အေထြေထြဗဟုသုတ

ကုန်းဘောင်ခေတ် နိမိတ်ပုံရိပ်နှင့် အိပ်မက်များ


အလောင်းမင်းတရားကြီးအဖြစ် ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သူ ဦးအောင်ဇေယျကို မုဆိုးဘိုမြို့စား သီရိမဟာဓမ္မရာဇာဘွဲ့ခံ

မင်းညိုစံနှင့် စောငြိမ်းဦးတို့မှ ၁၇၁၄ ခုနှစ်၊သြဂုတ်လ ၁၃ရက်တွင် မုဆိုးဘိုမြို့(ရွှေဘို)တွင် ဖွားမြင်ခဲ့သည်။ဦးအောင်ဇေယျကို ဖွားမြင်စ

ဥ်၌ပင် မြေငလျင်ပဲ့တင်ထက်မျှအကြိမ်ကြိမ်တုန်လှုပ်၏။တော်လဲ၍ တောင်ကမ်းပါးများပြိုကျ၏။မြေကြီးများကွဲအက်ကာရေများထွက်

သည်။

အလောင်းမင်းတရား၏ ခမည်းတော်သည်ရွှေတန်ဆာဘုရားကို တည်ထားပြီးနောက် ထူးခြားသည့် အိပ်မက်တစ်ခုကို မြင်မက်ခဲ့ရာ “ငါ့သား

ခြ​ေင်္သ့စီး၍ ကောင်းကင်တိမ်ယံထက် တက်သည်ကို ပြည်သူအပေါင်းကကြည့်ကြစဥ် ကောင်းကင်မှဆင်းသက်၍ ရွှေတန်ဆာဘုရား

ရင်ပြင်တော်၌ ဘုရားရှင်ကို ရှိခိုးပူဇော်သည်”ဟု ပြန်လည်ပြောကြားခဲ့၏။ အလောင်းမင်းတရားဖြစ်လာမည့် ဦးအောင်ဇေယျကိုယ်တိုင်

အစောပိုင်းကာလ အိပ်မက်တစ်ခုကို အသက်၂၂အရွယ်တွင် မြင်မက်ခဲ့သေးသည်။ယင်းအိပ်မက်မှာ ညဥ့်အချိန်အိပ်ပျော်နေစဥ် ခံတွင်းမှ

အခိုးအလျံများထွက်လာပြီး ကောင်းကင်ထက်ရှိစတုမဟာရာဇှ၊တာဝတိံသာ၊ယာမာ၊တုသိတာ၊နိမမှာရာနရတိ၊ပရနိမ္မတသဝတ္တီ စသည့်

နတ်ပြည်​​ခြောက်ထပ်တိုင် တက်သွားသည်ကို ဇမ္မူဒီပါကျွန်းသူကျွန်းသားအားလုံး တွေ့မြင်ကြည့်ရှု့ခဲ့ကြသည်ဟူ၍ ဖြစ်ပါသည်။

ဦးအောင်ဇေယျသည် အိပ်မက်မှနိုးလျှင် မိမိသည်ဘုန်းတန်ခိုးအာဏာဖြင့်ပြည့်စုံသော မင်းဧကရာဇ်ဧကန်ဖြစ်မည်ဟု နိမိတ်ဖတ်ကာ

မည်သူမျှမပြောပဲတိတ်တိတ်နှလုံးသွင်းနေတော်မူသည်။ ထိုမတိုင်မီကလည်း အိပ်ပျော်နေခိုက်အိပ်မက်တွင် လကျ်ာဘက်လက်မောင်းမှ

မီးတောက်မီးလျှံများတောက်လောင်နေသည်ကို မြင်မက်ခဲ့ဖူးသဖြင့် အိပ်မက်နှစ်ခု နှိုင်းယှဥ်စဥ်းစားကာ မင်းဧကရာဇ်ဧကန်ဖြစ်မည့်

သဘောဟု မှတ်ယူခဲ့သည်။သို့ဖြင့် ရှေးမင်းကောင်းတို့ကျင့်ကြံရာဖြစ်သော ဒါန၊ဓမ္မ၊သံဃမ စသောတရား၃ပါးကိုလည်းကောင်း၊ ပတိရူပ၊

ဒေသစသောစက်၄ပါးတို့ကိုလည်းရကောင်း ပြည့်စုံအောင်ဖြည့်ဆည်းနေခဲ့သည်။

၁၇၅၅ ခုနှစ်ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ရန်သူဟံသာဝတီမွန်တပ်များကို တိုက်ခိုက်အောင်မြင်ပြီးနောက် ရဲမက်ဗိုလ်ပါဆိာ့ကို ဆုလာဘ်

များပေးအပ်ချီးမြှင့်ခဲ့သည်။ထိုနောက် ညဘက်အိပ်စက်စဥ် ညဥ့်၃ချက်တီးကျော်၌ အိပ်မက်မြင်မက်ခဲ့လေသည်။အ်ိပ်မက်ထဲတွင်

ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ရှေ့တော်၌ လာရပ်ပြီးသာသနာတော်ကိုပြုစုထိုက်သည့် သာသနာ့ဒါယ

ကာ မဟာဓမ္မရာဇ်အမှန်ဖြစ်သဖြင့် သရက္ခန်ငါးဆူကို ကိုးကွယ်ပူဇော်ခွင့်ရလတ္တံ့ဟု ​လာပြောလေ၏။နံနက်မိုးသောက်လျှင် ရဟန်းတစ်ပါး

သည် ဗုဒ္ဓရုပ်ပွားတော်လေးဆူကို လာရောက်ပို့ဆောင်၏။ယင်းလေးဆူမှာ ကွမ်းရွာရွှေတန့်တစ်၊ရှင်မတောင်၊ သီဟတောနှင့် ပခန်းစည်သူ

ရှင်ဘုရားတို့တွင် ဌာပနာပြုခဲ့သော သရက္ခန်ရုပ်ပွားတော်များဖြစ်ကြောင်း တစ်ဆူမှာ ဟံသာဝတီတွင်ရှိနေပြီး မကြာမီကိုးကွယ်ခွင့်

ရမည်ဟု ထိုရဟန်းကဆိုသည်။

အလောင်းမင်းတရားကြီးသည် အိပ်မက်အရအမှန်ပင် ဗုဒ္ဓရုပ်ပွားတော်များရောက်ရှိလာသဖြင့်များစွာအံ့သြသွားလေသည်။လာရောက်

ပို့ဆောင်သည့် ရဟန်းတော်၏ဘွဲ့ကိုမေးမြန်းကြည့်ရာ ရှင်ကေတုမာလာဟု ဆိုသည်။အိပ်မက်ပါရုပ်ပွားတော်ငါးဆူအနက် ကျန်တစ်ဆူကို

ဟံသာဝတီအား သိမ်းပိုက်အောင်မြင်သည့်အခါ ရရှိခဲ့ဟန်တူပါသည်။ထိုအကြောင်းကို ရှေးမှတ်တမ်းတို့တွင် ဆက်လက်ရှာ

ဖွေမတွေ့ရတော့ပေ။ကုန်းဘောင်မင်းဆက်ကိုပထမဆုံးစတင်ထူထောင်သူဖြစ်ပြီး တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သည့်

အလောင်းမင်းတရားကြီးလက်ထက် တွင် ထူးခြားသောအတိတ်နိမိတ်တဘောင်များ အများအပြားပင်ပေါ်ပေါက်ခဲ့ရာ ထိုအထဲမှ ထင်ရှားသ

ည့် သိုက်စာတစ်ခုမှာ “အင်းကိုဟင်္သာဆင်း၊ ဟင်္သာကို လေးနဲ့ခွင်း၊မုဆိုးကိုထီးရိုးရိုက်၊ထီးရိုးကိုမိုးငြိုးပစ်လတ္တံ့”ဟုဆိုကြလေသည်။

ယင်းသိုက်စာအရ အင်း-အင်းဝအား ဟင်္သာ-မွန်တို့သိမ်းပိုက်လိမ့်မည်။မွန်တို့၏ အန္တရာယ်ကိုမုဆိုး-မုဆိုးဘိုမြို့သူကြီး ဦးအောင်ဇေယျက

ဖယ်ရှားလိမ့်မည်။ဦးအောင်ဇေယျထီးနန်းရရှိလိမ့်မည်စသည်ဖြင့် ကိုလိုနီခေတ်တိုင်အောင် အမျိုးမျိုးနိမိတ်ကောက်ယူ အဓိပ္ပါယ်ဖွင့်ဆိုကြ

သော သိုက်တဘောင်စာပင် ဖြစ်သည်။ အလောင်းမင်းတရားကြီးပေါ်ပေါက်လုနီးအချိန်တွင် မွန်တို့သိမ်းယူဖျက်

ဆီးခြင်းခံရသော ကာလပျက်ကြီး၌ မြန်မာတို့၏မင်းလောင်းမျှော်သော အတိတ်နိမိတ်တဘောင်တို့အများအပြားပေါ်ပေါက်လာရာ အလုံ၊ဒီ

ပဲယင်းမုံတ်ိုင်နယ်သားများက “ဖိုသုံးဖို တစ်ဖိုမီးတောက်လတ္တံ့”ဟု တဘောင်စကား ပေါ်ပေါက်လာခဲ့ပြန်

သည်။”ဖိုသုံးဖို”ဟူသည်မှာ “အုတ်ဘို၊မုဆိုးဘို၊နဂါးဘို”နယ်သုံးနယ်ကို ဆိုလိုခြင်းဖြစ်သည်။ယင်းတဘောင်ပေါ်ပေါက်စဥ်က အင်းဝမြို့တော်

မှာ ရန်သူ့လက်အောက်မကျရောက်သေးပေထိုစဥ်က မြန်မာဘုရင်ဘက်မှ စဥ့်ကိုင်တွင်တပ်တည်လျှက် မွန်တလိုင်းတို့ကို တွန်းလှန်​ချေမှုန်း

နေသော

တောင်ငူရာဇာက ထိုတဘောင်အရ အုတ်ဘိုနယ်တွင် မင်းလောင်းဟုနာမည်ကျော်နေသော မောင်ကြီးဆိုသူအား ခေါ်ယူတွေ့ဆုံခဲ့သည်။

မောင်ကြီး

မှာ နာမည်ကျော်ကြားမှု့ရှိသော်လည်း ညောင်နာနာအသံကြောင့် သြဇာသံမရှိ၍ ဘုရင်ဖြစ်ထိုက်သူမဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့နောက်

နဂါးဘိုနယ် လိန်ကျရွာမှ မောင်သာကျောက်ဆိုသူအားခေါ်ယူအကဲခတ်ပြန်လေရာ မောင်သာကျောက်မှာ ခန္ဓာကိုယ်နှင့်ယှဥ်လျှင် ဦးခေါင်း

သေးပြီ

း ဥပဓိလက္ခဏာကောင်းသူမဟုတ်၍ မင်းနဖြစ်ထိုက်ဟုဆိုပြန်သည်။ထို့နောက် မုဆိုးဘိုမြို့သူကြီးမောင်အောင်ဇေယျကို ခေါ်ယူစစ်ဆေး

ပြန်ရာ

ရုပ်လက္ခဏာကိုမြင်လျှင်ပင် မင်းလောင်းစင်စစ်ဖြစ်န်ိုင်ပုံရကြောင်းအတပ်သိသော်လည်း ရှေ့တော်မှောက်၌ စကားမပြောပဲတုံဏှိဘာဝေနေ

သဖြင့်အသံကိုကြား လိုသေး၍ “မောင်မင်းကို အများက ဘုရင်ဖြစ်မည့်သူဟု ဆိုကြသည် မှန်ပါသလော”ဟုမေးမြန်း၏။မောင်အောင်ဇေယျ

က”မမှန်ပါ ကြံလည်းမကြံဝံ့ပါ မလိုသူများ၏ ကုန်းစကားမျှသာဖြစ်ကြောင်း”လိမ္မာပါးနပ်စွာ ပြန်လည်ပြောဆိုလျှောက်တင်ခဲ့ကြောင်း သိရ

ပါသည်။အလောင်းမင်းတရားကြီး နတ်ရွာစံခါနီးတွင်ဖြစ်ပေါ်ခဲ့သည့် နိမိတ်ပုံရိပ်များကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး(ပထမ

တွဲ)တွင် ဤသို့ဖော်ပြထားပါသည်။”နတ်ရွာစံလွန်ခါနီးတွင် နေပြည်တော်၌ မိုးကြိုးတစ်ဆယ့်သုံးသွယ် တစ်ပြိုင်တည်းကျ၏။ညောင်လည်း

ပွင့်၏။တိမ်တံခွန်လည်း ပြ၏။အင်္ဂါဂြိုလ်မှ အခိုးထွက်၏။ကြတ္တိကာ လတွင် ချဥ်း၏။”အလောင်းမင်းတရားကြီးသည် နန်းစံသက်ရှစ်နှစ်အ

ကြာတွင် နတ်ရွာစံလွန်ခဲ့ခြင်း ဖြစ်ပါသည်။နန်းတက်စဥ်အခါက “အဌဇေယမင်္ဂလာ ဂါထာ”ခေါ်ရှစ်ပါဒရှိသော ဂါထာတော်ကို ရွတ်ဆို

နန်းတက်ခဲ့ခြင်းကြောင့် ပညာရှိတို့သိကြားရလျှင်ပင် ထီးနန်းစည်းစိမ်ကို ရှစ်နှစ်မျှသာ စံမြန်းရမည်ဟု နိမိတ်ဖတ်ခဲ့ကြလေသည်။

cerdit