ပြည်တွင်းသတင်း

အာဆီယံ ၁၀နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု မြန်မာ အဆင့် ၃နေရာသို့ရောက်ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၁၉။

အာဆီယံ ၁၀နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများအနက် မြန်မာနိုင်ငံသည် အဆင့် ၃နေရာသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အာဆီယံ ၁၀နိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေနဲ့စပ်လျဉ်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုသည် နိုဝင်ဘာလ ၁၈ရက်နေ့ ညပိုင်းအချိန်အထိ အတည်ပြုလူနာ ၇၃၃၂၂ဦးအထိရှိပြီဖြစ်ကာ ပိုးကင်းစင်သူ ၅၄၇၆၄ဦးနဲ့ သေဆုံးသူ ၁၆၅၀ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် တိုင်းနဲ့ပြည်နယ်များအနက် ရန်ကုန်တိုင်းမှာ အတည်ပြု လူနာဦးရေသည် ၅၄၀၀၀ကျော်အထိရှိနေတာပါ။

ကိုဗစ်ဗဟိုကော်မတီအနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၁ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ ၅ရက်နေ့အထိ နေအိမ်မှာ နေထိုင်စေရေးနဲ့စပ်လျဉ်းပြီး ပန်ကြားချက်ထုတ်ပြန်ရန် ရှိနေတာလည်းဖြစ်ပါတယ်။

zawgyi version