အေထြေထြဗဟုသုတ

***ဘာေၾကာင့္ေျခသုတ္ေပးရသလဲ***

***ဘာေၾကာင့္ေျခသုတ္ေပးရသလဲ***

~~~~~~~~~~~~~~

အေမး။ ။အလွဴအိမ္ေတြမွာ… ဘုန္းႀကီးေတြႀကြလာရင္ ဘာလုိ႔ တံခါး၀မွာေစာင့္ၿပီး ေျခသုတ္ေပးရတာလဲ။

ကုိယ့္ဘာသာသုတ္ရင္ေရာမရဘူးလား။ အားလံုးအျမင္ရွင္းေအာင္ ေျဖၾကားေပးပါဘုရား”

အေျဖ။ ။ဘုန္းေတာ္မ်ားႀကီးမ်ား… အိမ္ၾကြလာရင္ အိမ္ရွင္က ေျခသုတ္ေပးရမယ္ လို႔ ပညတ္ခ်က္ မရွိသလို ဘုန္းႀကီးမ်ားကလည္း မသုတ္ခိုင္းပါဘူး။ ဒါျဖင့္ ဘာေၾကာင့္ ဒီလိုလုပ္ေနတာလည္းဆုိရင္

ဒကာ-ဒကာမေတြမွာရွိတဲ့ စစ္မွန္တဲ့သဒၶါတရားကေန ထြက္ေပၚလာတဲ့ လုပ္ရပ္ေတြပါလို႔ ေျပာခ်င္တယ္။

ဘုရားရွင္က

“ကုသုိလ္မွန္သမွ် ျပည့္စံုေအာင္လုပ္ၾက”လို႔ မိန္႔ေတာ္မူရာမွာ ကုသုိလ္ရႏိုင္တဲ့တရား ဆယ္မ်ဳိးရွိတယ္။ ဒါကို ကုသလကမၼပထ(၁၀)ပါးလို႔လည္း ေခၚတယ္။ ထိုကုသုိလ္ ဆယ္မ်ဳိးထဲ မွာ ေ၀ယ်ာေ၀စၥ ကုသုိလ္ဆိုတာ ပါတယ္။

အဓိပၸါယ္ကေတာ့ ရတနာသံုးပါးနဲ႔စပ္တဲ့ေ၀ယ်ာေ၀စၥ ကုသုိလ္ပါပဲ၊ ဒီေ၀ယ်ာေ၀စၥကုသုိလ္ဆိုတာ သီလကုသုိလ္ထဲမွာ ပါ၀င္တယ္။

အခုလို အိမ္ၾကြလာတဲ့ ဘုန္းေတာ္ႀကီးမ်ားကို ေျခသုတ္ေပးတယ္ဆိုတာကလည္း သံဃာေတာ္မ်ားနဲ႔စပ္တဲ့ ေ၀ယ်ာေ၀စၥကုသုိလ္ကို သူတို႔ရယူခ်င္လို႔ပါပဲ။

ဘုန္းေတာ္ႀကီးမ်ားမွာ ဘယ္သူမွ မသုတ္ေပးလဲ စိတ္ညိဳျငင္မႈ မျဖစ္ပါ ဘူး။ ေျခသုတ္မေပးရင္ ငါ့ကို သုတ္ေပးစမ္းကြ လို႔ လည္း ဘယ္ရဟန္းေတာ္မွ မခုိင္းပါဘူး။

ဒါေပမယ့္ သူတို႔ကုိ ခုိင္းေနတာေတာ့ရွိတယ္။ အဲဒါက ကုသုိလ္ျဖစ္ေအာင္ ဖန္တီးလႈပ္ေဆာ္ေပးတဲ့ သူတို႔ရင္ထဲ ကလာတဲ့ သဒၶါ တရားပါပဲ။

(မသိတာေလးကို သိခြင့္ရခဲ့ပါသည္ ထုိသိတာေလးကိုမသိေသးသူမ်ားအတြက္ျပန္လည္မွ်ေ၀ပါသည္..)

===========================

Unicode,

***ဘာကြောင့်ခြေသုတ်ပေးရသလဲ***

~~~~~~~~~~~~~~

အမေး။ ။အလှူအိမ်တွေမှာ… ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာစောင့်ပြီး ခြေသုတ်ပေးရတာလဲ။

ကိုယ့်ဘာသာသုတ်ရင်ရောမရဘူးလား။ အားလုံးအမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား”

အဖြေ။ ။ဘုန်းတော်များကြီးများ… အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ် လို့ ပညတ်ချက် မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး။ ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင်

ဒကာ-ဒကာမတွေမှာရှိတဲ့ စစ်မှန်တဲ့သဒ္ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။

ဘုရားရှင်က

“ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်ကြ”လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ်။ ဒါကို ကုသလကမ္မပထ(၁၀)ပါးလို့လည်း ခေါ်တယ်။ ထိုကုသိုလ် ဆယ်မျိုးထဲ မှာ ဝေယျာဝေစ္စ ကုသိုလ်ဆိုတာ ပါတယ်။

အဓိပ္ပါယ်ကတော့ ရတနာသုံးပါးနဲ့စပ်တဲ့ဝေယျာဝေစ္စ ကုသိုလ်ပါပဲ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ်။

အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ်ဆိုတာကလည်း သံဃာတော်များနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ရယူချင်လို့ပါပဲ။

ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါ ဘူး။ ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့ လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး။

ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ရှိတယ်။ အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီးလှုပ်ဆော်ပေးတဲ့ သူတို့ရင်ထဲ ကလာတဲ့ သဒ္ဓါ တရားပါပဲ။

(မသိတာလေးကို သိခွင့်ရခဲ့ပါသည် ထိုသိတာလေးကိုမသိသေးသူများအတွက်ပြန်လည်မျှဝေပါသည်..)