ျပည္တြင္းသတင္း

နေပြည်တော် MICC 2 တွင် ပစ်ခတ်မှုများဖြစ်

နေပြည်တော် MICC 2 တွင် ပစ်ခတ်မှုများဖြစ်၊ ကင်းစောင့်ရဲများ အပစ်ခံရဟု CDM ရဲများ ပြောဆို၊ ဒေသခံတချို့ကို စစ်တပ်က ရိုက်နှက်

ဖမ်းဆီးပြီး ဖမ်းဆီးခံရသူများ၏ အော်ဟစ်သံနှင့်သေနတ်သံများပါကြားရ

နေပြည်တော် MICC 2 တွင် ယနေ့ ည ၉ နာရီခွဲဝန်းကျင်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောဆိုကြပြီး Myanmar

Police CDM Channel ကမူ လက်နက်ကိုင်အဖွဲ့တစ်ခုက MICC 2 လုံခြုံရေးအစောင့်များကို ပစ်ခတ်ခဲ့သည်ဟု ပြောဆိုသည်။

နေပြည်တော်၊မဟာသုခလမ်းပေါ်ရှိ MICC 2 အနားတွင် လုံခြုံရေးစောင့်ကျပ်နေသည့် ရဲများကို ယနေ့ အောက်တိုဘာလ ၂၂ရက် ညပိုင်း

တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့သဖြင့် ရဲတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊

ထိုသို့ပစ်ခတ်ပြီးနောက် အဆိုပါအဖွဲ့မှာ ထွက်ပြေးသွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ အပျိုဆောင်အနီးတွင် လုံခြုံရေးယူထားသော ရဲတစ်ဦးကို

လည်းပစ်ခတ်သွားခဲ့သဖြင့် စုစုပေါင်း လုံခြုံ‌ရေးရဲ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Police CDM Channel က သတင်း

ဖော်ပြသည်။

နေပြည်တော်ဒေသခံတစ်ဦးကမူ “MICC 2 သပြေဆောင်ဘက်မှာ သေနတ်သံတွေကြားရတယ်။ ၈ခါလောက်ရှိမယ်။ ၉ခွဲကျော်ကျော်

လောက်ကတည်းက ကိုယ်တစ်ယောက်တည်းကြားတာထင်လို့ငြိမ်နေတာ။ ၉ နာရီ ၂၀ ကနေ ၁၀ နာရီ ၂၀ မိနစ်မှာ ဖမ်းသွားတဲ့ အသံတွေပါ

ကြားရတယ်။ အော်သံတွေ လည်းကြားရတယ်။ ထွက်မကြည့်ရဲလို့ သေနတ်သံတွေ အချက် ၂၀ ကျော်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

နေပြည်တော်အခြားဒေသခံတစ်ဦးကလည်း စစ်တပ်က လူတချို့ကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးသံများ ကြားရသည်ဟု ပြောဆို

သည်။”ကြားတာကတော့ သေနတ်သံတွေကို ဧက ၁၀၀၀ ခရေ ပိတောက်ကနေ အကုန်ကြားရတယ် ဘယ်နားမှာဖြစ်တာလဲပဲ မသိရတာ။

မီးပွိုင့်နားမှာ သေနတ်ဖောက်ပြီး လူတွေကို ကြိုးတုပ်ဖမ်းတဲ့အသံတွေ လည်းကြားရတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ- MICC 2 နေပြည်တော် ။Photo Credit – ဆင်ဟွာ

cerdit

unicode

ေနျပည္ေတာ္ MICC 2 တြင္ ပစ္ခတ္မႈမ်ားျဖစ္၊ ကင္းေစာင့္ရဲမ်ား အပစ္ခံရဟု CDM ရဲမ်ား ေျပာဆို၊ ေဒသခံတခ်ိဳ႕ကို စစ္တပ္က ႐ို

က္ႏွက္ဖမ္းဆီးၿပီး ဖမ္းဆီးခံရသူမ်ား၏ ေအာ္ဟစ္သံႏွင့္ေသနတ္သံမ်ားပါၾကားရ

ေနျပည္ေတာ္ MICC 2 တြင္ ယေန႔ ည ၉ နာရီခြဲဝန္းက်င္က ပစ္ခတ္သံမ်ားၾကားရေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကၿပီး

Myanmar Police CDM Channel ကမူ လက္နက္ကိုင္အဖြဲ႕တစ္ခုက MICC 2 လုံၿခဳံေရးအေစာင့္မ်ားကို ပစ္ခတ္ခဲ့သည္ဟု ေျပာဆိုသည္။

ေနျပည္ေတာ္၊မဟာသုခလမ္းေပၚရွိ MICC 2 အနားတြင္ လုံၿခဳံေရးေစာင့္က်ပ္ေနသည့္ ရဲမ်ားကို ယေန႔ ေအာက္တိုဘာလ

၂၂ရက္ ညပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ခုက လာေရာက္ပစ္ခတ္ခဲ့သျဖင့္ ရဲတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ၊

ထိုသို႔ပစ္ခတ္ၿပီးေနာက္ အဆိုပါအဖြဲ႕မွာ ထြက္ေျပးသြားခဲ့ၿပီး လမ္းတစ္ေလွ်ာက္ရွိ အပ်ိဳေဆာင္အနီးတြင္ လုံၿခဳံေရးယူထားေ

သာ ရဲတစ္ဦးကို လည္းပစ္ခတ္သြားခဲ့သျဖင့္ စုစုေပါင္း လုံၿခဳံ‌ေရးရဲ ၂ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း Myanmar Police CDM

Channel က သတင္းေဖာ္ျပသည္။

ေနျပည္ေတာ္ေဒသခံတစ္ဦးကမူ “MICC 2 သေျပေဆာင္ဘက္မွာ ေသနတ္သံေတြၾကားရတယ္။ ၈ခါေလာက္ရွိမယ္။ ၉ခြဲေ

က်ာ္ေက်ာ္ေလာက္ကတည္းက ကိုယ္တစ္ေယာက္တည္းၾကားတာထင္လို႔ၿငိမ္ေနတာ။ ၉ နာရီ ၂၀ ကေန ၁၀ နာရီ ၂၀ မိနစ္မွာ ဖမ္း

သြားတဲ့ အသံေတြပါ ၾကားရတယ္။ ေအာ္သံေတြ လည္းၾကားရတယ္။ ထြက္မၾကည့္ရဲလို႔ ေသနတ္သံေတြ အခ်က္ ၂၀ ေက်ာ္တ

ယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ေနျပည္ေတာ္အျခားေဒသခံတစ္ဦးကလည္း စစ္တပ္က လူတခ်ိဳ႕ကို အၾကမ္း ဖက္ ႐ိုက္ႏွက္ဖမ္းဆီးသံမ်ား ၾကားရသည္ဟု ေျပာဆို

သည္။”ၾကားတာကေတာ့ ေသနတ္သံေတြကို ဧက ၁၀၀၀ ခေရ ပိေတာက္ကေန အကုန္ၾကားရတယ္ ဘယ္နားမွာျဖစ္တာလဲပဲ မသိရတာ။

မီးပြိဳင့္နားမွာ ေသနတ္ေဖာက္ၿပီး လူေတြကို ႀကိဳးတုပ္ဖမ္းတဲ့အသံေတြ လည္းၾကားရတယ္” ဟု ၎က ဆိုသည္။

ဓာတ္ပုံ- MICC 2 ေနျပည္ေတာ္ ။

Photo Credit – ဆင္ဟြာ

cerdit