ျပည္တြင္းသတင္း

ရေဖြူ NLD ရုံးရှေ့ လူခေါင်းပြတ်ချိတ်ဆွဲထားမှု စစ်ကောင်စီက မဖယ်ရှားဘဲ ဆက်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့ ခြံစည်းရိုးမှာ ချိတ်ဆွဲထားတဲ့ လူဦးခေါင်းပြတ်တစ်လုံးကို စစ်ကောင်စီ

တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပေမယ့် ရှင်းလင်း မဖယ်ရှားခဲ့ဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဘယ်သူ၊ ဘယ်ဝါမှန်းမသိရတဲ့ အဲဒီခေါင်းပြတ်ကို လူခြေတိတ်ချိန်မှာ လာရောက်ချိတ်ဆွဲသွားတာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက် မနက်

ပိုင်းမှာမှ မြို့ခံ‌တွေသတိထားမိကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးခဲ့ပေမယ့် လူခေါင်းပြတ်ကို မဖယ်ရှားဘဲ စည်းတားပြီး ပြန်သွားခဲ့

တယ်လို့ ဆိုပါတယ်။

ချိတ်ဆွဲထားတဲ့ ခေါင်းပြတ်ကြီးရဲ့အောက်မှာတော့ ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dawei Guerrilla Revolutionary Force က

လုပ်ဆောင်ခဲ့သလိုလို ထင်‌ယောင် ထင်မှားဖြစ်စေမယ့် စာသားပါ စာရွက်ကို ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“DGRF နဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတဲ့အနေနဲ့ တမင်ကိုလာပြီး လုပ်ထားတာလို့ထင်တယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။DGRF

အဖွဲ့ဟာ သူတို့လုပ်ဆောင်ခဲ့အကြောင်းအရာတွေကို သတင်းထုတ်ပြန်ပေးလေ့ရှိပါတယ်။

ဒီကိစ္စမှာတော့ အောက်တိုဘာလ ၂၂ ရက် ညနေ သုံးနာရီကျော်အချိန်အထိ တစ်စုံတရာ သတင်းထုတ်ပြန် ဖြေရှင်းတာမျိုး မလုပ်ဆောင်

သေးပါဘူး။

ရေဖြူမြို့နယ် NLD ပါတီရုံးဟာ (ဂ) ရပ်ကွက် ထားဝယ်-ရန်ကုန် အဝေးပြေးကားလမ်းမဘေးမှာ တည်ရှိပါတယ်။

အောက်တိုဘာလ ၂၀ ရက်က မြိတ်မြို့ NLD ပါတီရုံး ဖောက်ခွဲခံရပြီး အောက်တိုဘာလ ၂၁ ရက်မှာတော့ ထားဝယ်မြို့မှာရှိတဲ့ NLD ( ခရိုင်၊

တိုင်း) ရုံး ဖောက်ခွဲခံရလို့ ပြိုကျပျက်စီးသွားခဲ့ပါတယ်။

———————

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္ ေရျဖဴၿမိဳ႕နယ္ NLD ပါတီ႐ုံးေရွ႕ ၿခံစည္း႐ိုးမွာ ခ်ိတ္ဆြဲထားတဲ့ လူဦးေခါင္းျပတ္တစ္လုံးကို စစ္ေကာ

င္စီတပ္ဖြဲ႕ဝင္ေတြ လာေရာက္စစ္ေဆးခဲ့ေပမယ့္ ရွင္းလင္း မဖယ္ရွားခဲ့ဘူးလို႔ ၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။

ဘယ္သူ၊ ဘယ္ဝါမွန္းမသိရတဲ့ အဲဒီေခါင္းျပတ္ကို လူေျခတိတ္ခ်ိန္မွာ လာေရာက္ခ်ိတ္ဆြဲသြားတာျဖစ္ၿပီး ေအာက္တိုဘာလ ၂၂ ရက္ မနက္

ပိုင္းမွာမွ ၿမိဳ႕ခံ‌ေတြသတိထားမိၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီေန႔မနက္ပိုင္းမွာပဲ စစ္ေကာင္စီတပ္ဖြဲ႕ေတြ ေရာက္လာၿပီး စစ္ေဆးခဲ့ေပမယ့္ လူေခါင္းျပတ္ကို မဖယ္ရွားဘဲ စည္းတားၿပီး

ျပန္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ခ်ိတ္ဆြဲထားတဲ့ ေခါင္းျပတ္ႀကီးရဲ႕ေအာက္မွာေတာ့ ေဒသခံ PDF တပ္ဖြဲ႕တစ္ခုျဖစ္တဲ့ Dawei Guerrilla Revolutionary Force က

လုပ္ေဆာင္ခဲ့သလိုလို ထင္‌ေယာင္ ထင္မွားျဖစ္ေစမယ့္ စာသားပါ စာ႐ြက္ကို ခ်ိတ္ဆြဲထားခဲ့တယ္လို႔ ေဒသခံတစ္ေယာက္က ေျပာပါတ

ယ္။

“DGRF နဲ႔ ျပည္သူေတြကို ရန္တိုက္ေပးေနတဲ့အေနနဲ႔ တမင္ကိုလာၿပီး လုပ္ထားတာလို႔ထင္တယ္” လို႔ ၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။

DGRF အဖြဲ႕ဟာ သူတို႔လုပ္ေဆာင္ခဲ့အေၾကာင္းအရာေတြကို သတင္းထုတ္ျပန္ေပးေလ့ရွိပါတယ္။

ဒီကိစၥမွာေတာ့ ေအာက္တိုဘာလ ၂၂ ရက္ ညေန သုံးနာရီေက်ာ္အခ်ိန္အထိ တစ္စုံတရာ သတင္းထုတ္ျပန္ ေျဖရွင္းတာမ်ိဳး မလုပ္ေ

ဆာင္ေသးပါဘူး။

ေရျဖဴၿမိဳ႕နယ္ NLD ပါတီ႐ုံးဟာ (ဂ) ရပ္ကြက္ ထားဝယ္-ရန္ကုန္ အေဝးေျပးကားလမ္းမေဘးမွာ တည္ရွိပါတယ္။

ေအာက္တိုဘာလ ၂၀ ရက္က ၿမိတ္ၿမိဳ႕ NLD ပါတီ႐ုံး ေဖာက္ခြဲခံရၿပီး ေအာက္တိုဘာလ ၂၁ ရက္မွာေတာ့ ထားဝယ္ၿမိဳ႕မွာရွိတဲ့ NLD ( ခ႐ို

င္၊ တိုင္း) ႐ုံး ေဖာက္ခြဲခံရလို႔ ၿပိဳက်ပ်က္စီးသြားခဲ့ပါတယ္။

credit