ပြည်တွင်းသတင်း
crd
သီတင်းကျွတ်မှာ မိဘနှစ်ပါးကို ကန်တော့ချင်မိတဲ့ အကြောင်းဝမ်းနည်းစွာဖြင့် ရင်ဖွင့်လာခဲ့သော ထားထက်ထက်
(သီတင်းကျွတ်လပြည့်နေ့အရအရင်နှစ်တွေကနဲ့လုံးဝမတူတဲ့ခံစားချက်ပေါင်းစုံနဲ့
အဆိုးဆုံးနှစ်တနှစ်လို့ခံစားရတယ်။နေ့စဉ်ကန်တော့တယ်ဆိုပေမယ့်ဒီလိုနေ့မျိုးမှာ
နှစ်စဉ်မောင်နှမတွေစုံစုံညီညီနဲ့မိဘနှစ်ပါးစုံကိုပျော်ပျော်ရွှင်ရွှင်နဲ့ကန်တော့ကြ၊
မုန့်တွေလုပ်စားကြ၊မီ.းပန်းတွေဖောက်ကြနဲ့သိပ်ပျော်စရာကောင်းတဲ့အချိန်တွေပေါ့၊
မှတ်မှတ်ရရအမအကြီးဆုံးနဲ့အတူတူအိမ်ဆောက်လက်စရဲ့အပေါ်ဆုံးထပ်မှာမီ.
းရှူးမီ.းပန်းအကြီးကြီးတွေကိုဖေ.ာက်ကြလို့ရုံးခန်းရောက်ခဲ့ရတာတွေ၊ခြံထဲမှာ
အဖေအမေတို့နဲ့အတူတူမီးထွန်း၊ ငရဲမီ.းဆော့ခဲ့တာတွေမေ့မရနိုင်တဲ့အမှတ်တရတွေပါပဲ။
နောက်ဘယ်တော့မှပြန်မရနိုင်မယ့်အမှတ်တရတွေဖြစ်ကျန်ခဲ့ပြီလေ၊အခုတော့
သိပ်လှလွန်းတဲ့လမင်းကြီးရယ်တိမ်တွေအထပ်ထပ်နဲ့ကောင်းကင်ကြီးရယ်ကိုကြည့်၊
ဖယောင်းတိုင်လေးထွန်းရင်းလွမ်းလို့ငိုရပါတယ်။ အဖေနဲ့အမေကိုမနှစ်ကအတိုင်းလက်စုံမိုးအနီးကပ်
ကန်တော့ချင်လိုက်တာ၊ဖြစ်ချင်တာတွေမဖြစ်နိုင်တော့လဲအနီးနားရှိတဲ့အဖူးနဲ့လူကြီးသူမတွေကို
ကန်တော့ရင်းကုသိုလ်ယူရပါတယ်။တဆက်ထဲတော်လှန်ရေးမှာအလှူပါဝင်ပေးကြတဲ့
ဆရာဆရာမများ၊မိဘညီအကိုမောင်နှမများ၊နေရာပေါင်းစုံဘက်ပေါင်းစုံမှပါဝင်ကြသူများ၊
အမှန်တရားကိုချစ်မြတ်နိုးလို့ဓမ္မဘက်မှရဲဝံ့စွာရပ်တည်ကြိုးစားပါဝင်ကြသူများ၊
ကူညီဖေးမအားပေးစောင့်ရှောက်ကြသူများအားလုံးတစ်ယောက်မကျန်ကိုရိုသေလေးစားစွာနဲ့ရောက်ရာနေရာကနေပဲ
ကန်တော့လိုက်ရပါတယ်။ထားထက်ထက် 20 October 2021 ။မြန်မာပြည်ကြီးလဲ
အမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်
လက်အောက်ကနေအမြန်ဆုံးလွ.တ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
crd