အနုပညာသတင္း

ပရိသတ်တွေ စောင့်မျှော် နေကြတဲ့ သူ့ရဲ့သတင်းကောင် းလေးတစ်ခုကို ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ စောင့်မျှော် နေကြတဲ့ သူ့ရဲ့သတင်းကောင် းလေးတစ်ခုကို ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်း နှစ် (၂၀)ကျော်အတွင်း အောင်မြင်မှုတွေကိုသာ တဖွဲဖွဲ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

အနုပညာ သက်တမ်းကြာရင့် လာတာနဲ့အမျှ အားပေးသူ ပရိသတ်တွေ တစ်နေ့တစ်ခြားတိုးလာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို နယ်ပယ်အသီးသီးက အသက် အရွယ် မျိုးစုံနဲ့ ပရိသတ် တွေကလည်း စွဲစွဲမြဲမြဲ အားပေးကြဆဲ ဖြစ်ပါ တယ်။

စိုင်းစိုင်းခမ်းလှိုင် ကလည်း အခုအချိန် ထိ တစ် ကိုယ်တည် းလူပျိုကြီးအဖြစ် အောင်မြင်မှုအရှိန် အဟုန် တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါ တယ်။

ဒီကနေ့ မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ် တွေအတွက် သတင်းကောင်းလေးတစ်ခုကို အခုလိုပဲ ဝေမျှ ပေးလာခဲ့ ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော့် Music Video တွေ ကိုဗစ်ကြောင့်ဆက်မရိုက်နိုင်ဘူး အခွေထွက်ဖို့လည်းကြာနေတယ်။

ဒီအပတ်မှာ ရိုက်ပြီးသမျှထဲက တစ်ပုဒ်ထွက်ပါမယ်။ ဆန်းဒေး နေ့လည် တူတူကြည့်ကြမယ်လေ O.M.G အံ့ဩတာပဲ” တာပဲဖြစ်ပြီး သီချင်း MV သစ်တစ်ပုဒ် ထွက်ရှိမယ့်အကြောင်းကို ပြောလာခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ မကြာခင်မှာလည်း သူ့ရဲ့ “မူလလက်ဟောင်း စိုင်းစိုင်းခမ်းလှိုင်” ဆိုတဲ့ အယ်လ်ဘမ်အသစ်ကိုလည်း ထွက်ရှိသွားဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီတစ်ပတ် တနင်္ဂနွေနေ့မှာထွက်ရှိမယ့် စိုင်းစိုင်းရဲ့ သီချင်းသစ်လေးကို စောင့်မျှော်အေားပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ c r d