရွာသားတချို့လည်းဖမ်းဆီးခံရတယ်လို့ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ Monywa Ranger တပ်စခန်းနှင့် သပြေညိုတပ်စခန်းတွေကို

ဒီကနေ့အောက်တိုဘာ ၂၂ရက်နေ့မနက်ပိုင်းက စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းခဲ့ပြီး PDF စခန်းတချိုု့ကို ဖျက်ဆီးကာ အနားက

ရွာသားတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီကနေ့မနက် ၄ နာရီလောက်က ညောင်ပင်ကန်ရွာလမ်းကနေအိမ်စီးကားတွေနဲ့ဝင်လာတယ်။

အရာတော်လမ်းကမဟုတ်ဘဲ ရွာအသေးလေးတွေ၊မထင်မှတ်တဲ့လမ်းတွေကစဝင်လာတာ။

စခန်းကပစ္စည်းတွေကိုလည်းဖျက်ဆီးသွားတယ်။PDF တွေလွတ်သွားတယ်လည်းကြားတယ်။

ဖမ်းဆီးခံရတဲ့လူတွေလည်းရှိတယ်ဆိုပေမယ့်အတည်ပြုလို့မရသေးဘူး။ ရွာသားအယောက် ၂ဝလောက်ကတော့ အဖမ်းခံလိုက်ရတယ်”လို့

ဒေသကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ အရာတော်မြို့နယ်ထဲက တောင်လက်၊ ကန်ရင်း၊ မလဲသာ၊ ညောင်ပင်ကျေးရွာ စတဲ့ရွာလေးရွာကို စစ်ကောင်စီဘက်က ဝင်

ရောက်စီးနင်းရှာဖွေမှုတွေဆက်လုပ်နေပြီးရွာသားတချို့လည်းတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့အောက်တိုဘာ ၂၁ ရက်နေ့မှာဆိုရင်လည်း အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာထဲကမိုင်တဲလ်တာဝါတိုင်ကို မုံရွာဒေသ

ကာကွယ်ရေးပြောက်ကျားတပ်တွေကဖောက်ခွဲမှုလုပ်ခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အခုလို ဒေသကာကွယ်ရေးတပ်တွေကို စီးနင်းရှာဖွေဖမ်းဆီးတာတွေလုပ်လာခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေကို

တောနင်းရှာဖွေမှုတွေလုပ်နေတာကြောင့်

ဒေသခံတွေအနေနဲ့အရာတော်၊ မုံရွာလမ်းကို ကျန်းမာရေးကိစ္စကလွဲလို့ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့မုံရွာဒေသကာကွယ်ရေးတပ် ၅ခုက

ထုတ်ပြန်ကြေညာထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ-အရာတော်သတင်းမှန်ပြန်ကြားရေး