ျပည္တြင္းသတင္း

အအေးလှိုင်း ဖြစ်စဉ် တဖြည်းဖြည်း အားကောင်းလာ၊ ဆောင်းတွင်း အအေးပိုမည်

အေအးလွိုင္း ျဖစ္စဥ္ တျဖည္းျဖည္း အားေကာင္းလာ၊ ေဆာင္းတြင္း အေအးပိုမည္

ပစိဖိတ္သမုဒၵရာရဲ့ ေလထုအညြန္းကိန္းနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္က ပုံမွန္ထက္ေက်ာ္လြန္ၿပီး ပိုေအးလာလို႔ ျမန္မာနိုင္ငံရဲ့ ေဆာင္းရာသီအတြင္း အေအးဓာတ္ ပိုလာနိုင္တယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒညႊန္ၾကားမွုဦးစီးဌာနကေန သိရပါတယ္။

“လာနီညာရဲ့ သေဘာသဘာဝက ေအးျမၿပီးေတာ့ စိုစြတ္တဲ့ သေဘာရွိတယ္ေပါ့ေနာ္၊ အဲ့ဒီေတာ့ လာမယ့္ေဆာင္းရာသီမွာေတာ့ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ အေအးသက္ေရာက္မွုေတြ ရွိနိုင္တယ္။

 

တခ်ိဳ႕ေဒသေတြမွာေတာ့ ပုံမွန္အပူခ်ိန္ေလာက္မွာပဲရွိၿပီး တခ်ိဳ႕ေဒသေတြမွာေတာ့ ပုံမွန္ထက္ ပိုေအးနိုင္တာလည္း ရွိပါတယ္။” လို႔ မိုးေလဝသနဲ႔ဇလေဗဒညႊန္ၾကားမွုဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

ဒါ့အျပင္ လာနီညာျဖစ္စဥ္ကို ဖိလစ္ပိုင္နဲ႔ ၾသစေၾတးလ်နိုင္ငံတို႔ပဲ တိုက္ရိုက္ထိေတြ႕မွုရွိၿပီး ျမန္မာနိုင္ငံက တိုက္ရိုက္ထိေတြ႕နိုင္တာမရွိတဲ့အတြက္ ထူးထူးျခားျခားထိခိုက္နိုင္တာေတာ့ မရွိဘူးလို႔ ဆိုပါတယ္။

 

ကမၻာေပၚမွာ အယ္နီညိဳနဲ႔ လာနီညာျဖစ္စဥ္ေတြက စက္တင္ဘာလေလာက္က စတင္ျဖစ္ေပၚေနၿပီး နိုဝင္ဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ အားေကာင္းတဲ့ အဆင့္ထိ ျဖစ္နိုင္သလို ေဖေဖာ္ဝါရီ လေလာက္မွာေတာ့ အားေပ်ာ့သြားတတ္တယ္လို႔ မိုးဇလဦးစီးဌာနရဲ့ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

 

လာနီညာျဖစ္စဥ္က ပစိဖိတ္သမုဒၵရာမွာ ျဖစ္ေပၚတယ္ဆိုေပမယ့္ အဲဒီျဖစ္စဥ္ေၾကာင့္ အက်ိဳးသက္ေရာက္မွုက ေယုယ်အားျဖင့္ ေဆာင္းရာသီကာလအတြင္း –

အေရွ႕ေျမာက္မုတ္သုန္ေလကို ပိုအားေကာင္းေစလို႔ ညအပူခ်ိန္ေလ်ာ့နည္းတာေတြ၊ အေအးပိုတာေတြ၊ အေရွ႕ဘက္က ေလေပြလွိုင္းတိုက္ တိုက္ခတ္တာေတြနဲ႔ အခ်ိန္အခါမဟုတ္ မိုးရြာသြန္းတာေတြ ပိုမိုျဖစ္ေပၚနိုင္တယ္လို႔ ဆိုပါတယ္။

အီေကြတာကေန ေရေအးစီးေၾကာင္းဆင္းလာရင္ လာနီညာျဖစ္ၿပီး ေရေႏြးစီးေၾကာင္းစီးဆင္းလာရင္ အယ္နီညိဳ ျဖစ္စဥ္ျဖစ္လာနိုင္တယ္လို႔ သိရပါတယ္။

Credit

Unicode

အအေးလှိုင်း ဖြစ်စဉ် တဖြည်းဖြည်း အားကောင်းလာ၊ ဆောင်းတွင်း အအေးပိုမည်

ပစိဖိတ်သမုဒ္ဒရာရဲ့ လေထုအညွန်းကိန်းနဲ့ ပင်လယ်ရေမျက်နှာပြင်က ပုံမှန်ထက်ကျော်လွန်ပြီး ပိုအေးလာလို့ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအတွင်း အအေးဓာတ် ပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

“လာနီညာရဲ့ သဘောသဘာဝက အေးမြပြီးတော့ စိုစွတ်တဲ့ သဘောရှိတယ်ပေါ့နော်၊ အဲ့ဒီတော့ လာမယ့်ဆောင်းရာသီမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အအေးသက်ရောက်မှုတွေ ရှိနိုင်တယ်။

တချို့ဒေသတွေမှာတော့ ပုံမှန်အပူချိန်လောက်မှာပဲရှိပြီး တချို့ဒေသတွေမှာတော့ ပုံမှန်ထက် ပိုအေးနိုင်တာလည်း ရှိပါတယ်။” လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဒါ့အပြင် လာနီညာဖြစ်စဉ်ကို ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံတို့ပဲ တိုက်ရိုက်ထိတွေ့မှုရှိပြီး မြန်မာနိုင်ငံက တိုက်ရိုက်ထိတွေ့နိုင်တာမရှိတဲ့အတွက် ထူးထူးခြားခြားထိခိုက်နိုင်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အယ်နီညိုနဲ့ လာနီညာဖြစ်စဉ်တွေက စက်တင်ဘာလလောက်က စတင်ဖြစ်ပေါ်နေပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အားကောင်းတဲ့ အဆင့်ထိ ဖြစ်နိုင်သလို ဖေဖော်ဝါရီ လလောက်မှာတော့ အားပျော့သွားတတ်တယ်လို့ မိုးဇလဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တယ်ဆိုပေမယ့် အဲဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုက ယေုယျအားဖြင့် ဆောင်းရာသီကာလအတွင်း –

အရှေ့မြောက်မုတ်သုန်လေကို ပိုအားကောင်းစေလို့ ညအပူချိန်လျော့နည်းတာတွေ၊ အအေးပိုတာတွေ၊ အရှေ့ဘက်က လေပွေလှိုင်းတိုက် တိုက်ခတ်တာတွေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အီကွေတာကနေ ရေအေးစီးကြောင်းဆင်းလာရင် လာနီညာဖြစ်ပြီး ရေနွေးစီးကြောင်းစီးဆင်းလာရင် အယ်နီညို ဖြစ်စဉ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Credit