နိုင္ငံတကာသတင္း

အာဆီယံက နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြား

အာဆီယံက နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြား

စစ်ကောင်စီဘက်ကစေလွှတ်ဖို့မသေချာ

မနက်ဖြန် အောက်တိုဘာ ၂၆ ရက်မှာ အာဆီယံထိပ်သီးအစည်းအဝေးတွေ စတင် ကျင်းပတော့မှာဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့

ကိုယ်စားလှယ်စေလွှတ်ဖို့ မဆုံးဖြတ်ရသေးဘူး လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါ

တယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုအာဆီယံဘက်က ဖိတ်ကြားထားပေမယ့်လို့ စစ်ကောင်စီဘက်က စေလွှတ်ဖို့

မဆုံးဖြတ်ရသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုမဖိတ်ဘဲ နိုင်ငံရေး

အရကိုယ်စားမပြုသူတစ်ဦးကိုဖိတ်တာဟာ အာဆီယံပဋိညာဉ် တွေနဲ့မကိုက်ညီဘူးလို့ စစ်ကောင်စီက ဝေဖန်ထားပါတယ်။

စစ်ကောင်စီအတွက် အာဆီယံဟာ သံတမန်ရေးအရ ထွက်ပေါက်တစ်ခုဖြစ်လို့ အစည်းအဝေးသွားမတက်တာက အခွင့်အရေးဆုံးရှုံးမှုတစ်ခု

လို့ သုံးသပ်မှုအချို့လည်းရှိနေပါတယ်။

စစ်ကောင်စီဘက်ကအမြင်ကတော့ တန်းတူညီတူမရှိဘဲ နှိမ့်ချထားတဲ့ အစည်းအဝေးတစ်ခုကို သွားတက်တာကမှ သံတမန်ရေးအရ ထိခိုက်

မှုလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

unicode





စီကိုပြောပါတယ်။







crd