အေထြေထြဗဟုသုတ

လက်ရှိမှာ နာမည်ကြီးနေတဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဗားကရာ ချောက် အကြောင်း

ဗားကရာချောက် ဟာ ကြည့်မြင်တိုင်မြို့နှင့် စမ်းချောင်းမြို့ အကြားတွင် တည်ရှိတာဖြစ်ပြီး နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိပြီ ဖြစ်ပါ

တယ်။ ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု

အဓိပ္ပါယ် ရပါတယ်။ ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေ အတက်အကျ ရှိခဲ့တဲ့

နေရာကြီးဖြစ်တဲ့အတွက် ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့မို့ ခံတပ်မြို့တောင် လုပ်

ခဲ့သေးတယ်ဟု လေ့လာချက်များအရ သိရှိရပါတယ်။ ဗားကရာ ပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ

ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်ခဲ့တာဖြစ်ပြီး မြေထိန်းနံရံတည်တဲ့ အပိုင်းဟာလည်း ဗားကရာ ချောက်

အတွက် အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံး

ကတော့ နာမည်ကျော် “ဗားကရာချောက်” ကြီးပဲလို့ အရင်ခေတ်အင်ဂျင်နီယာတွေက ဆိုခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင် ဗားကရာ

ချောက်ရဲ့ အနက်ဟာ လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။အဓိကအားဖြင့် ဗားကရာချောက်က

နေ ရေဆင်းပေါက်၊ ရေထုတ်ပေါက် အတွက် စဉ်းစားရတာမှာ ခေါင်းခဲခဲ့တာဖြစ်ပြီး လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ ဆိုတာကလည်း အတော်ကို

အကျပ်ရိုက်ခဲ့ရတဲ့ အချက်ပါပဲ။

ရန်ကုန်မြို့ကို စတင်တည်ထောင်ခဲ့ချိန်မှာ မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းပေါက်တွေကို လှိုဏ်ခေါင်းအဖြစ် တူးပြီး စီမံတည်ဆောက်

ခဲ့တယ်လို့ လေ့လာချက်များအရသိရပါတယ်။ဗားကရာ ချောက်ကနေ လှိုင်မြစ်ဝအထိ လှိုဏ်ခေါင်းအရှည်ဟာ (၁၂ဝဝ) ပေ အရှည်ရှိပြီး

ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာပဲ ဖြစ်ပါတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတာ

ဖြစ်ပြီး လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် (၅) ပေရှိပါတယ်။ တူးထားတဲ့ လိုဏ်ခေါင်းကို မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့

ရတဲ့ ရေထိန်းသံတံခါးကြီးတစ်ချပ်လည်း ရှိပါတယ်။ လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာဆိုရင်တော့ ရေထိန်းတံခါးကို ပိတ်ထား

လိုက်တာနဲ့ လှိုဏ်ထဲ ရေမဝင်နိုင်အောင် အရင်ခေတ် အင်ဂျင်နီယာတွေက စီမံခဲ့တာဖြစ်ပါတယ်။ ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ

ရေဆင်းပေါက်တခုစီ ရှိပြီး လမ်းဘေးမြောင်းရဲ့အနက်က တစ်ပေ နီးပါးလောက်ပဲရှိတာဖြစ်ပါတယ်။ မီးပွိုင့် ရဲ့ အလယ်ခေါင်မှာတော့ လိုဏ်

ထဲဆင်းတဲ့ လူဆင်းပေါက်တစ်ခု ရှိပြီး နောက်တစ်ပေါက် ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတာဖြစ်ပါတယ်။အရင်ခေတ်ကတော့ ထို

အထဲကို သံလှေကားနဲ့ ဆင်းရတာဖြစ်ပြီး ယခုက နှစ်ပေါင်းများစွာကြာနေပြီမို့ ထိုသံလှေကားလည်း ဆွေးပြီလို့ ခန့်မှန်းရတာဖြစ်ပါတယ်။

ဒါ့အပြင် ဗားကရာချောက်ရဲ့ လက်ရှိမြင်နေရတဲ့ အုတ်နံရံ အတွင်းဘက်ရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး (၂၄)

နာရီ မီးပေးထားဖူးတယ်လို့ အဆိုရှိဖူးပါတယ်။ အရင်ခေတ်က နွေရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတ

လျှောက် ဂျစ်ကားစီးပြီး လျှောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ အဘိုးအဘွားများဆီမှ တစ်ဆင့်စကား ကြားခဲ့ဖူးပါတယ်။နောက်ပိုင်းတော့

လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့တဲ့အတွက် ထိုကြေးဆိုင်းမီးများလည်းပျောက်ဆုံးသွားတယ်လို့ ဆိုထားခဲ့ကြပါတယ်။

ဗားကရာ ချောက်ရဲ့ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းဖြစ်ပြီး ဗား

ကရာ ချောက်အတွက် ရေစုကန်ဟာ အလျား (၁ဝ) ပေ၊ အနံ (၈) ပေနဲ့ အနက် (၆) ပေခန့်ရှိတယ်လို့ဆိုပါတယ်။ ထို ရေစုကန်ထဲကို စီးလာ

သမျှရေတွေ ဝင်ပြီး ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေဟာ ရေဆင်းလိုဏ်အတိုင်း စီးသွားပါတယ်။ ဒါမှသာ လမ်းပေါ် ရေဘယ်လောက်ရှိရှိ

ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်ပါတယ်။တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်

ချက်တစ်ခုဖြစ်တဲ့အတွက် ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတစ်ကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို

အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို (၁၈၆၉) လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခ

န့်မှန်းကြပါတယ်။ ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးကို (၁၉ဝ၅) ခုနှစ်မှာ တည်ထားခဲ့တာဖြစ်ပြီး ဗား

ကရာ ချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားတောင် မတည်ရသေးဘူးလို့ ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ (၁၈၇၇) ခု

နှစ် လောက်မှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထား လည်း မရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထား

ပြေးဆွဲတာဟာ (၁၈၆၉) ခုနှစ်မှာဖြစ်ပြီး ဗားကရာရထားလမ်းက နှစ်ခု ဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာမို့

ထိုကာလမှာ ကြည့်မြင်တိုင် – ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မို့ ဗားကရာ တည်ဆောက်ချိန်ဟာ ဒါထက်

စောမယ်လို့ ယူဆနိုင်ပါတယ်။ ဗားကရာ ချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ၊ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့

အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။ အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာ ချောက် အောက်က ရေ

စုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း နှင့် ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်

ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုန်းဖြစ်ပါတယ်။နှစ် (၁၀၀) ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က မြန်မာပြည်သူ

တွေအတွက်တော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တစ်ခုလို့ မြင်မိတဲ့အတွက် ဒီအကြောင်းအရာကို ရေးသားဖော်ပြ

လိုက်ရပါတယ်။

 

ဗားကရာေခ်ာက္ ဟာ ၾကည့္ျမင္တိုင္ၿမိဳ႕ႏွင့္ စမ္းေခ်ာင္းၿမိဳ႕ အၾကားတြင္ တည္ရွိတာျဖစ္ၿပီး ႏွစ္ေပါင္း (၁၀၀) ေ

က်ာ္ သက္တမ္းရွိၿပီ ျဖစ္ပါတယ္။ ဗားကရာ ဆိုတဲ့အမည္ဟာ “ဘာ့က္ရ္” မြန္အမည္က ဆင္းသက္လာတာျဖစ္ၿပီး ခရာေတာ ဆူးၿခဳံေတာေပါ

က္ရာ ေခ်ာက္ ဟု အဓိပၸါယ္ ရပါတယ္။ ဗားကရာေခ်ာက္ဝန္းက်င္ဟာ ခရာပင္ေတြ၊ ဆူးၿခဳံေတြ၊ ဒီေရာက္ပင္ေတြ ေပါက္ေရာက္

ရာ ဒီေရ အတက္အက် ရွိခဲ့တဲ့ ေနရာႀကီးျဖစ္တဲ့အတြက္ ကုန္းေဘာင္ေခတ္ ျမန္မာဘုရင္ေတြ အုပ္ခ်ဳပ္စဥ္ကအထိ တကယ့္ စိမ့္ႀ

ကီးၿမိဳင္ႀကီးေတြနဲ႔မို႔ ခံတပ္ၿမိဳ႕ေတာင္ လုပ္ခဲ့ေသးတယ္ဟု ေလ့လာခ်က္မ်ားအရ သိရွိရပါတယ္။ ဗားကရာ ပတ္ဝန္းက်င္ရဲ႕ ေျမ

အမ်ိဳးအစား ေျမမ်က္ႏွာသြင္ျပင္ပါမက်န္ ေလ့လာၿပီးမွ ဒီေခ်ာက္ကို ဘယ္လိုတီထြင္ ဖန္တီးမလဲဆိုတဲ့ အဆင့္ကို ေရာက္ခဲ့တာျဖစ္ၿပီး

ေျမထိန္းနံရံတည္တဲ့ အပိုင္းဟာလည္း ဗားကရာ ေခ်ာက္အတြက္ အေရးႀကီးတဲ့ အစိတ္ပိုင္းတခု ျဖစ္လာခဲ့ပါတယ္။ ရန္ကုန္ကေန ျပည္ၿ

မိဳ႕အထိ ရထားလမ္းတည္ေဆာက္ရာမွာ အခက္အခဲဆုံးကေတာ့ နာမည္ေက်ာ္ “ဗားကရာေခ်ာက္” ႀကီးပဲလို႔ အရင္ေခတ္အင္ဂ်င္နီ

ယာေတြက ဆိုခဲ့ၾကပါတယ္။ဘာေၾကာင့္လဲဆိုရင္ ဗားကရာေခ်ာက္ရဲ႕ အနက္ဟာ လႈိင္ျမစ္ေရ မ်က္ႏွာျပင္ထက္ အနိမ့္ပိုင္းမွာ

ရွိေနတာျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ။အဓိကအားျဖင့္ ဗားကရာေခ်ာက္ကေန ေရဆင္းေပါက္၊ ေရထုတ္ေပါက္ အတြက္ စဥ္း

စားရတာမွာ ေခါင္းခဲခဲ့တာျဖစ္ၿပီး လႈိင္ျမစ္ထဲ ဘယ္လိုပို႔မလဲ ဆိုတာကလည္း အေတာ္ကို အက်ပ္႐ိုက္ခဲ့ရတဲ့ အခ်က္ပါပဲ။

 

ရန္ကုန္ၿမိဳ႕ကို စတင္တည္ေထာင္ခဲ့ခ်ိန္မွာ ၿမိဳ႕တြင္းပိုင္းရွိ အားလုံးေသာ ေရဆင္းေပါက္ေတြကို လႈိဏ္ေခါင္းအျဖစ္ တူးၿပီး

စီမံတည္ေဆာက္ခဲ့တယ္လို႔ ေလ့လာခ်က္မ်ားအရသိရပါတယ္။ဗားကရာ ေခ်ာက္ကေန လႈိင္ျမစ္ဝအထိ လႈိဏ္ေခါင္းအရွည္ဟာ

(၁၂ဝဝ) ေပ အရွည္ရွိၿပီး ေရဆင္းကိုေတာ့ ကားလမ္းေအာက္မွာ လိုဏ္ေခါင္းတူးထားတာပဲ ျဖစ္ပါတယ္။ လိုဏ္ကိုေတာ့ အုတ္ေ

တြနဲ႔ ပိုက္လုံးပုံသဏၭာန္ စီထားတာျဖစ္ၿပီး လိုဏ္ရဲ႕ အဝအက်ယ္ဟာ အခ်င္းဝက္ (၅) ေပရွိပါတယ္။ တူးထားတဲ့ လိုဏ္ေခါင္းကို ျမ

စ္ဝေရာက္တဲ့အခ်ိန္မွာ အဖြင့္အပိတ္ လုပ္လို႔ရတဲ့ ေရထိန္းသံတံခါးႀကီးတစ္ခ်ပ္လည္း ရွိပါတယ္။ လႈိင္ျမစ္ေရတက္တဲ့ မိုးရာသီလို အခ်ိန္မ်ိဳးမွာ

ဆိုရင္ေတာ့ ေရထိန္းတံခါးကို ပိတ္ထားလိုက္တာနဲ႔ လႈိဏ္ထဲ ေရမဝင္ႏိုင္ေအာင္ အရင္ေခတ္ အင္ဂ်င္နီယာေတြက စီမံခဲ့တာျဖစ္ပါတ

ယ္။ ဗားကရာမီးပြိဳင့္ရဲ႕ ေထာင့္ေလးခုမွာ ေရဆင္းေပါက္တခုစီ ရွိၿပီး လမ္းေဘးေျမာင္းရဲ႕အနက္က တစ္ေပ နီးပါးေလာက္ပဲ

ရွိတာျဖစ္ပါတယ္။ မီးပြိဳင့္ ရဲ႕ အလယ္ေခါင္မွာေတာ့ လိုဏ္ထဲဆင္းတဲ့ လူဆင္းေပါက္တစ္ခု ရွိၿပီး ေနာက္တစ္ေပါက္ ကေတာ့ ေဘာဂရ

ပ္ကြက္ေဘးမွာ ရွိခဲ့ဖူးတာျဖစ္ပါတယ္။အရင္ေခတ္ကေတာ့ ထိုအထဲကို သံေလွကားနဲ႔ ဆင္းရတာျဖစ္ၿပီး ယခုက ႏွစ္ေပါင္းမ်ား

စြာၾကာေနၿပီမို႔ ထိုသံေလွကားလည္း ေဆြးၿပီလို႔ ခန႔္မွန္းရတာျဖစ္ပါတယ္။

ဒါ့အျပင္ ဗားကရာေခ်ာက္ရဲ႕ လက္ရွိျမင္ေနရတဲ့ အုတ္နံရံ အတြင္းဘက္ရဲ႕ မ်က္ႏွာက်က္ေတြမွာ ေၾကးမီးဆိုင္းႀကီးေတြ တပ္ဆ

င္ၿပီး (၂၄) နာရီ မီးေပးထားဖူးတယ္လို႔ အဆိုရွိဖူးပါတယ္။ အရင္ေခတ္က ေႏြရာသီ ေရာက္ၿပီဆိုရင္ ျမဴနီစပယ္လူႀကီးက ၿမိဳ႕တြ

င္းရွိ အုတ္လိုဏ္ဂူတေလွ်ာက္ ဂ်စ္ကားစီးၿပီး ေလွ်ာက္ၾကည့္ရ၊ ႀကီးၾကပ္ရတယ္လို႔ အဘိုးအဘြားမ်ားဆီမွ တစ္ဆင့္စကား ၾကားခဲ့ဖူးပါတ

ယ္။ေနာက္ပိုင္းေတာ့ လိုဏ္ထဲ ဆင္းၿပီး စစ္ေဆးတဲ့သူေတြလည္း မရွိေတာ့တဲ့အတြက္ ထိုေၾကးဆိုင္းမီးမ်ားလည္းေပ်ာ

က္ဆုံးသြားတယ္လို႔ ဆိုထားခဲ့ၾကပါတယ္။ဗားကရာ ေခ်ာက္ရဲ႕ အေရးႀကီးဆုံးနဲ႔ ေရဆင္းလိုဏ္တို႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ လိုဏ္တြင္းမွာ

ေရစုကန္ တည္ေဆာက္ေပးျခင္းျဖစ္ၿပီး ဗားကရာ ေခ်ာက္အတြက္ ေရစုကန္ဟာ အလ်ား (၁ဝ) ေပ၊ အနံ (၈) ေပနဲ႔ အနက္ (၆)

ေပခန္႔ရွိတယ္လို႔ဆိုပါတယ္။ ထို ေရစုကန္ထဲကို စီးလာသမွ်ေရေတြ ဝင္ၿပီး ေရစုကန္ကေန ပိုလွ်ံတဲ့ေရေတြဟာ ေရဆင္းလိုဏ္အတိုင္း

စီးသြားပါတယ္။ ဒါမွသာ လမ္းေပၚ ေရဘယ္ေလာက္ရွိရွိ ပိုလွ်ံသမွ်ကို ေရစုကန္က ထိန္းေပးေနမွာပဲ ျဖစ္ပါတယ္။တကယ္ေတာ့

ေရစုကန္ဟာ ေရဆင္းေရထုတ္အတြက္ အေရးပါတဲ့ တည္ေဆာက္ခ်က္တစ္ခုျဖစ္တဲ့အတြက္ ရန္ကုန္ၿမိဳ႕ လမ္းေထာင့္စုံေတြရဲ႕ ေျမေ

အာက္ေရဆင္းလိုင္းေတြမွာ လူတစ္ကိုယ္အနက္ရွိတဲ့ ေရစုကန္ေတြကို အဂၤလိပ္ေတြက တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ေလ့လာသူေတြရဲ႕ ေတြ႕ရွိခ်က္အရေတာ့ ဗားကရာ ေခ်ာက္ ေရႏုတ္ေျမာင္း စနစ္ကို (၁၈၆၉) ေလာက္က တည္ေဆာက္ခံတာ ျ

ဖစ္မယ္လို႔ ခန္႔မွန္းၾကပါတယ္။ ကိုးထပ္ႀကီးဘုရားလို႔ေခၚတဲ့ အတုလာဓိပတိ မဟာမုနိသက်ဘုရားႀကီးကို (၁၉ဝ၅) ခုႏွစ္မွာ တည္ထား

ခဲ့တာျဖစ္ၿပီး ဗားကရာ ေခ်ာက္ကို မြမ္းမံတည္ေဆာက္ခ်ိန္က ကိုးထပ္ႀကီးဘုရားေတာင္ မတည္ရေသးဘူးလို႔ ဆိုပါတယ္။ ေနာက္တစ္ခု

အေနနဲ႔ (၁၈၇၇) ခုႏွစ္ ေလာက္မွာ စတင္ျဖစ္ေပၚလာခဲ့တဲ့ ရန္ကုန္ၿမိဳ႕ပတ္ရထား လည္း မရွိေသးဘူးလို႔ဆိုပါတယ္။ ဒါေပမယ့္

ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ရထားေျပးဆြဲတာဟာ (၁၈၆၉) ခုႏွစ္မွာျဖစ္ၿပီး ဗားကရာရထားလမ္းက ႏွစ္ခု ျဖစ္ေနသလို ရထားအ

တြက္ တံတားကလည္း ႏွစ္ခုတည္ထားတာမို႔ ထိုကာလမွာ ၾကည့္ျမင္တိုင္ – ရန္ကုန္ ဓာတ္ရထားလိုင္း ေျပးဆြဲေနခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဗားကရာ တည္ေဆာက္ခ်ိန္ဟာ ဒါထက္ေစာမယ္လို႔ ယူဆႏိုင္ပါတယ္။ ဗားကရာ ေခ်ာက္ရဲ႕ မိုးဘယ္ေလာက္႐ြာ႐ြာ၊ မိုး႐ြာၿ

ပီးတာနဲ႔ ေရတင္က်န္မေနခဲ့ျခင္း အေၾကာင္းကိုေတာ့ အခ်ိန္အေတာ္ၾကာ လူေျပာသူေျပာ မ်ားေနၾကတာ ယေန႔တိုင္ပါပဲ။

အဂၤလိပ္ေတြတည္ေဆာက္သြားခဲ့တဲ့ ဗားကရာ ေခ်ာက္ ေအာက္က ေရစုကန္၊ လႈိင္ျမစ္ထဲ စီးဆင္းတဲ့ လျခမ္းပုံ အုတ္စီေျမာင္း

ႏွင့္ ေရအဝင္ အထြက္ ထိန္းတဲ့ လႈိင္ျမစ္ဝက ေရတံခါးေပါက္ တို႔ကို ဆက္လက္ထိန္းသိမ္း ျပဳျပင္ ဖို႔ကေတာ့ လိုအပ္ေန

တုန္းျဖစ္ပါတယ္။ႏွစ္ (၁၀၀) ေက်ာ္ သက္တမ္း ရွိၿပီ ျဖစ္တဲ့ ဒီ ဗားကရာေခ်ာက္ က ျမန္မာျပည္သူေတြအတြက္ေတာ့ အေတာ္စိတ္

ဝင္စားစရာေကာင္းတဲ့ သမိုင္း အေမြအႏွစ္တစ္ခုလို႔ ျမင္မိတဲ့အတြက္ ဒီအေၾကာင္းအရာကို ေရးသားေဖာ္ျပလိုက္ရပါတယ္။

Photo Credit From Original Uploader

cerdit