ပြည်တွင်းသတင်း

ဗုံးအတုကိုဖြုတ်နေချိန် ဗုံးအစစ်ပေါက်ကွဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ပခုက္ကူမြို့တွင် ဗုံးအတုကိုဖြုတ်နေချိန် ဗုံးအစစ်ပေါက်ကွဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ဧရာဝတီတိုင်းမ် အောက်တိုဘာ ၂၅ရက်

ပခုက္ကူ မြို့၊မြို့ရှောင်လမ်းထိပ် သုံးခွစုံနေရာ တောင်မြောက်လမ်း အရှေ့ဘက်ခြမ်းနှင့်အရှေ့အနောက်လမ်း ညာဘက်ခြမ်းတွင် စာရေးထား

သည့် ဗုံးအတုကို ဖြုတ်နေချိန် ဗုံးအစစ်မှပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့ကြောင်းBurmese

Guerrilla Force & Seven PDFက အောက်တို ဘာလ ၂၅ရက်နေ့က ထုတ်ပြန်သည်။

“ပခုက္ကူ မြို့၊မြို့ရှောင်လမ်းထိပ် သုံးခွစုံနေရာ တောင်မြောက်လမ်း အရှေ့ဘက်ခြမ်းတွင် ဗုံးနှစ်လုံး အရှေ့အနောက်လမ်း ညာဘက်ခြမ်းတွင်

ဗုံးနှစ်လုံး ထားရှိပြီးဗုံးအစစ်‌ ၄လုံး ထောင်ထားကာ လမ်းအလယ်ခေါင် တြိဂံ ပလပ်ဖောင်းပေါ်တွင် စာချိတ်ထားသည့် ဗုံးအတုကို ဖြုတ်နေ

ချိန် ဗုံးအစစ်က ပေါက်ကွဲခဲ့ချင်းဖြစ်သည် ဟု “Burmese Guerrilla Force & SevenPDF ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရှိကြောင်း Burmese Guerrilla Force &

SevenPDF က အတည်ပြုပြောဆိုထားသည်။

#AyeyarwaddyTimes

unicode











#AyeyarwaddyTimes

cerdit