ပြည်တွင်းသတင်း

ကျောင်းဆရာမ အလုပ်က ထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး ပြုစုပေးတဲ့ မိန်းမချောလေး

ကျောင်းဆရာမ အလုပ်က ထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး ပြုစုပေးတဲ့ မိန်းမချောလေး

မရှိဆင်းရဲသားတွေနဲ့ ခိုကိုးရာမဲ့နေတဲ့ အဘိုးဘွားတွေကို စောင့်ရှောက်တယ် ဆိုတာဟာ တကယ်မွန်မြတ်တဲ့ အလုပ်ပါနော်။မိန်းမချောလေး တစ်ယောက်ကလည်း စွန်ပစ်ခံ ဘိုးဘွားတေကို စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ထို မိန်းကလေးကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အင်္ဂပိုလမ်းမကြီးဘေး သီလှကုန်းမှာနေတာဖြစ်ပါတယ်။ သူမရဲ့ ဘဝကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပါတယ်။သူမဟာ ကျောင်းပြီးတော့ ကျောင်းဆရာမအလုပ်ဝင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ထို့နောက်သူမရဲ့ ခံယူချက်အရ အလုပ်ကထွက်ပြီးတော့ ခိုလူံရာဂေဟာကို ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာဘုန်းကြီးကျောင်းနားမှာ တည်ဆောက်ပြီးတော့ ဝန်ထမ်းတွေခန့်ပြီး ပြုစုစောက်ရှောက်သူတွေမဲ့သွားတဲ့

သက်ကြီးအဘိုးအဘွားတွေကို ခိုလူံရာဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။အနယ်နယ်အရပ်ရပ်က အဘိုးဘွားတေကို သတင်းကြားလျှင်လဲ သူမကိုယ်တိုင် လိုက်ပါပြီးသွားရောက်ခေါ်ယူစောင့်ရှောက်တာဖြစ်ပါတယ်။

သက်ကြီးဘိုးဘွားတွေတင်မကပါဘူးနော်။ လူလတ်ပိုင်းအရွယ်တွေ၊ မိဘမဲ့စွန့်ပစ်ခလေးတွေ၊ လမ်းဘေးမှာအိမ်ခြေရာခြေမဲ့နေသူတွေ၊ စိတ်မနှံသူတွေပါ ခေါ်ပြီးစောင့်ရှောက်တာ ဖြစ်ပါတယ်။

တစ်ချို့ခေါ်ယူထားတဲ့သူတွေထဲက ကျန်းမာရေးချို့တဲ့နေသူတွေကို သေဆုံးသွားတဲ့အခါမှာလည်း ကောင်းမွန်စွာပဲ လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ဖြစ်ပါတယ်။ သူမရဲ့ နှလုံးလှတဲ့မြင့်မြတ်တဲ့ စိတ်ထားက

လူသားတိုင်းမလုပ်နိူင်ဘူးဆိုတာ ကျတော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ ထုတ်ဖော်မပြောပြပဲမနေနိူင်ပါဘူးနော်။ဒါတင်မကသေးပါဘူး သံဃာဇိဝိတဒါနဆေးရုံဆောက်ဖို့ ဟင်္သာတမြို့သစ်ဘက်မှာပဲ ခြံကွက်လပ်တစ်ခုဝယ်ယူပြီး

သံဃာဇိဝိတဒါနဆေးရုံ ဂေဟာကိုဆောက်လုပ်လှူဒါန်းထားတယ်။ သူမရဲ့ ရဟန်းရှင်ပြည်သူအများ စောင့်ရှောက်ရေးဂေဟာတွေမှာ ဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာမတွေကို လစာနဲ့ခန့်ထားတာပါ။

ယခုလည်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် Positive ဖြစ်နေတဲ့လူနာတွေကို ထ္မင်းဟင်းနေ့စဉ်လှူဒါန်းနေတာဘဲ ဖြစ်ပါတယ်။

သူမရဲ့ အမည်ကတော့ မသင်းရွှေစင်လိူင်ပဲဖြစ်ပါတယ်နော်။လေးစားဂုဏ်ယူမိပါတယ်နော်။ဦးခင်မောင်ဇော် + ဒေါ်ခင်လိူင် သမီး မသင်းရွှေစင်လိူင် (ခ) မပုံ့ပုံ့

credit Yangonday