ျပည္တြင္းသတင္း

COVID-19 ကြောင့် ယခုဘဏ္ဍာနှစ်အစ ပထမလ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော်လျော့နည်းသွား

ယခုဘ႑ာႏွစ္အစ ပထမလျဖစ္ေသာ ေအာက္တိုဘာလတြင္ COVID-19 အေျခအေနမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ ေလ်ာ့နည္းခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာန သတင္းမ်ားအရ သိရပါတယ္။

Image may contain: outdoor

ယခုဘ႑ာႏွစ္အစ ပထမလတြင္ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ တန္ဖိုး ႏွစ္ဘီလီယံေက်ာ္သာရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ကာလတူက အေမရိကန္ေဒၚလာ ၂ ဒသမ ၈ ဘီလီယံေက်ာ္ရွိခဲ့သည့္အတြက္ ယခုဘ႑ာႏွစ္အစကုန္သြယ္မႈ အေမရိကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။ ယခုကဲ့သို႔ ကုန္သြယ္မႈ တန္ဖိုးမ်ားေလ်ာ့နည္းခဲ့ျခင္းမွာ ကိုဗစ္အေျခအေနေၾကာင့္ ထိုင္း၊ အိႏၵိယ၊ ဘဂၤလာေဒ့ရွ္ ႏိုင္ငံတို႔သို႔ နယ္စပ္ကုန္စည္တင္ပို႔မႈလုပ္ငန္းမ်ား ရပ္ဆိုင္းသြားခဲ့သည့္အတြက္ျဖစ္ေၾကာင္း သိရပါတယ္။

ယခုဘ႑ာႏွစ္အစ ကုန္သြယ္မႈအနက္ ပို႔ကုန္တင္ပို႔မႈမွာလည္း အေမရိကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္သာရွိခဲ့ၿပီး ယခင္ကာလတူထက္ အေမရိကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

Myanma Platform

ယခုဘဏ္ဍာနှစ်အစ ပထမလဖြစ်သော အောက်တိုဘာလတွင် COVID-19 အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန သတင်းများအရ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အစ ပထမလတွင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ တန်ဖိုး နှစ်ဘီလီယံကျော်သာရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူက အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်အစကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ယခုကဲ့သို့ ကုန်သွယ်မှု တန်ဖိုးများလျော့နည်းခဲ့ခြင်းမှာ ကိုဗစ်အခြေအနေကြောင့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့သို့ နယ်စပ်ကုန်စည်တင်ပို့မှုလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက်ဖြစ်ကြောင်း သိရပါတယ်။

ယခုဘဏ္ဍာနှစ်အစ ကုန်သွယ်မှုအနက် ပို့ကုန်တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်သာရှိခဲ့ပြီး ယခင်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်လျော့နည်းခဲ့ကြောင်း သိရပါတယ်။

Myanma Platform