ျမန္မာအင္ဂ်င္နီယာမ်ားႏွင့္ ဒီဖက္ေခတ္ လမ္းတံတားေတြ ပိုမိုေကာင္းမြန္လာျခင္း ေနာက္ကြယ္ ( ျမန္မာအင္ဂ်င္နီယာေတြဟာ တကယ္ေတာ့ လူညံ့ေတြ မဟုတ္ၾကပါဘူး.. “စနစ္ပ်က္သြားတဲ့ေျမ”)
*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။
႐ုံးပင္တံတားအေၾကာင္းေရးမိေတာ့ တဆက္စပ္တည္းေတြးမိတဲ့ ျမစ္ကူးတံတားအေတြ႕အႀကဳံေလး ေျပာျပခ်င္လာပါတယ္။ ဦးသိန္းစိန္ေခတ္ေလာက္ကျဖစ္သည္။ ကြၽန္ေတာ္တို႔႐ြာနားမွာ ဧရာဝတီျမစ္ကူးတံတားစီမံကိန္းႀကီးတစ္ခုလုပ္ေနဆဲအခ်ိန္၊ ကြၽန္ေတာ္က စင္ကာပူက ခဏ႐ြာအလည္ျပန္လို႔ တံတားစီမံကိန္းကို ေရာက္ဖူးေအာင္သြားလည္ခဲ့ပါတယ္။ အဲဒီမွာ ေက်ာင္းေနဖက္ငယ္သူငယ္ခ်င္းက တံတားစီမံကိန္းမွာလုပ္ေနတာနဲ႔ ျပန္ဆုံလို႔ သူကအက်ယ္တဝင့္ စိတ္ရွည္လက္ရွည္ရွင္းျပရွာပါတယ္။
ျမစ္ကမ္းပါးတေနရာကေနၾကည့္ၾကရင္း၊ ေဟ့ေကာင္ရ ဟိုတံတားတိုင္က ဘယ္႐ြာက လယ္သူမေဒၚဘယ္သူလုပ္တာ၊ ေဟာဟိုကတိုင္က ဘယ္႐ြာက ဦးဘယ္သူလုပ္တာ၊ မင္းႏွယ္ကြာ ႏိုင္ငံျခားေနမေနစမ္းပါနဲ႔ ျပန္သာလာခဲ့စမ္းပါ။ ဒီမွာ လုပ္စရာဂြင္ေတြ အမ်ားႀကီးရွိတယ္၊ မင္း အင္ဂ်င္နီယာ တြက္တတ္တာပဲ၊ ဘာမလုပ္ရဲစရာရွိသလဲကြ။ ဒီဘိုးပိုင္တတိုင္ေလာင္းရင္ ဌာနဆီက သိန္း ၂၀၀ နဲ႔တင္ဒါဆြဲရင္၊ တကယ္ကုန္တာက ၁၅၀ ေအးေဆးပဲဟ။ သူက အာေပါင္အာရင္းသန္သန္နဲ႔ ေျပာေလ၊ ကြၽန္ေတာ္က စိတ္ထဲေၾကာက္လာေလေလပါပဲ။
သူက ဆက္ရွင္းပါတယ္ တကယ္ဆိုတံတားပိုင္တလုံး ဥပမာ.. သိန္း ၅၀၀ ေလာက္ဘတ္ဂ်က္ခ်ေပးတာ၊ ႐ုံးခ်ဳပ္ကစျဖတ္၊ SE, EE, AE, SAE, JE စသျဖင့္ အဆင့္ဆင့္ ခြဲေဝျခမ္းလိုက္ၾကတာ တကယ့္ေျမျပင္မွာ လုပ္မယ့္ကန္ထ႐ိုက္ဆီလည္းေရာက္ကေရာ သိန္း ၂၀၀ ပဲ က်န္ေတာ့တယ္၊ ကန္ထ႐ိုက္ကလည္း သူ႔တြက္က်န္ေအာင္ ၁၅၀ နဲ႔ ရေအာင္လုပ္တယ္။ ခိုင္မခိုင္ ေကာင္းမေကာင္း စဥ္းစားၾကည့္ၾကေပါ့။
ဒီတ႐ုတ္သံေပါင္နည္းပညာနဲ႔ ေဝစားမွ်စားေအာက္ခံအုတ္ျမစ္နဲ႔ ဧရာဝတီျမစ္ႀကီးကို ျဖတ္ကူးၾကရမွာ၊ ေနာက္ပိုင္းအေခါက္ေတြ ျပန္ေရာက္လို႔ အဲတံတားေပၚကားျဖတ္ေမာင္းရင္ သူငယ္ခ်င္းေျပာတာေတြ နားထဲက ျပန္ၾကားေယာင္ေနမိၿပီး ေက်ာခ်မ္းတာကျဖင့္အမွန္ပါပဲ။ ေအာ္… ကြၽန္ေတာ့္သူငယ္ခ်င္းက ၿမိဳ႕ျပအင္ဂ်င္နီယာမဟုတ္ပါဘူး၊ ငယ္ငယ္က အမွတ္မမွားရင္ မိသားစုစားဝတ္ေနေရးအတြက္ ၄ တန္းေလာက္နဲ႔ ေက်ာင္းထြက္ခဲ့ရသူပါ။ အလုပ္ဆက္စပ္လိုက္လုပ္ရင္း ေဆာက္လုပ္ေရးတံတားစီမံကိန္းေတြမွာ ခ်ိတ္မိၿပီး ႀကိဳးစားသူ ဖင္ေပါ့သူမို႔ ေန႔စားဝန္ထမ္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။
ျမန္မာအင္ဂ်င္နီယာေတြဟာ တကယ္ေတာ့ လူညံ့ေတြ မဟုတ္ၾကပါဘူး၊ အမွားၾကာ အမွန္ျဖစ္လို႔ လုပ္ပိုင္ခြင့္အာဏာကို ရပိုင္ခြင့္ဂြင္ေတြပဲလို႔ က်င့္ဝတ္ပ်က္ျပားကုန္ၾကတာပဲ ျဖစ္ၾကမွာပါ။ မိုးခါးေရေသာက္ရင္း ၾကာလာေတာ့ လူတစုဟာ လခစားဘဝနဲ႔တင္ ဘီလီယံနာေတြျဖစ္လာၿပီး၊ တိုင္းျပည္ဟာ ေျမာင္းထဲထိုးဆင္းခဲ့ၾကရတာပါ။
ဒီၾကားထဲ ၃ သိန္းထိ လာဘ္စားလို႔ရတယ္လို႔ မူဝါဒခ်မွတ္ေလေတာ့ ဇီးသီးဗန္းေမွာက္ကုန္ၾကပါေတာ့တယ္။ အခု ျပည္သူ႔အစိုးရေခတ္မွာေတာ့ အစိုးရစီမံကိန္းေတြအားလုံးကို ပြင့္လင္းျမင္သာစြာျဖင့္ တင္ဒါေခၚ၊ တိတိက်က်စစ္ေဆးေနၾကလို႔ ဒီဖက္ေခတ္ လမ္းတံတားေတြဟာျဖင့္ စစ္အစိုးရေခတ္ထက္ အဆမတန္ပိုမိုေကာင္းမြန္လာၾကတာကို မ်က္ျမင္ဒိဌေတြ႕ေနၾကရပါၿပီ။
ေ႐ြးေကာက္ခံ အစိုးရတာဝန္ရွိသူေတြအေနနဲ႔ ေယာက္မျမင္းစီးမထြက္ၾကဖို႔ အခြန္ထမ္းျပည္သူေတြက အထူးတလည္ေမွ်ာ္လင့္မိပါေၾကာင္း။
CRD_Zin Min Nyein
ယူနီကုတ္
မြန်မာအင်ဂျင်နီယာများနှင့် ဒီဖက်ခေတ် လမ်းတံတားတွေ ပိုမိုကောင်းမွန်လာခြင်း နောက်ကွယ် ( မြန်မာအင်ဂျင်နီယာတွေဟာ တကယ်တော့ လူညံ့တွေ မဟုတ်ကြပါဘူး.. “စနစ်ပျက်သွားတဲ့မြေ”)
*အောကျတှငျ ယူနီကုတျဖွင့ျ ဖောျပွထားပါသညျ။
ရုံးပင်တံတားအကြောင်းရေးမိတော့ တဆက်စပ်တည်းတွေးမိတဲ့ မြစ်ကူးတံတားအတွေ့အကြုံလေး ပြောပြချင်လာပါတယ်။ ဦးသိန်းစိန်ခေတ်လောက်ကဖြစ်သည်။ ကျွန်တော်တို့ရွာနားမှာ ဧရာဝတီမြစ်ကူးတံတားစီမံကိန်းကြီးတစ်ခုလုပ်နေဆဲအချိန်၊ ကျွန်တော်က စင်ကာပူက ခဏရွာအလည်ပြန်လို့ တံတားစီမံကိန်းကို ရောက်ဖူးအောင်သွားလည်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းနေဖက်ငယ်သူငယ်ချင်းက တံတားစီမံကိန်းမှာလုပ်နေတာနဲ့ ပြန်ဆုံလို့ သူကအကျယ်တဝင့် စိတ်ရှည်လက်ရှည်ရှင်းပြရှာပါတယ်။
မြစ်ကမ်းပါးတနေရာကနေကြည့်ကြရင်း၊ ဟေ့ကောင်ရ ဟိုတံတားတိုင်က ဘယ်ရွာက လယ်သူမဒေါ်ဘယ်သူလုပ်တာ၊ ဟောဟိုကတိုင်က ဘယ်ရွာက ဦးဘယ်သူလုပ်တာ၊ မင်းနှယ်ကွာ နိုင်ငံခြားနေမနေစမ်းပါနဲ့ ပြန်သာလာခဲ့စမ်းပါ။ ဒီမှာ လုပ်စရာဂွင်တွေ အများကြီးရှိတယ်၊ မင်း အင်ဂျင်နီယာ တွက်တတ်တာပဲ၊ ဘာမလုပ်ရဲစရာရှိသလဲကွ။ ဒီဘိုးပိုင်တတိုင်လောင်းရင် ဌာနဆီက သိန်း ၂၀၀ နဲ့တင်ဒါဆွဲရင်၊ တကယ်ကုန်တာက ၁၅၀ အေးဆေးပဲဟ။ သူက အာပေါင်အာရင်းသန်သန်နဲ့ ပြောလေ၊ ကျွန်တော်က စိတ်ထဲကြောက်လာလေလေပါပဲ။
သူက ဆက်ရှင်းပါတယ် တကယ်ဆိုတံတားပိုင်တလုံး ဥပမာ.. သိန်း ၅၀၀ လောက်ဘတ်ဂျက်ချပေးတာ၊ ရုံးချုပ်ကစဖြတ်၊ SE, EE, AE, SAE, JE စသဖြင့် အဆင့်ဆင့် ခွဲဝေခြမ်းလိုက်ကြတာ တကယ့်မြေပြင်မှာ လုပ်မယ့်ကန်ထရိုက်ဆီလည်းရောက်ကရော သိန်း ၂၀၀ ပဲ ကျန်တော့တယ်၊ ကန်ထရိုက်ကလည်း သူ့တွက်ကျန်အောင် ၁၅၀ နဲ့ ရအောင်လုပ်တယ်။ ခိုင်မခိုင် ကောင်းမကောင်း စဉ်းစားကြည့်ကြပေါ့။
ဒီတရုတ်သံပေါင်နည်းပညာနဲ့ ဝေစားမျှစားအောက်ခံအုတ်မြစ်နဲ့ ဧရာဝတီမြစ်ကြီးကို ဖြတ်ကူးကြရမှာ၊ နောက်ပိုင်းအခေါက်တွေ ပြန်ရောက်လို့ အဲတံတားပေါ်ကားဖြတ်မောင်းရင် သူငယ်ချင်းပြောတာတွေ နားထဲက ပြန်ကြားယောင်နေမိပြီး ကျောချမ်းတာကဖြင့်အမှန်ပါပဲ။ အော်… ကျွန်တော့်သူငယ်ချင်းက မြို့ပြအင်ဂျင်နီယာမဟုတ်ပါဘူး၊ ငယ်ငယ်က အမှတ်မမှားရင် မိသားစုစားဝတ်နေရေးအတွက် ၄ တန်းလောက်နဲ့ ကျောင်းထွက်ခဲ့ရသူပါ။ အလုပ်ဆက်စပ်လိုက်လုပ်ရင်း ဆောက်လုပ်ရေးတံတားစီမံကိန်းတွေမှာ ချိတ်မိပြီး ကြိုးစားသူ ဖင်ပေါ့သူမို့ နေ့စားဝန်ထမ်းဖြစ်နေတာပဲ ဖြစ်ပါတယ်။
မြန်မာအင်ဂျင်နီယာတွေဟာ တကယ်တော့ လူညံ့တွေ မဟုတ်ကြပါဘူး၊ အမှားကြာ အမှန်ဖြစ်လို့ လုပ်ပိုင်ခွင့်အာဏာကို ရပိုင်ခွင့်ဂွင်တွေပဲလို့ ကျင့်ဝတ်ပျက်ပြားကုန်ကြတာပဲ ဖြစ်ကြမှာပါ။ မိုးခါးရေသောက်ရင်း ကြာလာတော့ လူတစုဟာ လခစားဘဝနဲ့တင် ဘီလီယံနာတွေဖြစ်လာပြီး၊ တိုင်းပြည်ဟာ မြောင်းထဲထိုးဆင်းခဲ့ကြရတာပါ။
ဒီကြားထဲ ၃ သိန်းထိ လာဘ်စားလို့ရတယ်လို့ မူဝါဒချမှတ်လေတော့ ဇီးသီးဗန်းမှောက်ကုန်ကြပါတော့တယ်။ အခု ပြည်သူ့အစိုးရခေတ်မှာတော့ အစိုးရစီမံကိန်းတွေအားလုံးကို ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါခေါ်၊ တိတိကျကျစစ်ဆေးနေကြလို့ ဒီဖက်ခေတ် လမ်းတံတားတွေဟာဖြင့် စစ်အစိုးရခေတ်ထက် အဆမတန်ပိုမိုကောင်းမွန်လာကြတာကို မျက်မြင်ဒိဌတွေ့နေကြရပါပြီ။
ရွေးကောက်ခံ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ယောက်မမြင်းစီးမထွက်ကြဖို့ အခွန်ထမ်းပြည်သူတွေက အထူးတလည်မျှော်လင့်မိပါကြောင်း။
CRD_Zin Min Nyein