အဆိုတော်ကြီးထူးအယ်လင်းကတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကျိုက်ထီး ရိုးတောင်ပေါ်က အထမ်းသမားမိသားစု တွေအတွက် အခြေခံစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းပေးမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒီကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားအဖြစ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ အိမ်ထောင်စုဟာ ၉၀၀ ကျော်ရှိတယ် လို့သိရ ပါတယ်။
အဲဒီ အိမ်ထောင်စု ၉၀၀ အတွက်လိုအပ်တဲ့စားသောက်ကုန်လေးတွေလှူဒါန်းဖို့အတွက် အဆိုတော်ထူးအယ်လင်းက ၅သိန်းကျပ် စတင်ကာ မတည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
“ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော်ရှိ ပါတယ်။ အထမ်းသမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ငါးဆယ်သားတစ်ထုပ်၊ ခုနှစ်ရက်တစ်ပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ် တစ်ထုပ် အစရှိ တဲ့ရိက္ခာများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ မှီတင်းနေတဲ့ အထမ်းသမားအိမ်ထောင်စု ၉၀၀ ကျော်ကို သွားရောက် ဝေမျှကူညီပံ့ပိုးပါမယ်ဗျ” လို့ အဆိုတော်ကြီး ထူးအယ်လင်းက အသိပေးပြောပြထားတာဖြစ်ပါတယ်။
အဲဒီလို သွားရောက်ကူညီရာမှာတော့ တောင်ခြေမှာရှိတဲ့ အိမ်ထောင်စုကို စာရင်း ကောက်ပြီးမျှဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Photo Credit