ထိုင်းထီ ၁၅ စောင်တွဲ ပေါက်ခဲ့သူ ရုတ်တရက် သေဆုံး
၂၀-၁၁-၂၀၂၀
၂၀၁၈ ခုနှစ်က ထိုင်း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ် ၁၅ စောင်တွဲ ပေါက်ခဲ့တဲ့ ဥဒေါင်ဌာနီ ခရိုင်က နိုင် စုန်ဖန် စူရမ်ကို Somparn Suranakul အသက်(၄၀) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့ကြောင်းထိုင်းသတင်းမီဒီယာတွေမှာဖေါ်ပြနေပါတယ်။
ဘဝမှာ တဆစ်ချိုး အပြောင်းအလဲဖြစ်သွားခဲ့တဲ့ ဘတ်သန်း ၉၀ ထီသူဌေး စေရာသေး ( ပေးထားတဲ့ သူဌေးဘွဲ့) ဟာ ထီပေါက်ပြီး တနှစ်ကျော်မှာ လူမှုရေးဖေါက်ပြန်မှုတွေ ဖြစ်လာပြီလို့ သတင်းတွေထွက်ပြီး ဇနီး ကျေးအော် (၄၈) နှစ်နဲ့ တရားဝင် ကွာရှင်းခဲ့တာ လပိုင်းသာရှိပါသေးတယ်။
ဇနီးဖြစ်တဲ့ Wanlee Panyasai ဝမ်လီပန်ယာစိုင် (ကျေးအော်) အသက်၄၈နှစ်ဟာ အိမ်ထောင်များသူလို့ နံမည်ကြီးခဲ့သူဖြစ်ပြီး ပထမဆုံး ယောက်ကျား ဥရောပ သား (သေဆုံး)ထံကနေ အမွေသန်း ပေါင်းများစွား ရပြီးထားသူဖြစ်ပါတယ်။
ယခုသေဆုံးသူ ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး နှစ်ဦးသဘောတူ ပြတ်စဲ လိုက်တဲ့အခါ ခင်ပွန်းကို ဘတ်ငွေသန်း(၅၀) ပေး ကွာရှင်းလိုက်ပြီလို့ သူကိုယ်တိုင် ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သေဆုံးသူအမျိုးသားဟာမိနစ်သုံးဆယ်ကြာ live လွှင့်ပြီး သန်းကြွယ်သူဌေးဘဝနဲ့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ ပိုစ့်တင်ခဲ့ပြီးစိန်တွေဝယ်နေတဲ့ရုပ်သံကိုပါပြသခဲ့တာပါ
အဲဒီနောက် သူနဲ့ တွဲနေတဲ့ အမျိုးသမီး (၄) ယောက်ရှိနေတယ် တရားဝင် ယူဘို့တော့ မစဉ်းစားသေးဘူးလို့ ထုတ်ပြောနေတာလည်း တွေ့ရပါတယ်။
ဘာကြောင့် သေဆုံးရတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဥဒေါင် ဌာနီဆေးရုံက တရားဝင်ထုတ်ပြန်တာမတွေ့ရသေးပေမယ့် သေဆုံးသူ ဟာ မကြာသေးခင် တစ်ကြိမ်ဖျားနာနေကောင်းဖြစ်ခဲ့ပြီး ပြန်ကောင်းလာတယ် ဒီရက်ပိုင်းမှာ အားကစားလုပ်နေရင်း အသက်ရူကြပ် လာတယ် ဆိုပြီး ဆေးရုံတင်ခဲ့ရတယ် လို့ မိသားစုဝင်တစ်ဦးက ထုတ်ဖေါ်ပြောဆိုကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ် ။
Credit PPTV 36
SAW
ထိုင်းထီ ၁၅ စောင်တွဲ ပေါက်ခဲ့သူ ရုတ်တရက် သေဆုံး
၂၀-၁၁-၂၀၂၀
၂၀၁၈ ခုနှစ်က ထိုင်း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ် ၁၅ စောင်တွဲ ပေါက်ခဲ့တဲ့ ဥဒေါင်ဌာနီ ခရိုင်က နိုင် စုန်ဖန် စူရမ်ကို Somparn Suranakul အသက်(၄၀) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့ကြောင်းထိုင်းသတင်းမီဒီယာတွေမှာဖေါ်ပြနေပါတယ်။
ဘဝမှာ တဆစ်ချိုး အပြောင်းအလဲဖြစ်သွားခဲ့တဲ့ ဘတ်သန်း ၉၀ ထီသူဌေး စေရာသေး ( ပေးထားတဲ့ သူဌေးဘွဲ့) ဟာ ထီပေါက်ပြီး တနှစ်ကျော်မှာ လူမှုရေးဖေါက်ပြန်မှုတွေ ဖြစ်လာပြီလို့ သတင်းတွေထွက်ပြီး ဇနီး ကျေးအော် (၄၈) နှစ်နဲ့ တရားဝင် ကွာရှင်းခဲ့တာ လပိုင်းသာရှိပါသေးတယ်။
ဇနီးဖြစ်တဲ့ Wanlee Panyasai ဝမ်လီပန်ယာစိုင် (ကျေးအော်) အသက်၄၈နှစ်ဟာ အိမ်ထောင်များသူလို့ နံမည်ကြီးခဲ့သူဖြစ်ပြီး ပထမဆုံး ယောက်ကျား ဥရောပ သား (သေဆုံး)ထံကနေ အမွေသန်း ပေါင်းများစွား ရပြီးထားသူဖြစ်ပါတယ်။
ယခုသေဆုံးသူ ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး နှစ်ဦးသဘောတူ ပြတ်စဲ လိုက်တဲ့အခါ ခင်ပွန်းကို ဘတ်ငွေသန်း(၅၀) ပေး ကွာရှင်းလိုက်ပြီလို့ သူကိုယ်တိုင် ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သေဆုံးသူအမျိုးသားဟာမိနစ်သုံးဆယ်ကြာ live လွှင့်ပြီး သန်းကြွယ်သူဌေးဘဝနဲ့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ ပိုစ့်တင်ခဲ့ပြီးစိန်တွေဝယ်နေတဲ့ရုပ်သံကိုပါပြသခဲ့တာပါ
အဲဒီနောက် သူနဲ့ တွဲနေတဲ့ အမျိုးသမီး (၄) ယောက်ရှိနေတယ် တရားဝင် ယူဘို့တော့ မစဉ်းစားသေးဘူးလို့ ထုတ်ပြောနေတာလည်း တွေ ့ရပါတယ်။