အေထြေထြဗဟုသုတ

သင့္အိမ္ထဲက အင္းဆက္ပိုးေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း ၆ ခု

အိမ္ေတြမွာ ပိုးဟတ္၊ ပု႐ြက္ဆိတ္၊ စတဲ့အင္းဆက္ပိုးေတြကို ႏွိမ္နင္းဖို႔အတြက္ အမ်ားအားျဖင့္ ဓါတုပိုးသတ္ေဆးေတြ သုံးၾကပါတယ္။ ဓါတုပိုးသတ္ေဆးေတြက အင္းဆက္ပိုးမႊားေတြကို ေသေစႏိုင္ေပမယ့္ ကေလးေတြ၊ အိမ္ေမြးတိရိိစာၦန္ေလးေတြရွိရင္ အဆိပ္အေတာက္ျဖစ္ေစသလို အႏၲရာယ္လည္း ရွိႏိုင္ပါတယ္။ ဒီလိုအႏၲရာယ္မျဖစ္ေအာင္ သဘာဝနည္းလမ္းႏွင့္ တတ္ႏိုင္သမွ် ေဘးကင္းတာကို သုံးဖို႔လိုပါတယ္။


၁။ ပိုးဟပ္
ပိုးဟပ္ေတြကို အိမ္ထဲမွာ ျမင္ရတာဟာ မသတီစရာေကာင္းသလို သူတို႔က အလြန္အႏၲရာယ္ရွိတဲ့ ေရာဂါမ်ားကိုလည္း သယ္ေဆာင္ေစႏိုင္ပါတယ္။ ဒီပိုးဟပ္ေတြကို ဖယ္ရွားဖို႔ ၾကက္သြန္နီကို တစ္ျခမ္းျခမ္းၿပီး မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ဇြန္းျဖဴးပါ။ ဒီနည္းလမ္းက အလြန္ေစ်းေပါသလို ေဘးကင္းလုံၿခဳံမႈလည္းရွိပါတယ္။ ထိုၾကက္သြန္ျခမ္းေလးေတြကို သင့္ရဲ႕အိမ္ထာင့္ေလးေတြမွာ ထားပါ။ ေန႔တိုင္းျပဳလုပ္ေပးရင္ ပိုးဟပ္ေတြ ကင္းေဝးသြားပါလိမ့္မယ္။


၂။ ပင္ဖ်က္ပိုးေတြ
ပ်ပိုး၊ ပင့္ကူေလးေတြ၊ တျခားပင္ဖ်က္ပိုးေတြက သင့္ဥယ်ာဥ္ကို ပ်က္စီးေစႏိုင္ပါတယ္။ ပိုးသတ္ေဆးေတြ သုံးလို႔ရေပမယ့္ ဟင္းသီးဟင္း႐ြက္ ၊အသီးေတြကို စားမရျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ၾကက္သြန္ျဖဴ သို႔မဟုတ္ၾကက္သြန္နီခြက္တစ္ဝက္ကို င႐ုတ္သီး ခြက္တစ္ဝက္နဲ႔ေရာပါ။ ခပ္ပ်စ္ပ်စ္ရတဲ့အထိ blenderျဖင့္ ေမႊပါ။ ေရေႏြး 500 မီလီနဲ႔ေရာပါ။ 24နာရီေလာက္ ေႏြးတဲ့ေနရာမွာထားပါ။ အဲ့ဒီအရည္ကိုစစ္ၿပီး သင့္ရဲ႕အပင္ေတြကို ျဖန္းေပးပါ။


၃။ ပင့္ကူမ်ား
ဒီသဘာဝနည္းလမ္းက ပင့္ကူေတြကို ေသေစမွာမဟုတ္ေပမယ့္ အိမ္ထဲမွာ ပင့္ကူေတြ ကင္းေဝးေစပါလိမ့္မယ္။ ေရ 200မီလီနဲ႔ ဆပ္ျပာရည္ 1/4 tsp ထဲကို ပူစီနံဆီ ၅စက္ ၁ဝစက္ေလာက္ ထည့္ပါ။ ေကာင္းစြာလႈပ္ေပးၿပီး ပင္ကူရွိတဲ့ေနရာေတြမွာ ျဖန္းေပးပါ။ ပင့္ကူေတြ ကင္းေဝးသြားတဲ့အထိ တစ္ပတ္တစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။ ပူစီနံဆီေနရာမွာ လာဗင္ဒါဆီ၊ ယူကလစ္ဆီ၊ လက္ဖက္႐ြက္ဆီတိို႔ အစားထိုးလို႔ရပါတယ္။


၄။ ပု႐ြက္ဆိတ္မ်ား
ပု႐ြက္ဆိတ္ေတြဟာ သင့္ရဲ႕မီးဖိုေခ်ာင္ ၊ ထမင္းစားစားပြဲေတြေပၚမွာ ေနရာယူေနတတ္ၿပီး အလြန္စိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းပါတယ္။ ဒီေတာ့ သဘာဝနည္းလမ္းေလးကိုသုံးၿပီး ပု႐ြက္ဆိတ္ေတြကို ႏွိပ္နင္းရပါမယ္။ ပု႐ြက္ဆိတ္ေတြက သစ္ႀကံပိုးနံ႔ကို လုံးဝမုန္းပါတယ္။ ပု႐ြက္ဆိတ္ေတြလာႏိုင္တဲ့ေနရာမွာ သစ္ႀကံပိုးမႈန႔္ေတြ ျဖဴးထားပါး။ ပိုၿပီးထိေရာက္ေစခ်င္ရင္ သစ္ႀကံပိုးမႈန႔္ကို essential oil အနည္းငယ္ထည့္ႏိုင္ပါတယ္။


၅။ ဖုန္မႊားေကာင္
အိမ္ထဲက ဖုန္ေတြ၊ အမႈန္ေတြထဲမွာ ကပ္ပါးေကာင္ ေသးေသးေလးေတြရွိတယ္။ Dust Mite လို႔ေခၚပါတယ္။ ဒီအေကာင္ေလးေတြက ေသးငယ္တာေၾကာင့္ မ်က္စိနဲ႔မျမင္ႏိုင္ပါဘူး။ သူတို႔ဟာ အေရျပားဆဲလ္ေဟာင္းေတြကို စားေသာက္ၿပီးရွင္သန္တယ္။ စိုထိုင္းတဲ့ေနရာမွာပိုမ်ားတယ္။ အသက္ရႉလမ္းေၾကာင္းကေနဝင္ၿပီး ဓာတ္မတည့္တာျဖစ္ေစတယ္။ အမ်ားအားျဖင့္ အိပ္ရာခင္း၊ ေခါင္းအုံး၊ ဆိုဖာေတြမွာ ရွိေနတတ္ပါတယ္။ ဖုန္မႊားေကာင္က မကိုက္ေပမယ့္ အေရျပားယားယံမႈေတြ အလာ့ဂ်စ္ေတြကို ျဖစ္ပြားေစႏိုင္ပါတယ္။


ေရ ၁ပုံးထဲကို ဆပ္ျပာရည္ 1.5 tsp ႏွင့္ ယူကလစ္ဆီ 6 tsp ေရာပါ။ ထိုအရည္ထဲမွာ အိပ္ရာခင္း၊ ေခါင္းအုံးစြပ္စတာေတြကို စိမ္ပါ။.ၿပီးေနာက္ ပုံမွန္အတိုင္းေလွ်ာ္ပါ။ ေလွ်ာ္ဖြပ္လို႔မရတဲ့ ပစၥညး္ေတြဆို ထိုအရည္ကို ျဖန္းၿပီး အဝတ္သန႔္တစ္ခုႏွင့္အတူ သုတ္ေပးပါ။ ယူကလစ္အနံ႔မႀကိဳက္ရင္ tea tree oil ကိုအစားထိုးႏိုင္ပါတယ္။


၆။ ဆန္ပိုး
ဂ်ဳံမႈန႔္ေတြ၊ ပဲေတြ၊ ဆန္ေတြမွာ ဒီပိုးေကာင္ေလးေတြကို ေတြ႕ဖူးၾကမွာပါ။ ဒီဆန္ပိုးေတြကို ဖယ္ရွားဖို႔ သဘာဝနည္းလမ္းေလးေတြ ရွိပါတယ္။ ဆန္ပိုးေတြဟာ ကရေဝး႐ြက္ ၊ ေလးညႇင္းပြင့္ေတြရဲ႕ အနံ႔ကို မႀကိဳက္ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ဆန္ပုံးထဲမွာ ကရေဝး႐ြက္ သို႔မဟုတ္ ေလးညႇင္းပြင့္ေလးေတြ ထည့္ထားေပးပါ။

Unicode

သင့်အိမ်ထဲက အင်းဆက်ပိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မယ့် နည်းလမ်း ၆ ခု

အိမ်တွေမှာ ပိုးဟတ်၊ ပုရွက်ဆိတ်၊ စတဲ့အင်းဆက်ပိုးတွေကို နှိမ်နင်းဖို့အတွက် အများအားဖြင့် ဓါတုပိုးသတ်ဆေးတွေ သုံးကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေက အင်းဆက်ပိုးမွှားတွေကို သေစေနိုင်ပေမယ့် ကလေးတွေ၊ အိမ်မွေးတိရိိစ္ဆာန်လေးတွေရှိရင် အဆိပ်အတောက်ဖြစ်စေသလို အန္တရာယ်လည်း ရှိနိုင်ပါတယ်။ ဒီလိုအန္တရာယ်မဖြစ်အောင် သဘာဝနည်းလမ်းနှင့် တတ်နိုင်သမျှ ဘေးကင်းတာကို သုံးဖို့လိုပါတယ်။

၁။ ပိုးဟပ်
ပိုးဟပ်တွေကို အိမ်ထဲမှာ မြင်ရတာဟာ မသတီစရာကောင်းသလို သူတို့က အလွန်အန္တရာယ်ရှိတဲ့ ရောဂါများကိုလည်း သယ်ဆောင်စေနိုင်ပါတယ်။ ဒီပိုးဟပ်တွေကို ဖယ်ရှားဖို့ ကြက်သွန်နီကို တစ်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းဖြူးပါ။ ဒီနည်းလမ်းက အလွန်စျေးပေါသလို ဘေးကင်းလုံခြုံမှုလည်းရှိပါတယ်။ ထိုကြက်သွန်ခြမ်းလေးတွေကို သင့်ရဲ့အိမ်ထာင့်လေးတွေမှာ ထားပါ။ နေ့တိုင်းပြုလုပ်ပေးရင် ပိုးဟပ်တွေ ကင်းဝေးသွားပါလိမ့်မယ်။

၂။ ပင်ဖျက်ပိုးတွေ
ပျပိုး၊ ပင့်ကူလေးတွေ၊ တခြားပင်ဖျက်ပိုးတွေက သင့်ဥယျာဉ်ကို ပျက်စီးစေနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ သုံးလို့ရပေမယ့် ဟင်းသီးဟင်းရွက် ၊အသီးတွေကို စားမရဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်ဖြူ သို့မဟုတ်ကြက်သွန်နီခွက်တစ်ဝက်ကို ငရုတ်သီး ခွက်တစ်ဝက်နဲ့ရောပါ။ ခပ်ပျစ်ပျစ်ရတဲ့အထိ blenderဖြင့် မွှေပါ။ ရေနွေး 500 မီလီနဲ့ရောပါ။ 24နာရီလောက် နွေးတဲ့နေရာမှာထားပါ။ အဲ့ဒီအရည်ကိုစစ်ပြီး သင့်ရဲ့အပင်တွေကို ဖြန်းပေးပါ။

၃။ ပင့်ကူများ
ဒီသဘာဝနည်းလမ်းက ပင့်ကူတွေကို သေစေမှာမဟုတ်ပေမယ့် အိမ်ထဲမှာ ပင့်ကူတွေ ကင်းဝေးစေပါလိမ့်မယ်။ ရေ 200မီလီနဲ့ ဆပ်ပြာရည် 1/4 tsp ထဲကို ပူစီနံဆီ ၅စက် ၁ဝစက်လောက် ထည့်ပါ။ ကောင်းစွာလှုပ်ပေးပြီး ပင်ကူရှိတဲ့နေရာတွေမှာ ဖြန်းပေးပါ။ ပင့်ကူတွေ ကင်းဝေးသွားတဲ့အထိ တစ်ပတ်တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ ပူစီနံဆီနေရာမှာ လာဗင်ဒါဆီ၊ ယူကလစ်ဆီ၊ လက်ဖက်ရွက်ဆီတိို့ အစားထိုးလို့ရပါတယ်။

၄။ ပုရွက်ဆိတ်များ
ပုရွက်ဆိတ်တွေဟာ သင့်ရဲ့မီးဖိုချောင် ၊ ထမင်းစားစားပွဲတွေပေါ်မှာ နေရာယူနေတတ်ပြီး အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။ ဒီတော့ သဘာဝနည်းလမ်းလေးကိုသုံးပြီး ပုရွက်ဆိတ်တွေကို နှိပ်နင်းရပါမယ်။ ပုရွက်ဆိတ်တွေက သစ်ကြံပိုးနံ့ကို လုံးဝမုန်းပါတယ်။ ပုရွက်ဆိတ်တွေလာနိုင်တဲ့နေရာမှာ သစ်ကြံပိုးမှုန့်တွေ ဖြူးထားပါး။ ပိုပြီးထိရောက်စေချင်ရင် သစ်ကြံပိုးမှုန့်ကို essential oil အနည်းငယ်ထည့်နိုင်ပါတယ်။

၅။ ဖုန်မွှားကောင်
အိမ်ထဲက ဖုန်တွေ၊ အမှုန်တွေထဲမှာ ကပ်ပါးကောင် သေးသေးလေးတွေရှိတယ်။ Dust Mite လို့ခေါ်ပါတယ်။ ဒီအကောင်လေးတွေက သေးငယ်တာကြောင့် မျက်စိနဲ့မမြင်နိုင်ပါဘူး။ သူတို့ဟာ အရေပြားဆဲလ်ဟောင်းတွေကို စားသောက်ပြီးရှင်သန်တယ်။ စိုထိုင်းတဲ့နေရာမှာပိုများတယ်။ အသက်ရှူလမ်းကြောင်းကနေဝင်ပြီး ဓာတ်မတည့်တာဖြစ်စေတယ်။ အများအားဖြင့် အိပ်ရာခင်း၊ ခေါင်းအုံး၊ ဆိုဖာတွေမှာ ရှိနေတတ်ပါတယ်။ ဖုန်မွှားကောင်က မကိုက်ပေမယ့် အရေပြားယားယံမှုတွေ အလာ့ဂျစ်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။

ရေ ၁ပုံးထဲကို ဆပ်ပြာရည် 1.5 tsp နှင့် ယူကလစ်ဆီ 6 tsp ရောပါ။ ထိုအရည်ထဲမှာ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်စတာတွေကို စိမ်ပါ။.ပြီးနောက် ပုံမှန်အတိုင်းလျှော်ပါ။ လျှော်ဖွပ်လို့မရတဲ့ ပစ္စညး်တွေဆို ထိုအရည်ကို ဖြန်းပြီး အဝတ်သန့်တစ်ခုနှင့်အတူ သုတ်ပေးပါ။ ယူကလစ်အနံ့မကြိုက်ရင် tea tree oil ကိုအစားထိုးနိုင်ပါတယ်။

၆။ ဆန်ပိုး
ဂျုံမှုန့်တွေ၊ ပဲတွေ၊ ဆန်တွေမှာ ဒီပိုးကောင်လေးတွေကို တွေ့ဖူးကြမှာပါ။ ဒီဆန်ပိုးတွေကို ဖယ်ရှားဖို့ သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။ ဆန်ပိုးတွေဟာ ကရဝေးရွက် ၊ လေးညှင်းပွင့်တွေရဲ့ အနံ့ကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ဆန်ပုံးထဲမှာ ကရဝေးရွက် သို့မဟုတ် လေးညှင်းပွင့်လေးတွေ ထည့်ထားပေးပါ။