ပြည်တွင်းသတင်း

ကုန်တင်ယာဉ်မောင်းများ၊ယာဉ်နောက်လိုက်များ ဆေးရုံဆင်းပါက ထောက်ပံ့ငွေ ကျပ်တစ်သိန်း တောင်းခံနိုင်

မြန်မာနိုင်ငံအတွင်းရှိ အနယ်အနယ် အရပ်ရပ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရ၍ဆေးရုံသို့တက်ရောက်ကာ ဆေးကုသမှုခံယူနေရသည့်ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့်

 

တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ဆေးရုံဆင်းပါက ဆက်သွယ်တောင်းခံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

”ဒီအစီအစဉ်ကို ပိုလျှင်လှူ၊ မပိုလျှင် ဝေမျှလို့ အမည်ပေးထားတာဖြစ်ပြီး အဓိကကတော့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့တာယာကုမ္ပဏီတို့၊ ကုန်စည်ဂိတ်ပိုင်ရှင်တွေကနေအလှူငွေတွေကို မတည်လှူဒါန်းပေးထားတာဖြစ်တဲ့အတွက် ရရှိတဲ့အလှူငွေပေါ် မူတည်ပြီးတော့ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။

လက်ရှိမှာတော့ ကုန်တင်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ၃၅ ဦးကို တစ်ဦး ကျပ်တစ်သိန်းနှုန်းနဲ့ထောက်ပံ့ပေးထားရာမှာ အဆိုပြုလျှောက်လွှာတင်ထားတဲ့သူတွေကိုလည်း လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိမရှိနဲ့ စာရွက်စာတမ်းတွေပြည့်စုံမှုရှိမရှိကို စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ လွယ်ကူစွာလျှောက်ထားနိုင်ဖို့အတွက် ဠငဘနမ ဖုန်းနံပါတ်တွေကိုစီစဉ်ပေးထားသလို အချက်အလက်တွေ မှန်ကန်ပြည့်စုံတယ်ဆိုတာနဲ့ အမြန်ဆုံး ထောက်ပံ့ငွေလွှဲပေးနေတာပါ”ဟု မန္တလေးတိုင်းဒေသကြီး၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှဥက္ကဌ ဦးကျော်သူရက ပြောကြားသည်။

ကိုဗစ်ပိုးကူးစက်ခံရသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် ဆေးရုံဆင်းသည်နှင့် ဆေးရုံဆင်းလက်မှတ်ဓာတ်ပုံ၊ ပိုးတွေ့အတည်ပြုအဖြေထွက်စဉ် မောင်းနှင်ခဲ့သောကားနံပါတ်၊ ကားလိုင်းစင်(ရှေ့နောက်)ဓာတ်ပုံ၊ကားလုပ်ငန်းလိုင်စင် ဓာတ်ပုံ၊ ယာဉ်မောင်း(သို့)ယာဉ်နောက်လိုက်၏

လိုင်စင်ဓာတ်ပုံ၊ မိမိနေထိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ပိုးတွေ့အတည်ပြုအဖြေထွက်စဉ်စစ်ဆေးခဲ့သောနေရာ စသည်တို့ကို ဖုန်း-ဝ၉-၂ဝ၄၃၇၇၅၊ ဖုန်း-ဝ၉၅၁၇၃၉၇၈၊ ဖုန်း-ဝ၉-၂ဝဝ၆၃၂၈တို့ သို့ ဠငဘနမ မှ တစ်ဆင့်ဆက်သွယ်ပေးပို့ခြင်းအားဖြင့် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကိုရယူနိုင်မည်ဖြစ်သည်။

ယခုလှူဒါန်းမှု အစီအစဉ်အတွက် IME International Coltd(Traingle Tyre)မှငွေကျပ် သိန်းသုံးဆယ်၊ Sailun Tyre Myanmar(စမ်းငွေရောင်ကုမ္ပဏီလီမိတက်)မှ ငွေကျပ်ခြောက်သိန်း အပါအဝင် ကုန်စည်ဂိတ်ပို့ဆောင်ရေးလုပ်ငန်းများမှ အလှူငွေများကိုအသီးသီးထည့်ဝင် လှူဒါန်းထားကြကြောင်းသိရသည်။

Myanmanmar Time