ဆီးချို ကျပြီး ဘက်စုံဆေးဘက် ဝင်တဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်
ချိုတဲ့အစားအစာတွေကို လူကြိုက်များပေမယ့် ခါးတဲ့ အစားအစာ ကိုတော့ လူတိုင်းမကြိုက်ကြပါဘူး။ဒါပေမယ့် ဆေးတိုင်း လိုလို ခါးကြတာကိုတော့ လူတိုင်းသတိထားမိကြမှာပါ။ကြက်ဟင်းခါးသီးဟာ ဆီးချိုရောဂါထိန်းချုပ်ရာမှာ အသုံးဝင်တဲ့ အာနိသင် (၃) မျိုးပါဝင်ပါတယ်။ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်း ဘာအစားမှ မစားခင်မှာ သောက်ပေးသင့်ပါတယ်။လူတိုင်း ဒီအကျိုးကျေးဇူးရှိတယ်ဆိုတာကို သတိထားမိကြတယ်။အသိအမှတ်ပြုကြတယ်ဆိုပေမယ့် ခါးလို့ လူတိုင်း လိုက်မသောက်နိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုအရသာ ခါးခါးကို ကြောက်နေရင်တော့ ရောဂါခါးခါးကိုခံစားကြရမှာပါ။
ဆီးချိုဝေဒနာရှင်တွေအတွက် ကြက်ဟင်းခါးသီးဖျော်ရည်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးပါမယ်။အရင်ဆုံး ရေသေချာဆေးပြီး အပေါ်ပိုင်း အရေခွံကို လှီးလိုက်ပါ။ ပြီးရင် အနေတော် အတုံးသေးသေးလေးတွေ လှီးလိုက်ပြီး ဆား၊ နနွင်းနဲ့ သေချာနယ်လိုက်ပါ။ အဲဒီနောက် ခဏထားထားလိုက်ရင် ကြက်ဟင်းခါးသီးကနေ အရည်ထွက်လာတာ တွေ့ရမှာပါ။အရည်ထွက်လာရင် အားရပါးရ နှယ်လိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်ပြီး စကာ (ဇကာ) နဲ့ စစ်ချလိုက်ကာ ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ပြီးရင် သံပုရာရည် နည်းနည်းညှစ်ထည့်လိုက်ပါ။ တိုင်းရင်းဆေး ပညာတွေအရ ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အစားအစာ အဖြစ် အသုံးပြုကြပြီး ဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့ အရေပြားရောဂါတို့အတွက် အသုံးပြုကြသလို အနာကျက်စေဖို့ ၊ မီးဖွားရလွယ်စေဖို့နဲ့ ငှက်ဖျားရောဂါ၊ ဝက်သက် ရေကျောက်စတဲ့ ရောဂါအမျိုးမျိုးအတွက်လည်း အသုံးပြုကြပါတယ်။ဘယ်လိုသောက်မလဲ – မနက်အိပ်ယာနိုးနိုးချင် ဘာမှမစားခင် သောက်ပေးရမှာပါ။ အဲဒီလိုသောက်ပေးရင် သွေးတွင်း သကြာဓာတ်ကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
သုတေသန – ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဆေးပညာစာစောင်တစ်ခုမှာ ကြက်ဟင်းခါးသီး နဲ့ပတ်သတ်ပြီး Clinical Trial ဆိုတဲ့ လက်တွေ့စမ်းသပ် လေ့လာမှုတစ်ခုအကြောင်းဖော်ပြခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကြက်ဟင်းခါးသီး နေ့စဉ် ၂ ဂရမ်စားသုံးပေးတဲ့ ဆီးချိုသွေးချို ဝေဒနာရှင်တွေမှာ သွေးထဲက ဂလူးကို့စ် သကြားပမာနကို သိသိသာသာ ကျအောင်လုပ်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုကို ဖော်ပြထားပါတယ်။အမေရိကန်ပြည်ထောင်စု Saint Louis တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ကြက်ဟင်းခါးသီး အနှစ်ဟာ ရင်သားကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။
ဆီးခ်ိဳ က်ၿပီး ဘက္စုံေဆးဘက္ ဝင္တဲ့ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္
ခ်ိဳတဲ့အစားအစာေတြကို လူႀကိဳက္မ်ားေပမယ့္ ခါးတဲ့ အစားအစာ ကိုေတာ့ လူတိုင္းမႀကိဳက္ၾကပါဘူး။ဒါေပမယ့္ ေဆးတိုင္း လိုလို ခါးၾကတာကိုေတာ့ လူတိုင္းသတိထားမိၾကမွာပါ။ၾကက္ဟင္းခါးသီးဟာ ဆီးခ်ိဳေရာဂါထိန္းခ်ဳပ္ရာမွာ အသုံးဝင္တဲ့ အာနိသင္ (၃) မ်ိဳးပါဝင္ပါတယ္။ဆီးခ်ိဳေရာဂါခံစားေနရသူေတြအေနနဲ႔ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္ကို မနက္တိုင္း ဘာအစားမွ မစားခင္မွာ ေသာက္ေပးသင့္ပါတယ္။လူတိုင္း ဒီအက်ိဳးေက်းဇူးရွိတယ္ဆိုတာကို သတိထားမိၾကတယ္။အသိအမွတ္ျပဳၾကတယ္ဆိုေပမယ့္ ခါးလို႔ လူတိုင္း လိုက္မေသာက္နိုင္ၾကပါဘူး။ ဒါေပမယ့္ ဒီလိုအရသာ ခါးခါးကို ေၾကာက္ေနရင္ေတာ့ ေရာဂါခါးခါးကိုခံစားၾကရမွာပါ။
ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္ ၾကက္ဟင္းခါးသီးေဖ်ာ္ရည္ဘယ္လိုလုပ္ရမလဲဆိုတာ မၽွေဝေပးပါမယ္။အရင္ဆုံး ေရေသခ်ာေဆးၿပီး အေပၚပိုင္း အေရခြံကို လွီးလိုက္ပါ။ ၿပီးရင္ အေနေတာ္ အတုံးေသးေသးေလးေတြ လွီးလိုက္ၿပီး ဆား၊ နႏြင္းနဲ႔ ေသခ်ာနယ္လိုက္ပါ။ အဲဒီေနာက္ ခဏထားထားလိုက္ရင္ ၾကက္ဟင္းခါးသီးကေန အရည္ထြက္လာတာ ေတြ႕ရမွာပါ။အရည္ထြက္လာရင္ အားရပါးရ ႏွယ္လိုက္ပါ။ ၿပီးရင္ အရည္ညႇစ္ထုတ္ၿပီး စကာ (ဇကာ) နဲ႔ စစ္ခ်လိုက္ကာ ခြက္တစ္လုံးထဲ ထည့္လိုက္ပါ။ၿပီးရင္ သံပုရာရည္ နည္းနည္းညႇစ္ထည့္လိုက္ပါ။ တိုင္းရင္းေဆး ပညာေတြအရ ၾကက္ဟင္းခါးသီးကို ေဆးဖက္ဝင္အစားအစာ အျဖစ္ အသုံးျပဳၾကၿပီး ဗိုက္နာျခင္း၊ အဖ်ားတက္ျခင္း၊ နာတာရွည္ေခ်ာင္းဆိုးျခင္းနဲ႔ အေရျပားေရာဂါတို႔အတြက္ အသုံးျပဳၾကသလို အနာက်က္ေစဖို႔ ၊ မီးဖြားရလြယ္ေစဖို႔နဲ႔ ငွက္ဖ်ားေရာဂါ၊ ဝက္သက္ ေရေက်ာက္စတဲ့ ေရာဂါအမ်ိဳးမ်ိဳးအတြက္လည္း အသုံးျပဳၾကပါတယ္။ဘယ္လိုေသာက္မလဲ – မနက္အိပ္ယာနိုးနိုးခ်င္ ဘာမွမစားခင္ ေသာက္ေပးရမွာပါ။ အဲဒီလိုေသာက္ေပးရင္ ေသြးတြင္း သၾကာဓာတ္ကို ေလၽွာ့ခ်ေပးၿပီး ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။
သုေတသန – ၂၀၁၁ ခုႏွစ္က ထုတ္ေဝခဲ့တဲ့ ေဆးပညာစာေစာင္တစ္ခုမွာ ၾကက္ဟင္းခါးသီး နဲ႔ပတ္သတ္ၿပီး Clinical Trial ဆိုတဲ့ လက္ေတြ႕စမ္းသပ္ ေလ့လာမႈတစ္ခုအေၾကာင္းေဖာ္ျပခဲ့ပါတယ္။ အဲဒီသုေတသနမွာ ၾကက္ဟင္းခါးသီး ေန႔စဥ္ ၂ ဂရမ္စားသုံးေပးတဲ့ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာရွင္ေတြမွာ ေသြးထဲက ဂလူးကို႔စ္ သၾကားပမာနကို သိသိသာသာ က်ေအာင္လုပ္နိုင္တယ္ဆိုတဲ့ ေလ့လာေတြ႕ရွိမႈကို ေဖာ္ျပထားပါတယ္။အေမရိကန္ျပည္ေထာင္စု Saint Louis တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနမွာေတာ့ ၾကက္ဟင္းခါးသီး အႏွစ္ဟာ ရင္သားကင္ဆာဆဲလ္ႀကီးထြားမႈကို ဟန႔္တားေပးနိုင္တယ္လို႔ ေတြ႕ရွိထားပါတယ္။
မူရင္းေရးသားသူကို ေလးစားစြာျဖင့္ credit ေပးပါတယ္။