(၁) နံပါတ် ၁
(၂) နံပါတ် ၂
(၃) နံပါတ် ၃
credit to original
ဖယောင်းတိုင်လေးတွေက ပြောပြမယ့် သင့်ဘဝအတွက် အရေးကြီးတဲ့အကြံဉာဏ်တချို့
(၁) နံပါတ် ၁
လက်တလောအခြေအနေမှာ သင့်အနေနဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် အခုအချိန်မှာ သင့်ဟာ စိတ်ဖိအားတွေ အများကြီးရရှိနေတတ်ပြီး ဒီအခြေအနေကနေ ဖြတ်ကျော်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီဖယောင်းတိုင်လေးက သင့်ကိုအကြံပေးထားတာကတော့ သင့်အနေနဲ့ အရာအားလုံးကို သေသေချာချာရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်ဖို့ပါ။ ဒီလို ခြေတစ်လှမ်းနောက်ဆုတ်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့ အကြောင်းအရာတစ်ချို့ကို ကွဲပြားတဲ့အမြင်ရှုထောင့် တစ်ခုကနေ ထပ်မြင်နိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့သံသယတွေနဲ့ မရေရာမသေချာတဲ့အတွေးအခေါ်တွေကို စွန့်လွှတ်လိုက်ပါ။ ဒါမှ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းနဲ့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်မှာပါ။
(၂) နံပါတ် ၂
သင့်အနေနဲ့ သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ် ဒါမှမဟုတ် တစ်ခြားအရာတစ်ခုမှာ အောင်မြင်မှုတွေရရှိဖို့ အရမ်းကို ပြင်းပြတဲ့စိတ်ဆန္ဒရှိနေပါတယ်။ ဒီစိတ်ကြောင့် သင်ဟာနောက်ဆုံးမှာ မလိုလားအပ်တဲ့ စိတ်ဖိအားတွေနဲ့ စိတ်မရှည်မူတွေ ဖြစ်လာနိုင်ပါတယ်။ အရာရာဟာ ကြိုးစားရင် တစ်ချိန်ချိန်မှာ ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုကို ရရှိမှာဖြစ်တဲ့အတွက် ဒီဖယောင်းတိုင်လေးကနေ သင့်ကိုအကြံပေးချင်တာက ဘယ်အရာကိုမဆို စိတ်ရှည်သည်းခံပြီး လုပ်ဆောင်ဖို့ပါ။ သင်ဟာ ရည်မှန်းချက်ကြီးပြီး နည်းစနစ်တကျ တွေးခေါ်စဉ်းစားတတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီးသာ လုပ်ဆောင်ရင် သင့်အနေနဲ့ အောင်မြင်မှုတွေကို ရရှိမှာ မလွဲမသွေပါပဲ။
(၃) နံပါတ် ၃
သင်ဟာ အလိုလျောက်ထိုးဖောက် သိမြင်နိုင်စွမ်းတွေ ရှိတဲ့သူတစ်ဦးဖြစ်ပြီး ဘယ်အရာကိုမဆို အရှုံးမပေးပဲ ပြီးဆုံးအောင် လုပ်ဆောင်တတ်တဲ့အကျင့်ရှိပါတယ်။ သင့်ရဲ့ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေကြောင့် တစ်ခြားလူတွေရဲ့အားကျခြင်းကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ရိုးသားမှုနဲ့ သမာဓိရှိမှုတွေကြောင့်လည်း လူတိုင်းရဲ့လေးစားခြင်းကို ခံရတတ်ပါတယ်။ အခုချိန်ဟာ သင့်မှာရှိတဲ့အရည်အချင်းတွေကို လူတိုင်းသိအောင် ပြသဖို့အကောင်းဆုံးအချိန်ပါ။ ကိုယ့်ရဲ့အရည်အချင်းတွေကို ယုံကြည်ပြီး တစ်ခါလောက်ကြိုးစားကြည်ရုံနဲ့ အောင်မြင်မှုတွေ ကျိန်းသေပေါက် ရလာနိုင်တယ်လို့ ဒီဖယောင်းတိုင်လေးက ပြောထားပါတယ်။ သင်ဟာ အမြဲတမ်းစိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေပြီး တတ်ကြွနေပေမယ့် လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ညံ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အနည်းငယ် တိုးတတ်အောင်လုပ်လိုက်ရင် အဖက်ဖက်ကပြည့်စုံသွားပြီလို့လည်း ဖယောင်းတိုင်လေးက အကြံပေးထားပါသေးတယ်။
credit to original