News

ဘာသာခြားတစ်ယောက်မှမေးလာသောမေးခွန်းလေးတစ်ခု

ဒကာ ။ ။ ” ဆရာတော် ၊ ဆရာတော်တို့ဘုရားရှင်က သဗ္ဗညုတဉာဏ်ပိုင်ရှင်မို့ သိစရာမှန်သမျှ အကုန်သိတယ်လို့လည်း ပြောကြတယ်။

တစ်ခါ ခုလိုသာသနာနှစ်ကြာလာတဲ့အချိန်မှာ အဆိုးဆုံးဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ်။

အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက်သာသနာပြုပြီးဖျက်ဆီးကြလိမ့်မယ်လို့ ဟောခဲ့တယ်လို့လည်း မကြားဖူးပါဘူး ဘုရား။

ဒီတော့ အကုန်သိတယ် ဆိုရင်လည်း ဒီအကြောင်းတွေကို ဟောခဲ့ရမယ်။

အခု မဟောခဲ့ပုံကို ထောက်သောအားဖြင့် ဒီအကြောင်းတွေ ဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့ သဘောသက်ရောက်မနေဘူးလား ဘုရား “

ဆရာတော် ။ ။ “ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းထဲ မှာ သရက်ပင် ဘယ်နှစ်ပင် ရှိတုန်း ”

ဒကာ ။ ။ “ လေးပင်ရှိပါတယ် ဘုရား ”

ဆရာတော် ။ ။ “ အုန်းပင်ကော ဘယ်နှစ်ပင်ရှိတုန်း ”

ဒကာ ။ ။ “ ငါးပင် ရှိပါတယ်ဘုရား ”

ဆရာတော် ။ ။ “ ဒါနဲ့ မြက်ပင်တွေကော ဘယ်နှစ်ပင် ရှိတုန်း ”

ဒကာ ။ ။ “ ဟာ … မြက်ပင်တွေ တော့ တပည့်တော် ဘယ်ရေတွက်ထားပါ့မလဲ ဘုရား ”

ဆရာတော် ။ ။ “ သရက်ပင် ၊ အုန်းပင်ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ ဘာလို့ ရေတွက်မထားတာလဲ ”

ဒကာ ။ ။ “ သရက်ပင် ၊ အုန်းပင်ကတော့ တန်ဘိုးရှိတဲ့ အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ၊ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့

အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီးမှတ်ထားတော့မလဲ ဘုရား ”

ဆရာတော် ။ ။ “ ဒကာ ၊ အဲဒီ ဥပမာအတိုင်းပဲ။ ဗုဒ္ဓက မသိလို့မဟုတ်ဘူး သိတယ်၊၊

ဒါပေမယ့် ဒကာကိုယ်တိုင် တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလို ၊ ဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်လောက်အ

ဆင့်သာ ရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း လူစာရင်းမသွင်းတဲ့အတွက် တကူးတက ထည့်မဟောခဲ့တာ။

အတွေးအခေါ် အသိဉာဏ် ရှိတဲ့လူသားတွေက လက်မခံတဲ့ ဒကာတို့ ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေဖြစ်သွားမှာကို ကြို

သိလို့ ဘာမှ ပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ”

ထိုဘာသာခြား ဒကာဆိုသူမှာ ခေါင်းငိုက်စိုက်ချလျက် ဘာမှဆက်မပြောနိုင်တော့ပေ … ။

အရှင်ဇဝန ၏ * ဘဝနှင့် ရင်းရသော အတွေးအမြင်များ * မှ မျှဝေပေးပါသည်။

crd