ျပည္တြင္းသတင္း

ဒီေန႕ေန႕လည္ ၈ လမ္းထိပ္က ကေမၻာဇဘဏ္ဓားျပတိုက္ခံရမႈ မ်က္ျမင္သက္ေသေျပာျပခ်က္

ဒီေန႕ေန႕လည္ ၈ လမ္းထိပ္က ကေမၻာဇဘဏ္ဓားျပတိုက္ခံရမႈ မ်က္ျမင္သက္ေသေျပာျပခ်က္

ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္အတြင္းက ၄၈ လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္မွာရွိတဲ့ Urban Asia အေဆာက္အဦ

မွာဖြင့္လွစ္ထားတဲ့ ကေမၻာဇဘဏ္မွာ

ဒီကေန႔ေအာက္တိုဘာ ၂၂ရက္ေန႔ မြန္းတည့္ ၁၂ နာရီဝန္းက်င္မွာ ဓားျပတိုက္မႈတစ္ခုျဖစ္ခဲ့တယ္လို႔ အနီးအနားမွာရွိေနသူေတြ

ရဲ့ေျပာျပခ်က္အရသိရပါတယ္။

“ စျဖစ္တာက အကၤ်ီအမည္းနဲ႔လူႏွစ္ေယာက္ဝင္လာတယ္။ ေကာင္ေလးႏွစ္ေယာက္ပါပဲ။ မ်က္ႏွာေတြေတာ့မျမင္ရဘူး။ Mask ေ

တြတပ္ထားတယ္။

ဝင္ဝင္ခ်င္းဘဏ္အေပါက္ဝမွာရွိတဲ့ လုံျခဳံေရးေတြကိုထိုးႀကိတ္တယ္။ ကၽြန္ေတာ္က အစကေတာ့ ရန္ျဖစ္တယ္ပဲထင္တာ။

အဲ့ဒီအခ်ိန္မွာပဲ ကၽြန္ေတာ့္ေဘးမွာကပ္ထိုင္ေနတဲ့ေကာင္ေလးတစ္ေယာက္က ထလာၿပီး ေသနတ္ေတြထုတ္ၿပီး မေသခ်င္ရင္ဝ

ပ္ေနၾကဆိုၿပီး အကုန္လုံးကိုဝပ္ခိုင္းတာ။ လူေတြအကုန္လုံးကေၾကာက္လို႔ဝပ္ေနတာ။

သူတို႔ကလည္း “ကိုယ့္ပိုက္ဆံမဟုတ္ဘူး။ မေသခ်င္ရင္ဝပ္ေန” လို႔ပါးစပ္ကေျပာတယ္။ ဝန္ထမ္းေတြကိုေရာ လူေတြကိုေရာ ဘာမွမလု

ပ္ဘူး။

ဝန္ထမ္းေတြကိုေငြထားတဲ့ေနရာေခၚသြားတာေတြ႕လိုက္တယ္။ ေငြ ေတြ သယ္သြားလားမသယ္သြားလားဆိုတာေတာ့ ဝပ္ေနရ

လို႔မေတြ႕လိုက္ဘူး” လို႔ ဓားျပတိုက္မႈျဖစ္တဲ့အခ်ိန္မွာ ဘဏ္အတြင္းရွိေနသူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အခုလိုဘဏ္ဓါးျပတိုက္တဲ့ျဖစ္စဥ္ကေန ဓားျပတိုက္သူေတြျပန္ထြက္သြားတဲ့အထိ အခ်ိန္ ၁၀ မိနစ္သာၾကာလိုက္ၿပီး ျဖစ္ၿပီးၿပီးခ်င္းမွာ စစ္ေ

ကာင္စီနဲ႔လုံျခဳံေရးေတြလည္း ေရာက္လာနိုင္ျခင္းမရွိသလို အနီးအနားေနသူေတြေတာင္ ဓါးျပတိုက္တဲ့ျဖစ္စဥ္ကိုမသိ ခဲ့ၾကဘူး

လို႔ဘဏ္အတြင္းရွိေနခဲ့သူကဆက္ေျပာပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕တြင္းမွာ စစ္ေကာင္စီတပ္ေတြရဲ့ကားေတြလွည့္လွည္စစ္ေဆးတာ၊ မဟာဗႏၶဳလတံတားအနီးမွာ

လက္နက္ေတြ ခ်ိန္ရြယ္ၿပီးေစာင့္ၾကည့္တာေတြလုပ္ေနတဲ့ စစ္ေဆးတင္းက်ပ္မႈအေျခအေနေတြလူမႈကြန္ရက္ေတြေပၚထြ

က္ေပၚလာပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျပည္တြင္းမွာ ဘဏ္ဓားျပတိုက္မႈျဖစ္စဥ္ေတြအေနနဲ႔ဇူလိုင္လနဲ႔ ၾသဂုတ္လထဲမွာ ကမၻာ့ရတနာဘ

ဏ္ဓါးျပတိုက္ခံရတဲ့ျဖစ္စဥ္ျဖစ္ခဲ့သလို

စက္တင္ဘာလထဲမွာလည္း ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္ထဲက ကေမၻာဇဘဏ္ဓါးျပတိုက္ခံခဲ့ရပါေသးတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာပဲ ပဲခူးအင္းတေကာ္အနီးမွာ ဧရာဝတီဘဏ္ရဲ့ ေငြသယ္ယာဥ္ ဓါးျပတိုက္ခံရတယ္ဆိုတဲ့ျဖစ္စဥ္မွာေတာ့ ေဒသကာကြ

ယ္ေရးတပ္ေတြလုပ္တာျဖစ္တယ္လို႔ စစ္ေကာင္စီကစြပ္စြဲထုတ္ျပန္ထားၿပီး ပါဝင္သူတခ်ိဳ႕ကိုဖမ္းဆီးထားခဲ့ပါတယ္။

unicode

ဒီနေ့နေ့လည် ၈ လမ်းထိပ်က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရမှု မျက်မြင်သက်သေပြောပြချက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းက ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ Urban Asia အဆောက်အဦမှာဖွင့်

လှစ်ထားတဲ့ ကမ္ဘောဇဘဏ်မှာ

ဒီကနေ့အောက်တိုဘာ ၂၂ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဓားပြတိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးအနားမှာရှိနေသူတွေ ရဲ့ပြော

ပြချက်အရသိရပါတယ်။

“ စဖြစ်တာက အင်္ကျီအမည်းနဲ့လူနှစ်ယောက်ဝင်လာတယ်။ ကောင်လေးနှစ်ယောက်ပါပဲ။ မျက်နှာတွေတော့မမြင်ရဘူး။ Mask တွေတပ်

ထားတယ်။

ဝင်ဝင်ချင်းဘဏ်အပေါက်ဝမှာရှိတဲ့ လုံခြုံရေးတွေကိုထိုးကြိတ်တယ်။ ကျွန်တော်က အစကတော့ ရန်ဖြစ်တယ်ပဲထင်တာ။

အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဘေးမှာကပ်ထိုင်နေတဲ့ကောင်လေးတစ်ယောက်က ထလာပြီး သေနတ်တွေထုတ်ပြီး မသေချင်ရင်ဝပ်နေကြဆို

ပြီး အကုန်လုံးကိုဝပ်ခိုင်းတာ။ လူတွေအကုန်လုံးကကြောက်လို့ဝပ်နေတာ။

သူတို့ကလည်း “ကိုယ့်ပိုက်ဆံမဟုတ်ဘူး။ မသေချင်ရင်ဝပ်နေ” လို့ပါးစပ်ကပြောတယ်။ ဝန်ထမ်းတွေကိုရော လူတွေကိုရော ဘာမှမလုပ်

ဘူး။

ဝန်ထမ်းတွေကိုငွေထားတဲ့နေရာခေါ်သွားတာတွေ့လိုက်တယ်။ ငွေ တွေ သယ်သွားလားမသယ်သွားလားဆိုတာတော့ ဝပ်နေရလို့မတွေ့

လိုက်ဘူး” လို့ ဓားပြတိုက်မှုဖြစ်တဲ့အချိန်မှာ ဘဏ်အတွင်းရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလိုဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ကနေ ဓားပြတိုက်သူတွေပြန်ထွက်သွားတဲ့အထိ အချိန် ၁၀ မိနစ်သာကြာလိုက်ပြီး ဖြစ်ပြီးပြီးချင်းမှာ စစ်

ကောင်စီနဲ့လုံခြုံရေးတွေလည်း ရောက်လာနိုင်ခြင်းမရှိသလို အနီးအနားနေသူတွေတောင် ဓါးပြတိုက်တဲ့ဖြစ်စဉ်ကိုမသိ ခဲ့ကြဘူးလို့ဘဏ်

အတွင်းရှိနေခဲ့သူကဆက်ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ကားတွေလှည့်လှည်စစ်ဆေးတာ၊ မဟာဗန္ဓုလတံတားအနီးမှာ

လက်နက်တွေ ချိန်ရွယ်ပြီးစောင့်ကြည့်တာတွေလုပ်နေတဲ့ စစ်ဆေးတင်းကျပ်မှုအခြေအနေတွေလူမှုကွန်ရက်တွေပေါ်ထွက်ပေါ်လာပါ

တယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွေအနေနဲ့ဇူလိုင်လနဲ့ သြဂုတ်လထဲမှာ ကမ္ဘာ့ရတနာဘဏ်ဓါး

ပြတိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့သလို

စက်တင်ဘာလထဲမှာလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ထဲက ကမ္ဘောဇဘဏ်ဓါးပြတိုက်ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ပဲခူးအင်းတကော်အနီးမှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြတိုက်ခံရတယ်ဆိုတဲ့ဖြစ်စဉ်မှာတော့ ဒေသ

ကာကွယ်ရေးတပ်တွေလုပ်တာဖြစ်တယ်လို့ စစ်ကောင်စီကစွပ်စွဲထုတ်ပြန်ထားပြီး ပါဝင်သူတချို့ကိုဖမ်းဆီးထားခဲ့ပါတယ်။

cerdit