ပြည်တွင်းသတင်း

၁၅ ရက်အတွင်း အိမ်မှာနေရမယ့်အပြင် လူစုလူဝေးပြုလုပ်ရင် အရေးယူတော့မယ်

၁၅ ရက်အတွင်း အိမ်မှာနေရမယ့်အပြင် လူစုလူဝေးပြုလုပ်ရင် အရေးယူတော့မယ်

နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at Home ကာလအဖြစ် သတ် မှတ်သွားမှာ ဖြစ်ပြီး စည်းကမ်းလိုက်နာမှုတွေမှရှိဘဲ

လူစုလူဝေးနဲ့ ဆန္ဒပြတဲ့သူတွေနဲ့ ဝန်းရံတာတွေပြုလုပ်လာရင် အရေးယူမှုတွေ ဖြစ်လာနိုင်တဲ့ သဘောရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက VOM ကို ပြောပါတယ်။

“နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ မှာဆိုရင် Stay at Home အမိန့်တွေကို ထုတ်ပြန်သွားမယ်ဆိုဒါဟာ

အရင်တုန်းကဆို Stay at Home လုပ်တယ် မြို့နယ်တွေလုပ်တယ်၊ အခုဆိုရင် ၇၄ မြို့ နယ်ရှိပြီ တစ်ခါမှ ကြိုပြီး အများကြီး ကြေ ငြာထားတာ မရှိဘူး

အခုတစ်ခါမှာ ရက်တော်တော်လေးစောပြီးတော့ ကြေငြာထားတယ်ဆိုတာက ပြည်သူတွေကို Alert လုပ်ထားတဲ့သဘောပဲဖြစ်ပါတယ်။

စည်းကမ်းမလိုက်နာရင်လည်းနောက်ကနေ အရေးယူမှုတွေ လာနိုင်တယ်ဆိုတာကို ကျမအနေနဲ့ ပြောတာဖြစ်ပါတယ်။ ဒါကတော့ အရေးယူမှာဖြစ်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် ကနေ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူတွေ နေအိမ်မှာ နေထိုင်ဖို့ ပန်ကြားချက်ကို ထုတ်ပြန် သွားရေးအတွက် COVID–19 ကာကွယ်၊ ထိန်းချုပ်၊

ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ နိုဝင် ဘာ ၁၇ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကအစည်းအဝေးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နိုင်ချေရှိသဖြင့် နို၀င်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အိမ်မှာသာနေရန် ပန်ကြားချက်ထုတ်ပြန်ရန်ဖို့ ၊

စိုးရိမ်ရတဲ့လူနာဖြစ်ရင် မိသားစု၊ ဆွေမျိုးထဲကနေ လူနာစောင့်တဦး လိုက်ပါခွင့်ပြုဖို့၊ Stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာ A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်၊

လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်မှာ ပြန်ဖွင့်ခွင့်ပြုရန်။ Stay Home မသတ် မှတ်ထားတဲ့ မြို့တွေက တန်ခိုးကြီးဘုရား၊ စေတီတွေကိုတနေ့ ၂ ကြိမ်

လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ဖူးမျှော်ခွင့်ပြုရန်၊ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးညတွေ ဘုရားကျောင်းတွေမှာ လူ၅၀ ထက် မပိုစေပဲ ၀တ်ပြုဆုတောင်းခွင့်ပြုဖို့၊ ဖျော်ဖြေရေးအစီအစဉ်တွေကို

ရုပ်မြင်သံကြားကနေ တိုးမြှင့်ထုတ်လွှင့်ဖို့နဲ့ – ကညနလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ကြရန် စတဲ့အချက်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ညီသစ်(VOM)