ပြည်တွင်းသတင်း

ဒုတိယအကြိမ်မြောက် ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ တူတူသွေးလှူလာခဲ့တဲ့ မင်းသားချောလေး ဒေါင်း

ဒုတိယအကြိမ်မြောက် ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ တူတူသွေးလှူလာခဲ့တဲ့ မင်းသားချောလေး ဒေါင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ညှို့မျက်ဝန်းတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သူ ဒေါင်းဟာ အားကစား သမားတစ်ယောက်အဖြစ်ကနေ အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒေါင်းဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာတော့ ပရိတ်သတ်တွေအာရုံစိုက်မှုကို ပိုမိုရရှိနိုင်ခဲ့ပြီး အားပေးမှု တော်တော်များများ ရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒေါင်းဟာ ခုဆိုရင် အောင်မြင်တဲ့ ထိပ်တန်း မင်းသားတစ်ယောက်အဖြစ် ရပ်တည်နေပြီ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်နဲ့ ပရိတ်သတ်တွေ ကြည့်ရှုရကျိုးနပ်စေဖို့ကိုသာ ရွေးချယ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ရုပ်ရည်ချောမောသလို အနေတည်ပြီး အမြဲတမ်းအေးချမ်းစွာ တွေ့ရတတ်တဲ့ ဒေါင်းဟာ အသက် သုံးဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်ပြီး ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူးလိုက်စားသူတစ်ယောက် ဆိုလည်းမမှားပါဘူး။

ဒီနေ့မှာလည်း ဒေါင်းဟာ သူ့ရဲ့ တစ်နေ့တာလေးကို ကုသိုလ်လေးဖြစ်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့အတူတူ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း ကုသိုလ်ယူခဲ့တဲ့ ပီတိလေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အခုလိုရေးသား ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါင်းဟာ ဆရာတော်ကြီး အရှင်ဆန္ဒာဓိကနဲ့အတူတူ သွေးလှူဒါန်းရင်း ဆရာတော်ဆီကလည်း မေတ္တာ လက်ဆောင် စာအုပ်လေး တစ်အုပ်ကို လက်ဆောင်ရရှိခဲ့ကြောင်း ကြည်နူးဝမ်းသာစွာဖြင့် ပြောပြလာပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဒေါင်းရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ကြမယ်လို့ ထင်ပါတယ်။ ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။