နိုင္ငံတကာသတင္း

ရထားစီး နေရင်း ပင်ပန်း နွမ်းနယ် နေတဲ့ မိခင် အတွက် လက်ကိုခေါင်းအုံး အဖြစ် အသုံးပြု စေခဲ့တဲ့ သားလိမ္မာလေး

ရထားစီး နေရင်း ပင်ပန်း နွမ်းနယ် နေတဲ့ မိခင် အတွက် လက်ကိုခေါင်းအုံး အဖြစ် အသုံးပြု စေခဲ့တဲ့ သားလိမ္မာလေး

တရုတ်နိုင်ငံရှိ ရထားပေါ် က ကောင်လေးတစ်ယောက်ဟာ ပင်ပန်းနေသော မိခင် အတွက် ခေါင်းအုံး အဖြစ် လက်ကို အသုံးပြု စေခဲ့ပြီးနောက် netizenတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ ပါတယ်။

Shanghaiist က ဓာတ်ပုံ အရ မတ် တပ် ရပ် နေ တဲ့ ကောင်လေး တစ်ယောက်ဟာ လက်ကိုင်ခုံတန်း ဘောင်ပေါ်အိပ်ပျော် နေခဲ့တဲ့ မိခင် ဖြစ်သူအား သက်သောက် သက်သာ အိပ် နိုင်ရန်အတွက် သူ့ရဲ့ လက်ကို အသုံးပြုစေခဲ့ ပါတယ်။

ထို အဖြစ် အပျက်ကို မြင်ခဲ့တဲ့ ခရီးသည် တစ် ဦး က ကောင်လေးဟာ သူ၏ မိခင် ဘေးတွင် ဦးဆုံး ထိုင် နေ ခဲ့ သော်လည်း ကလေးတွန်းလှည်းဖြင့် အမျိုးသမီး တစ်ဦးကို ထိုင်ခုံ ပေးကာ ထိုင် စေ ခဲ့တယ်ဟု ဆိုထား ပါတယ်။

Netizen တွေက ကောင်လေးအား ချီးကျူးခဲ့ပြီး စိတ်ကြည်နူးဖွယ်ကောင်းတဲ့ ဓာတ်ပုံကိုမျှဝေပေးခဲ့ပါတယ်။ဝက်ဆိုက် အသုံးပြုသူတစ်ဦးက “ငါ့ကို ဒီကလေးရဲ့ မိဘအကြောင်းနှင့် ပတ်သတ်ပြီးပြောပြ ပေးကြပါ။ သူ့ကိုကျွန်မရဲ့သမီးနဲ့ လက်ထပ်ဖို့စီစဉ်ပေးချင်တယ်”ဟု ဆိုထားပါတယ်။ Weibo ပေါ်တွင် ထိုကောင်လေးရဲ့ဓာတ်ပုံဟာ likes ၁၈၀,၀၀၀ ကျော်နှင့် မှတ်ချက်များ ၁၈,၀၀၀ ကျော် ရရှိခဲ့တယ်။ credit