အနုပညာသတင်း ပြည်တွင်းသတင်း

စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရတ် ဆေးရုံအမြန်တင်ခဲ့ရတဲ့ ပြည်သူအချစ်တော် ဗေလုဝ

စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရတ် ဆေးရုံအမြန်တင်ခဲ့ရတဲ့ ပြည်သူအချစ်တော် ဗေလုဝ

သရုပ်ဆောင်ဗေလုဝကတော့ ဘီလူးရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာ အခုဆိုရင်အနုပညာသက်တမ်းနှစ်(၂၀)ကျော်လာပြီဖြစ်ပါတယ်။သူဟာဤအရာကို အချစ်လို့ခေါ်သလား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုရရှိထားသူတစ်ဦးဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ(၁၇)ရက်နေ့ မနက်ပိုင်းလောက်က ဗေလုဝကကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက်ဆိုသလို ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။မနက်(၃)နာရီလောက်မှာ ရုတ်တရက် တတ်သလိုဖြစ်သွားတာကြောင့် မိသားစုမှာစိုးရိမ်ပြီး ပင်လုံဆေးရုံသို့အပြေးပို့ခဲ့ရတာဖြစ်ပါတယ်။အခုလက်ရှိအခြေအနေမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါပြီလို့ ဗေလုဝရဲ့ဇနီးဖြစ်သူဒေါ်စုစုခိုင်ကပြောပါတယ်။

ဗေလုဝဟာဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းကျန်းမာရေးအခြေအနေ တဖြေးဖြေးနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီးအခုဆိုရင် စကား ပြောနိုင်၊လမ်းလျှောက်နိုင်တဲ့အခြေအနေရောက်နေပြီလည်း ဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်း ဦးဗေအမြန်ဆုံးသက်သာပါစေလို့ဆုတောင်းပေးပါဦးနော်။