အေထြေထြဗဟုသုတ

လိပ်ပြာလေး (၆) ကောင်က ယူဆောင်လာတဲ့သင့်လက်ရှိဘဝအတွက်အမှာစကား

လိပ်ပြာလေး (၆) ကောင်က ယူဆောင်လာတဲ့သင့်လက်ရှိဘဝအတွက်အမှာစကား


(၁) နံပါတ် ၁ လိပ်ပြာလေးကိုရွေးလိုက်မယ်ဆိုရင်တော့ သင့်ဘဝမှာပြောင်းလဲမှုတွေ ကြုံတွေ့နေခဲ့ရပြီးပါပြီ။ ဖြစ်ပြီးခဲ့တာတွေလည်း ဖြစ်

ပြီးခဲ့ပြီမလို့အဲဒီအဖြစ်အပျက်ထဲကနေ သင်ခန်းစာတစ်ခုကို ရအောင်ယူလိုက်ပါ။ ဒီကိစ္စရပ်ကိုကြုံတွေ့ရတယ်ဆိုတာအနာဂတ်မှာ ကောင်း

ခြင်းအဖြာဖြာသင့်ကိုစောင့်ကြိုနေလို့ပဲလို့ မှတ်ယူလိုက်ပါတော့။ ဒီလိုကောင်းခြင်းတွေနဲ့တွေ့ရဖို့အတွက် သင့်ဖက်ကအတိတ်ဖြစ်ရပ်ထဲက

ရုန်းထွက်ပြီး သတ္တိရှိစွာနဲ့ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာ၊ ဒါပေမဲ့ သင့်စိတ်ထဲက ဖြစ်ချင်နေတဲ့အရာတစ်ခုကို လုပ်ရပါလိမ့်မယ်။အိပ်မက်တွေ

ကို ပြန်လည်နှိုးဆွပါ။ မေတ္တာတရားကိုရှေ့တမ်းတင်ပြီးအရာရာလုပ်ကိုင်ပါ။


(၂) လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ကိုယ့်ရဲ့ဒေါသတွေ၊ မာန်မာနတွေမထိန်းနိုင်လို့ ဖြစ်ပျက်ခဲ့ရတယ်ဆိုတာ သင်မေ့နေပြီလား။

ဒေါသကြီးရင်ဘာမဆို မစဉ်းစားမဆင်ခြင်နိုင်တော့ဘဲ စိတ်ထဲပေါ်လာတဲ့အတိုင်း လက်တွေ့မှာလုပ်တတ်တာမျိုးတွေကို ပညာရှိနည်းနဲ့

ဆင်ခြင်ပါ။ ခေါင်းမာတာတွေလျှော့၊အရမ်းကြီးပုံအောမချစ်မိလိုက်စေပါနဲ့။ ဒါဆိုသင်ဘဝလေးအေးချမ်းသွားပါလိမ့်မယ်။


(၃)အကောင်းကြိုက်တယ်၊အမြင့်မှန်းတယ်။ ဒါပေမဲ့ ဒီလိုအောင်မြင်မှုတွေဟာ သင့်ဆီကို လွယ်လွယ်နဲ့တော့ရောက်လာမှာမဟုတ်ပါဘူး။ ပို

ကောင်းတဲ့အနေအထားကို နေ့စဉ်ဖြေးဖြေးချင်းတက်လှမ်းဖို့ကြိုးစားပါ။ မနက်ဖြန်အတွက် ဒီနေ့ကတည်းက ပြင်ဆင်ထားပါ။ သင့်ရဲ့

အနာဂတ်ကို ကိုယ်တိုင်ထုဆစ်ပုံဖော်ရမယ်ဆိုတာ မမေ့ပါနဲ့။ နေ့ရက်တိုင်းကို ခွန်အားပြည့်ပြည့်ဝဝနဲ့ မေတ္တာတရားရှေ့တမ်းတင်ပြီး ရှေ့ကို

ပဲကြည့်လျှောက်ပါ။ ပန်းတိုင်ဟာမဝေးတော့ပါဘူး။


(၄) ဘဝကိုရှုထောင့်အသစ်ကနေ ကြည့်ဖို့အတွက်အချိန်ကျရောက်လို့နေပါပြီ။ သင့်ရဲ့ဘဝဟာ ဖြစ်ချင်တာတွေ၊ တိုးတက်ချင်တာတွေများ

လွန်းလို့ ဘဝရဲ့အလှအပတရားတွေကိုတောင် သင့်မှာမခံစားနိုင်ရှာတော့တာကို သတိထားမိရဲ့လား။ မိသားစုအတွက်အချိန်မပေးဖြစ်တာ၊

မိတ်ဆွေတွေကို ရှောင်ဖယ်မိနေတာ၊ ချစ်ရသူကိုပစ်ထားမိနေတာအပြင် သင့်မှာပျော်ရွှင်မှုရော ရှိပါသေးရဲ့လား။ ဒါကြောင့် ဘဝမှာတစ်ခါ

လေးပဲဖြစ်ဖြစ် ပြေးလမ်းကြောင်းပေါ်မှာ ခဏလေးအရှိန်သတ်ပြီးအနားယူကြည့်ပါ။ လမ်းသစ်တွေ၊ ပျော်ရွှင်မှုအသစ်တွေ၊ ခံစားချက်အသစ်

တွေကို ရပါလိမ့်မယ်။ ဒါပေမဲ့လည်း သင့်ရဲ့မသိစိတ်ကတော့ ရောက်နေတဲ့နေရာထက်ကိုအမြဲတမ်းပိုပိုအထက်ကိုတက်ချင်နေဦးမှာပါပဲ။


(၅) နေထိုင်လာခဲ့တဲ့ဘဝတစ်ခုလုံးစာပဲ ခင်မင်ခင်မင်၊ ခင်တာ ၅ နာရီလောက်ပဲ ကြာကြာ ဘယ်လိုလူမျိုးက သင့်ကိုအကူအညီလာတောင်း

တောင်း မငြင်းနိုင်ဘဲ ကူညီတတ်သူလေးပေါ့။ ဒါပေမဲ့လည်း တစ်ခါတစ်လေမှာ ကိုယ်ကပဲပေးဆပ်သူဖြစ်နေရပြီး ရယူခြင်းမရှိတဲ့အခါအလို

မကျဖြစ်နေရတယ်မလား။ ဒီအတွက်ဘာမှ သောကရောက်မနေပါနဲ့။ သင်မွေးဖွားလာကတည်းကိုက နတ်သား သို့မဟုတ် နတ်မိမယ်တစ်

ယောက်ရဲ့ စိတ်ထားနဲ့မွေးဖွားလာသူဆိုတာ သတိပေးပါရစေ။ ကိုယ်ကူညီနိုင်ရင် စေတနာထားပြီး စိတ်သန့်သန့်နဲ့ကူညီလိုက်ပါ။ မကူညီချင်

တော့ဘူးဆိုရင်တော့ ငြင်းတတ်အောင်အခုကတည်းက ကြိုးစားပါတော့။


(၆) ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မွေးဖွားလာတဲ့သင့်အတွက်အခုအချိန် ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းရ

မယ်ဆိုတာ သင်သိနေပါတယ်။ လေးနက်တဲ့စိတ်ထား၊ တာဝန်ယူတတ်တဲ့စိတ်ဓာတ်တွေကြောင့်လည်း ပြဿနာဟာ လျှင်လျှင်မြန်မြန်ပဲ

ဖြေရှင်းပြီးသွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ကိစ္စတိုင်းကို မလိုအပ်ဘဲအရမ်းကြီးလေးလေးနက်နက်နဲ့ စိတ်နှစ်မထားဖို့ပါပဲ။

နောက်ပြီးအခုအချိန်ဟာ ပျော်ရွှင်မှုတွေကို ကောင်းကောင်းကြီးခံစားရဖို့အသင့်လျော်ဆုံးပါပဲနော်။ ခဏလောက် စိတ်ရောကိုယ်ကိုပါ

အနားပေးပါ။ ခဏလေးအနားပေးလိုက်ရုံနဲ့ စတားတစ်ယောက်မဖြစ်မှာမှမဟုတ်တာနော်။

Credit to lotaya