ပြည်တွင်းသတင်း
မှန်းသမျှ အမြဲမှန်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံကတော့ တန်ဆောင်တိုင် ပွဲဖျက်မယ့် မိုးအကြောင်းကို ပြောလိုက်ပါပြီ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မဆီမဆိုင်ရွာတဲ့မိုးကို မေ့အချစ်မိုးအဖြစ်နဲ့ တစ်ကိုယ်လုံးရွှဲစိုသွားပါစေ မိုးရေ။ ၂၀၂၀ နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲနှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာနိုင်ပါတယ် အိန္ဒိယဖက်ကိုသာ သွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနိုင်ခြင်းတော့ မရှိပါဘူး။
သို့သော်လည်းပဲ အထက်လေစီး မြန်မာအလှည့် ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မိုးရွာသွန်းလာနိုင်ပါတယ် ဘယ်ဒေသတွေ ရွာမယ် မရွာဘူး မိုးအနည်းအများကတော့ LPA အင်အားပေါ် မူတည်နေပြီး လေစီးမငြိမ်သေးလို့
ခန့်မှန်းပေးဖို့ခက်ခဲနေပါသေးတယ်။ တန်ဆောင်တိုင် ပွဲတော်ဖျက်မိုး ဖြစ်ဖို့များပါတယ်။ အင်အားနည်းမယ်ဆိုရင်တော့ အထက်လေစီး ဘယ်လိုရှိရှိ မိုးမများနိုင်ပါဘူး ရိတ်သိမ်းအခြောက်လှမ်းနေသူများနဲ့ ရေထိမခံနိုင်တဲ့
လုပ်ငန်းလုပ်နေကြသူတွေကတော့ နေ့စဉ်တင်ပေးနေတဲ့ ရက်နီးခန့်မှန်းချက်တွေကို အမြဲကြည့်ပေးကြပါနော်။ အခုရက်ဝေးခန့်မှန်းပေးရတာက ကြိုတင်သိရှိ သတိရှိရလေအောင် အသိပေးနေရခြင်း
ဖြစ်ပါတယ်ရှင့် 18/11/2020 at 4:05pm (MMT) Su SuSan။ တောင်ဖက်ပိုင်းက ကမ်းအလှ တနင်္သာရီမြေ ၂၀၂၀ နိုဝင်ဘာလ ၂၁ရက် ၂၂ရက်နေ့ တနင်္သာရီတိုင်း မှာ မိုးရွာနိုင်ပါတယ်။ 18/11/2020 at 5:43pm (MMT) Su SuSan ခရက်ဒစ်