( ၂၃.၁၁.၂၀၂၀ မွ ၂၉.၁၁.၂၀၂၀ အထိ)
————————————————–
(၃) အဂါင်္နေ့ ညနေ (၃)နာရီ (၃၇)မိနစ် မှ ညနေ (၆)နာရီ
————————————————–
❝ အလုပ်ယတြာ ❞
———————————
——————————-
———————————-
———————–
( ၂၃.၁၁.၂၀၂၀ မှ ၂၉.၁၁.၂၀၂၀ အထိ)
ကိုဗစ်ရောဂါ ဒုတိယလှိုင်းကာလမှာ အတတ်နိုင်ဆုံး အိမ်တွင်းနေပြီး အပြင်ထွက်ဖို့ အကြောင်းပေါ်သည့်အခါတွင်လည်း အကာကွယ်ပစ္စည်းများ တပ်ဆင်၍ သွားလာကြစေချင်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ရလာဒ်ကို ဖြစ်စေပါသည်။
[ ကိုဗစ်ဟောကိန်းများအနေဖြင့် ပြောစရာမရှိတော့ပါ။ နိုင်ငံရေးအရှုပ်အထွေးများ စလာတတ်ပါသည်။ ]
Occult Arts Studio ကို အစဉ်အဆက် အားပေးနေကြသည့် ပရိသတ်များအတွက် တစ်ပတ်စာဟောစတမ်းလေးကို စီစဉ်ပေးလိုက်ရပါသည်။ တစ်ပတ်စာဟောကိန်း နဲ့ ယတြာလေးပါ ပါတာမို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါသည်။
[ တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ သားသမီးများ ရှယ်ပေးခြင်းဖြင့် တစ်ပတ်အတွင်း လူမှုရေးရာ ပြဿနာအသီးသီးများလွတ်မြောက်ပြီး အတိုက်အခိုက်ရန်များ ကင်းပျောက်လိမ့်မည်။ ဗုဒ္ဓဟူး ၊ ကြာသပတေး သားသမီးများ ရှယ်ပေးခြင်းဖြင့် ရှုပ်ထွေးသောပြဿနာများ ရှုပ်ထွေးသောအချစ်ရေး အိမ်ထောင်ရေးများ အေးဆေးဖြစ်သွားလိမ့်မည်။ သောကြာ ၊ စနေသားသမီးများ ရှယ်ပေးခြင်းဖြင့် ငွေအမြောက်အမြား အထုပ်လိုက်အခဲလိုက် အစုလိုက်အပြုံလိုက် ရရှိလိမ့်မည်။ မယုံရှယ်ကြည့်လေ ထူးခြားမှုများစွာ ကြုံ့ရပါလိမ့်မည်။ ]
————————————————–
❝ ငွေကြေးနဲ့ပက်သက်သောအစီအရင်များ ❞
ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်ယတြာတွေကိုပဲလုပ်လုပ် အောက်ပါ ငွေဓါတ်ပေါ်တဲ့အချိန်ကို ပြုလုပ်မှ မုချအစွမ်းထက်ပါမည်။
(၁) တနင်္ဂနွေနေ့ နံနက် (၁၀)နာရီ (၄၉)မိနစ် မှ နေ့လည် (၁)နာရီ (၁၂)မိနစ်
(၂) တနင်္လာနေ့ နေ့လည် (၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်
(၃) အဂါၤနေ့ ညနေ (၃)နာရီ (၃၇)မိနစ် မှ ညနေ (၆)နာရီ
(၄) ဗုဒ္ဓဟူးနေ့ နံနက်(၆)နာရီ မှ နံနက် (၈)နာရီ (၂၄)မိနစ်
(၅) ကြာသပတေးနေ့ နံနက် (၈)နာရီ (၂၅)မိနစ် မှ (၁၀)နာရီ (၄၈)မိနစ်
(၆) သောကြာနေ့ နံနက်(၁၀)နာရီ (၄၉)မိနစ် မှ (၁)နာရီ (၁၂)မိနစ်
(၇) စနေနေ့ နေ့လည်(၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်
(၁) ဆပ်ပြာမွှေးပေါ် စံပယ်ပန်းတင်၍ ” ငွေများများဝင်ပါစေ ၊ အမြန်ဆုံးဝင်ပါစေ” ဟု ဆုတောင်းပါ။
(၂) မကိုဋ်ပါသော ဘုရားကို စံပယ်ပန်း စလွယ်သိုင်း၍ လှူပြီး ဆုတောင်းပါ။
(၃) ကုလားမ ခြင်းဆွဲ နို့ဆီဘူးအပေါ်တွင် မီးထွန်းဆုတောင်းပါ။ (ဖယောင်းတိုင်အစိမ်း)
(၄) ပန်းကန်တစ်ချပ်ပေါ်တွင် ဇီးယို (၆)ပုံ ၊ (၁)ပုံလျှင် သပြေတစ်ညွှန့်စီတင်ပြီး ဘုရားထံတွင် ဆုပန်ပါ။
(၅) သီလရှင်ကို ဆန်(၃)ပြည် လှူပြီး ဆုတောင်းပါ။
(၆) နိုင်ငံခြား အရက်ပုလင်းအစိမ်းရောင်အလွတ် (အရက်အနည်းငယ်ပါရင် ပိုကောင်းသည်) ပုလင်းထဲတွင် ကျောက်စရစ်ခဲ (၉)ခဲ ထည့်၍ နှင်းဆီ အနီရဲရဲ တစ်ပွင့် အမြဲ ထိုးထားပါ။
(၇) အုန်းသီးစိမ်းတစ်လုံးကို မျက်နှာဝဖွင့် အုန်းရည်တွေ သွန်ပြီး ကြံရည်ထည့် ၊ သပြေ(၁၅) ညွန့် ထည့်ပါ။ အုန်းသီးအောက်တွင် အင်္ကျီတစ်ထည်ထည့် ဘုရားတွင် လှူ၍ ဆုတောင်းပါ။ လာဘ်လာဘ ပွင့်လန်းသည်။
(၈) အနီရောင်ပူဖောင်း ၊ အဝါရောင်ပူဖောင်း ၊ အစီမ်းရောင်ပူဖောင်း တို့ကို ဖယောင်းတိုင်အခြေမှာ ကြိုးနဲ့စုချည် ။ ဖယောင်းတိုင်အဖျားဘက်ကနေ ကြိုးတစ်ချောင်းနဲ့ချည်ပြီး အိမ် (သို့) ဆိုင်အဝင်ဝမှာ ချိတ်ဆွဲထားပါ။ လာဘ်ရွှင်ပြီး အိမ်သားများ ကျန်းမာစေသည်။
(၉) တနင်္လာနေ့ နံနက် (၉း၄၅) မှာ မြေအိုးကို ထုံးသုတ် ။ ကန်စွန်းညွန့် (၉)ညွန့်ုထိုး ။ အမြင့်မှာ တင်ထားပါ။ တစ်ပတ်တစ်ခါ လဲပေးပါ။ (၉)ပတ်အတွင်း ငွေဝင်မယ်.။
(၁၀) ငွေအရေးတကြီးလိုအပ်လာပါက နှမ်းများများပါသော ဘိန်းမုန့်ကို ရှာလကာရည်ဖြင့် လောင်းပြီး ငွေအလျင်အမြန်လိုအပ်နေကြောင်း ပြောပါ။ ထို့နောက် ငွေရနိုင်မဲ့နေရာများတွင် ငွေထပ်ရှာပါ။ နက်ဖြန်ငွေအသည်းအသန်လိုအပ်နေသူများ ဒီနေ့ ငွေရပေါက်မရှိသည့်အခြေအနေမျိုးတွင် လုပ်သင့်သည်။
(၁၁) ဘုရားမှာ ယပ်တော်သွင်းပြီးဆုတောင်းပါ။
(၁၂) လစ်ပိုပလင်းပေါ်မှာ ဖယောင်းတိုင်မီးတင်ထွန်းပြီးဆုတောင်းပါ
(၁၃) အုန်းဆီသန့်သန့်ကို (အရဟံ-ဇိနော)ဂါထာကို ၁၀၈ခေါက်မနိးပြီး ဖီးလိမ်းပါ။
(၁၄) စားပြီးသား ထမင်းတဆုပ်ကို ကျီးငှက်။ခွေး။ကြောင်တို့အား အမြဲဒါနပြုပါ
(၁၅) မိမိ အိပ်ယာ ခေါင်းအုံး တို့အားသန့်စင်စွာ အမွေးနံ့သာဖြန်ထားပြီး အိပ်ခါနီတိုင်း အိမ်စောင့်နတ်အားအမျှပေးတိုင်တည်ပါ။
————————————————–
❝ အလုပ်ယတြာ ❞
အလုပ်အကိုင်ကိစ္စများ အဆင်မပြေသူများ နှင့် အလုပ်ရှာနေသူများအတွက် တနင်္ဂနွေသားသမီးများ ကြာသပတေးထောင့်၌ လည်းကောင်း ၊ တနင်္လာသားသမီးများ သောကြာထောင့်၌ လည်းကောင်း ၊
အင်္ဂါသားသမီးများ စနေထောင့်၌ လည်းကောင်း ၊
ဗုဒ္ဓဟူးသားသမီးများ တနင်္ဂနွေထောင့်၌ လည်းကောင်း ၊ ကြာသပတေးသားသမီးများ တနင်္လာထောင့်၌ လည်းကောင်း ၊ သောကြာသားသမီးများ အင်္ဂါထောင့်၌ လည်းကောင်း ၊ စနေသားသမီးများ ဗုဒ္ဓဟူးထောင့်၌ လည်းကောင်း တန်ခိုးကြီးဘုရား တစ်ဆူဆူထံ သွားရောက်ကာ ဆီမီးဖယောင်းတိုင်နှင့် ပန်း ၇ မျိုးကိုပူဇော်လျက် အလုပ်အကိုင်ရရန် ဆုတောင်းပါ။ ထူးခြားမှုရှိလာကာ အလုပ်အကိုင်များ ရရှိအဆင်ပြေ ပါလိမ့်မည်။
———————————
❝ မိမိပြောစကားဆိုစကားနားထောင်အောင် ❞
တနင်္ဂနွေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် မေမြို့ပန်း (သို့) ပျဉ်းမညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ သကြားလုံးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
တနင်္လာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် သပြေပန်း (သို့) သဇင် (သို့) သစ်ခွပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ နွားနို့သောက်ရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
အင်္ဂါသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် နှင်းဆီပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ အာလူးကျော်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
ဗုဒ္ဓဟူးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် အုန်းညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ကိတ်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
ကြာသပတေးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ကံ့ကော်(သို့) ခရေညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ဇီးသီးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
သောကြာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် စံပယ်ပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ လဘက်ရည်သောက်ရင်း (သို့) လဘက်စားရင်း ဆုံးမပါ။ပြောဆိုပါ။ တိုင်ပင်ပါ။
စနေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ရွက်လှပန်း (သို့) ဝါးညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ပေါင်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
——————————-
❝ အကြွေးပြန်ရလိုသူများအတွက် ယတြာ ❞
အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။
———————————-
❝ မရမရှိ အကူအညီရရှိစေသောနည်း ❞
ဘုရားစင်ရှေ့မှာထိုင်၊ ကိုယ်ရှေ့မှာ မှန်တစ်ချပ်ထောင်ပါ။ မှန်ရှေ့မှာ အာလူးတစ်လုံးချပါ။ အာလူးမှာတော့ ကိုယ်သွားပြီး အကူအညီတောင်းမယ့် လူရဲ့ အမည်ကိုရေးပါ။ အဲဒီ အာလူးပေါ်မှာတော့ အမွှေးတိုင်တစ်တိုင် စိုက်ထွန်းပြီး ဆုတောင်းသွားပါ။
❝ ပြဿနာအရှာခံနေရပါက ပြုလုပ်ရန်ယတြာ ❞
ငှက်ပျောတုံး တစ်တုံး တစ်တောင် လောက်ရှာပါ။ ထို ငှက်ပျောတုံးပေါ်မှာ ဝါးခြမ်းပြား ကွေးကွေးလေး စိုက်ပါ။ ၎င်းအပေါ်တွင် ဖယောင်းတိုင် (၇) တိုင် ထွန်းပါ။ နေဝင်ချိန် အပြင်ဘက်တွင် ထွန်းပါ။ မိမိ ဖြစ်ချင်တာကို သေသေချာချာ ဆုတောင်း လိုက်ပါ။
❝ တန်ဆောင်မုန်းလပြည့်ညတွင် ပြုလုပ်ရမည့်ယတြာများ ❞
ပထမနံပါတ်တစ်အစီအရင်မှလွဲလို့ ကျန်တာအကုန်လုပ်နိုင်ပါသည်။
စဝ်ခွန်ဖသိုင် (ကမ္ဘာ့ဂမ္ဘီရသုတေသီ)နိမိတ်နှင့်စကြာဝဠာပညာရှင်
ဂမ္ဘီရဝိဇ္ဇာဓရအဆောင်ပစ္စည်း အရောင်းဆိုင် (Occult Arts Studio)