ကျန်းမာရေး

ခံတွင်းနံ့ပျောက်ဆေးရည်တွေက ကိုဗစ်ပိုးကို စက္ကန့် ၃၀ အတွင်း သတ်နိုင်သည်ဟု ကနဦးတွေ့ရှိ






Nay Thway

Source: ZCCNEWS

Unicode

ခံတွင်းနံ့ပျောက်ဆေးရည်တွေက ကိုဗစ်ပိုးကို စက္ကန့် ၃၀ အတွင်း သတ်နိုင်သည်ဟု ကနဦးတွေ့ရှိ

လစ်စထရင်း လို ပါးစပ်ဆေးတဲ့ဆေးရည်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်း သတ်နိုင်တယ်လို့ Cardiff တက္ကသသိုလ်က ဓာတ်ခွဲစမ်းသပ်မှုတခုအရ သိရပါတယ်။

ဒါပေမယ့် ကိုဗစ် လူနာတွေရဲ့ တံတွေးနဲ့တော့ မစမ်းသပ်ရသေးဘူးလို့ သိရပါတယ်။ တကယ်သာ ပါးစပ်ဆေးတဲ့ ဆေးရည်တွေဟာ တံတွေးထဲက ကိုရိုနာဗိုင်းရပ်စ်ကို အတိုင်းအတာတခုထိ သတ်နိုင်တယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

အနာဂတ်မှာ ခံတွင်းနံ့ပျောက်ဆေးရည် တွေဟာ နေ့စဉ်ဘဝမှာ ပုံမှန်အသုံးဝင်လာနိုင်ပါတယ်။

လူတွေကတော့ ပညာရှင်တွေကော ဒေါ်လာ ဘီလီယံချီသုံးပီးတော့ကော ဆေးလိုက်ရှာနေပီးတော့ ခုမှ ခံတွင်းနံ့ပျောက်ဆေးရည် ကို တွေ့တယ်ဆိုတာ ဟာသလို ဖြစ်နေတယ်လို့ ဝေဖန်နေပါတယ်။

Nay Thway

Source: ZCCNEWS