အနုပညာသတင္း

ရဲဘော်တစ်ဦးရဲ့မွေးနေ့မှာ ဝက်လက်ဖက်ဟင်းချက်ပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်

ရဲဘော်တစ်ဦးရဲ့မွေးနေ့မှာ ဝက်လက်ဖက်ဟင်းချက်ပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီး

ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး

၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါ

တယ်။

မိသားစုကိုခွဲခွာပြီး လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ကိုပေါက် ကတော့သူ့ရဲ့အိမ်ကိုအရမ်းလွမ်းနေတယ်ဆိုတဲ့ စာလေးတွေကိုအမြဲ

ရေးသားလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ရဲဘော်ကိုကိုမင်း ရဲ့မွေးနေ့အလှူအတွက် ဝက်လက်ဖက်ဟင်းချက်ပေးခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါ

တယ်။

” သီချင်းဆိုရင်း ထမင်းချက်တော့ ဟင်းရဲ့အရသာလေး ချိုနေရောပေါ့။ ကိုကိုမင်းရဲ့မွေးနေ့အလှူ ဝက်သားကို လဖက်နဲ့ချက်ကျွေးလိုက်

တော့ ကလေးတွေ လျှာလည်လို့ကောင်းမှကောင်းပဲ ဦးပေါက်ရေတဲ့။

(ဝက်လဖက်) ကောင်းမှာပေါ့ ကိုယ်ချက်တဲ့ဟင်းအိုးတိုင်းမှာ မေတ္တာတွေ ချစ်ခြင်းတရားတွေ တန်းတူညီမျှခြင်းတွေကိုယ်ချင်းစာတရားတွေ

ထည့်ချက်ထားလို့အရသာရှိနေတာပါ ညီ/ညီမလေးတို့ရေ။

“ဆိုပြီး ကိုပေါက် ရဲ့လှု့မှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ လွတ်မြောက်

နယ်‌မြေမှာ ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရဲဘော်ရဲဘက်တွေအတွက် ဟင်းတွေချက်ပြုတ်‌ပေးနေကျဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ဒါရိုက်တာ ကိုပေါက် ကတော့ရောက်ရှိတဲ့နေရာမှာ အဆင်ပြေအောင် နေထိုင်နေ

တာကတော့ ချီးကျူးဖွယ်ရာကောင်းလှပါတယ်။

ကိုပေါက် အတွက်အားပေးစကားလေးတွေကို ကောမန့်မှာရေးသားပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို

ကျေးဇူးအထူးတင်ရှိပါတယ်။

crd