နိုင်ငံတကာသတင်း

တရုတ်နိုင်ငံတွင် ဓါတုသုံးပီပါသံပြားများဖြင့် “အဆိပ်ပါ”အကြော်အိုး များပြုလုပ်နေကြောင်း တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြခဲ့သည်။


ဈေးကွက်ထဲရှိ ဈေးပေါသော သံပြား ဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များ
လျှို့ဝှက်လေ့လာရာမှ အဆိုပါပြဿနာကြီးတရပ်အား ၎င်းတို့ကလူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့သည်။

အဓိကကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သောအဆိုပါ ဟင်းကြော်အိုးများသည်
ဈေးပေါသည်ဆိုချင်းဝယ် သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာသက်သာစေနိုင်မည့်

ဓါတုဗေဒအရည်များထည့်သွင်းသိုလှောင်ရာ၌သုံးသော ပီပါ များအသုံးပြုကြသည်ဟု ဆိုသည်။

ဓါတုသုံးပီပါပိုင်းတလုံးအား ဖြတ်တော်၍ အကြော်အိုး(၁၀)ခုမက ထုတ်လုပ်နိုင်ပြီး ရွာတရွာထဲ၌ပင်
အဆိုပါအိုးမျိုးတနှစ်လျှင် အခုရေ(၅)သိန်း အထိထုတ်လုပ်နိုင်ကြောင်း CCTV-13 မှဖော်ပြခဲ့သည်။

စာကြွင်း/- “နမူနာသာယူခဲ့ပါ ဈေးနှုန်းညှိနှိုင်းနိုင်သည်ဆိုတဲ့”ကျယ်ဂေါင်က ဗွီနိုင်းတွေ သွားမြင်မိတယ်။
လမ်းဖြတ်သန်းခသာ “ဆက်”ကြစမ်း
ဘာမဆို မြန်မာပြည်ထဲ “သွင်း”နိုင်တယ်။