နိုင္ငံတကာသတင္း

ကုမ္ပဏီဝန်ထမ်း လေးထောင်ကျော်လုံးကို တစ်ဦးကို ကားအသစ်တစ်စီးစီ လက်ဆောင်ပေးခဲ့တဲ့ ကုမ္ပဏီ

တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းပေါင်း ၄,၁၁၆ ဦးအား လက်ဆောင်အဖြစ် တစ်ဦးချင်းစီကို ကားအသစ်တစ်စီးစီပေးခဲ့တဲ့သတင်းဟာ လူအများကို အားကျစေခဲ့ပြီး လူသိများသွားခဲ့ပါတယ်။ Jiangxi West Dajiu ဆိုတဲ့ သံနှင့်စတီးကော်ပိုရေးရှင်း ကုမ္ပဏီဟာ သူတို့ရဲ့ကုမ္ပဏီအမြတ်အစွန်းကို ၅နှစ်ဆက်တိုက် အောင်မြင်စွာ ရရှိနိုင်ခဲ့ပြီးနောက် ဝန်ထမ်းတွေအား ကားအသစ်ပေးခဲ့တာပါ။

ကုမ္ပဏီက လွန်ခဲ့တဲ့၅နှစ်အတွင်း နှစ်တိုင်းအမြတ်အစွန်းတွေတိုးလာခဲ့ကြောင်း အရင်ခံထားပါတယ်။ဒါ့ကြောင့် စီမံခန့်မှု့အဖွဲ့က သူတို့ရဲ့ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပြီး တစ်ယောက်ချင်းစီကို ကားအသစ်တစ်စီးစီလက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ပြီးခဲ့တဲ့အောက်တိုဘာ ၁ရက်နေ့က အဆိုပါကုမ္ပဏီဟာ အောင်မြင်မှုကို ဂုဏ်ပြုနိုင်ဖို့ ပွဲတစ်ခုပြုလုပ်ခဲ့ပြီး နှစ်တိုင်

းတိုးတက်လာတဲ့ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုအတွက် ဆုတွေချီးမြင့်ပေးခဲ့ပါတယ်။ဝန်ထမ်းပေါင်း ၄,၁၁၆ ဦးအနက် ၂,၉၃၃ ဦးက Jiangling Ford Territory ကားကိုရရှိမှာဖြစ်ပြီး ကျန် ၁,၁၈၃ ဦးကတော့ FAW-Volkswagen Magotan ကားကို ရရှိကြမှာပါ။အဲ့တာတွေအပြင် ကုမ္ပဏီဟာ အဆိုပါကားတွေအတွက်

လိုင်စင်ကတ်ပြားထုတ်ခြင်း၊၅နှစ်တာ အာမခံချက်နှင့် မော်တော်ယာဉ်အခွန်တွေကိုပါ ပေးချေပေးအုံးမှာပါ။ကုမ္ပဏီကတော့ ဝန်ထမ်းတွေကို ကျေးဇူးဆက်တတ်လိုက်တာဗျာ။ဒီနိုင်ငံမှာကော အဲ့လိုလေးလုပ်ပေးတဲ့ကုမ္ပဏီလေးမရှိဘူးလား။အခုလိုတော့ အကြီးကြီးမပေးကြပေမဲ့ တစ်ချို့တစ်လေတော့ ရှိနေမှာပါ။

Unicode