ကျန်းမာရေး အေထြေထြဗဟုသုတ

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေရဲ့ နောက်ကွယ်

အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြရဲ႕ ေနာက္ကြယ္

အနံ႔အရသာမ်ိဳးစုံရဲ႕ ဆြဲေဆာင္မႈေၾကာင့္ေရာ အခ်ိန္ကုန္သက္သာတဲ့ အားသားခ်က္ေတြေၾကာင့္ အိမ္တိုင္းလိုလိုရဲ႕မီးဖိုးေခ်ာင္မွာ အသင့္စားေခါက္ဆြဲထုပ္ေတြက ေနရာယူေနပါၿပီ။ အလြယ္တကူျပဳတ္စားလို႔ရတဲ့အျပင္ ကိုယ္ႏွစ္သက္ရာအရသာအမ်ိဳးစုံဝယ္ႏိုင္တာေၾကာင့္ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြက ေရပန္းစားေနတာပါ။ ကမာၻေပၚမွာ အသင့္စားေခါက္ဆြဲအမ်ားဆုံးေရာင္းရတာ တ႐ုတ္ႏိုင္ငံျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ ေဟာင္ေကာင္၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ အိႏၵိယနဲ႔ ဗီယက္နမ္ႏိုင္ငံေတြ ရွိပါတယ္။ ခုေနာက္ပိုင္း အေမရိကန္ႏိုင္ငံလည္း စားသုံးသူအေရအတြက္ မ်ားလာပါၿပီ။
ျမန္မာႏိုင္ငံမွာဆိုရင္ ယိုးဒယားေခါက္ဆြဲထုပ္ေတြစားေနရာက ကိုရီးယားယဥ္ေက်းမႈ ေခတ္စားလာတာေၾကာင့္ အရသာမတူကြဲျပားတဲ့အသင့္စားေခါက္ဆြဲထုပ္ေတြဟာ စူပါမားကတ္ေတြအျပင္ ကုန္စုံဆိုင္ေလးေတြမွာပါ ေနရာယူလာပါၿပီ။ ကေလး၊ လူႀကီးမေ႐ြး ႏွစ္ၿခိဳက္စြာအလြယ္တကူစားေနၾကတဲ့ ေခါက္ဆြဲေျခာက္ေတြထဲမွာ လူကိုအႏၲရာယ္ျဖစ္ေစတဲ့ monosodium glumate ဓာတ္ေတြ အေျမာက္အျမားပါဝင္ပါတယ္။ ဒီဓာတ္ဟာ ကိုယ္အေလးခ်ိန္တိုးေစတဲ့ျပည့္ဝအဆီအမ်ားအျပားပါဝင္သလို ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ ေလျဖတ္ေရာဂါျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ ေဟာ္မုန္းဓာတ္မညီမွ်တာေတြ အမ်ိဳးသားေတြထက္ ပိုအျဖစ္မ်ားတယ္လို႔ ဆိုပါတယ္။

ေခါက္ဆြဲေျခာက္ထုပ္ေတြထဲမွာ ေရနံစက္႐ုံေတြကထြက္တဲ့ စြန႔္ပစ္ပစၥည္း TBHQ (Tertiary-butyl hydroquinone) လို အသင့္စားအစားအေသာက္ေတြထဲထည့္တဲ့ အေပါစားဓာတုပစၥည္းေတြေၾကာင့္ ကိုယ္တြင္းအဂၤါေတြကို ထိခိုက္ေစတာပါ။ ဆရာဝန္ေတြစမ္းသပ္တဲ့အေနနဲ႔ အသင့္စားေခါက္ဆြဲစားထားတဲ့သူတစ္ေယာက္ရဲ႕ ကိုယ္တြင္းကို ကင္မရာထည့္ၾကည့္လိုက္တဲ့အခါ အလြန္အံ့ၾသခဲ့ရပါတယ္။ အသင့္စားေခါက္ဆြဲမွာပါတဲ့ TBHQ ဓာတ္ပစၥည္းေတြဟာ အစာအိမ္ထဲမွာ အခ်ိန္ၾကာရွည္စြာကပ္ညႇိေနသလို လူကိုဥပါဒ္ျဖစ္ေစတဲ့ဓာတ္ပစၥည္းေၾကာင့္ ကိုယ္တြင္းအဂၤါလုပ္ႏိုင္စြမ္းအားက်ဆင္းသြားၿပီး ကင္ဆာျဖစ္ေစတဲ့အက်ိတ္အဖု အထူးသျဖင့္ အစာအိမ္တစ္ဝိုက္ျဖစ္ေစလို႔ပါပဲ။

၂၀၁၂ ခုႏွစ္ ကိုရီးယားႏိုင္ငံအစားအေသာက္နဲ႔ေဆးဝါးႀကီးၾကပ္မႈဌာန (KFDA) စစ္ေဆးခ်က္အရ ျပည္တြင္းထုတ္ေခါက္ဆြဲထုပ္ေျခာက္မ်ိဳးေလာက္မွာ Carcinogen Benzopyrene ဓာတ္ပစၥည္းေတြပါဝင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း လူကိုထိခိုက္ေလာက္ေအာင္ အႏၲရာယ္ျဖစ္ေစတဲ့ပမာဏမရွိတာေၾကာင့္ အေရးယူမႈကိုေျဖေလ်ာ့ေပးခဲ့ၾကေပမယ့္ ေနာက္ပိုင္း ေခါက္ဆြဲေျခာက္ေတြစိစစ္မႈ ပိုမိုတင္းက်ပ္ခဲ့ပါတယ္။

ကင္ဆာေရာဂါနဲ႔ ေဟာ္မုန္းေဖာက္ျပန္မႈမ်ိဳးေတြျဖစ္ေစတဲ့ Bisphenol-A (BPA) ဓာတ္ကိုေတာ့ အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြထက္ အသင့္စားဗူးေခါက္ဆြဲေတြမွာ အေတြ႕ရပိုမ်ားပါတယ္။ BPA ဟာ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြစားမယ္ဆိုရင္ ဗိုက္ထဲက ကေလးက မိန္းကေလးဆိုရင္ စိတ္ေရာဂါျဖစ္ေစသလို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ စိတ္က်ေရာဂါျဖစ္ႏိုင္လို႔ပါ။ ေယာက္်ားေလးေတြအတြက္ေတာ့ တိတိက်က်မေျပာႏိုင္ေသးေပမယ့္ ဦးေႏွာက္ပိုင္းဆိုင္ရာထိခိုက္မႈေတြရွိႏိုင္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ သုံးမိနစ္ေလာက္အခ်ိန္ေပး႐ုံနဲ႔ အနံ႔အရသာရွိတဲ့ေခါက္ဆြဲတစ္ပန္းကန္ရဲ႕ ေနာက္ကြယ္ကဆိုးက်ိဳးေတြကို စာဖတ္သူေတြသတိျပဳမိလာေအာင္ ေဝမွ်ေပးလိုက္ရပါတယ္။

Ref: www.lifehack.org

Unicode

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေရဲ့ နောက်ကွယ်

အနံ့အရသာမျိုးစုံရဲ့ ဆွဲဆောင်မှုကြောင့်ရော အချိန်ကုန်သက်သာတဲ့ အားသားချက်တွေကြောင့် အိမ်တိုင်းလိုလိုရဲ့မီးဖိုးချောင်မှာ အသင့်စားခေါက်ဆွဲထုပ်တွေက နေရာယူနေပါပြီ။ အလွယ်တကူပြုတ်စားလို့ရတဲ့အပြင် ကိုယ်နှစ်သက်ရာအရသာအမျိုးစုံဝယ်နိုင်တာကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေက ရေပန်းစားနေတာပါ။ ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲအများဆုံးရောင်းရတာ တရုတ်နိုင်ငံဖြစ်ပြီး သူ့နောက်မှာတော့ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေ ရှိပါတယ်။ ခုနောက်ပိုင်း အမေရိကန်နိုင်ငံလည်း စားသုံးသူအရေအတွက် များလာပါပြီ။
မြန်မာနိုင်ငံမှာဆိုရင် ယိုးဒယားခေါက်ဆွဲထုပ်တွေစားနေရာက ကိုရီးယားယဉ်ကျေးမှု ခေတ်စားလာတာကြောင့် အရသာမတူကွဲပြားတဲ့အသင့်စားခေါက်ဆွဲထုပ်တွေဟာ စူပါမားကတ်တွေအပြင် ကုန်စုံဆိုင်လေးတွေမှာပါ နေရာယူလာပါပြီ။ ကလေး၊ လူကြီးမရွေး နှစ်ခြိုက်စွာအလွယ်တကူစားနေကြတဲ့ ခေါက်ဆွဲခြောက်တွေထဲမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ monosodium glumate ဓာတ်တွေ အမြောက်အမြားပါဝင်ပါတယ်။ ဒီဓာတ်ဟာ ကိုယ်အလေးချိန်တိုးစေတဲ့ပြည့်ဝအဆီအများအပြားပါဝင်သလို နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ရောဂါဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်မညီမျှတာတွေ အမျိုးသားတွေထက် ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ရေနံစက်ရုံတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်း TBHQ (Tertiary-butyl hydroquinone) လို အသင့်စားအစားအသောက်တွေထဲထည့်တဲ့ အပေါစားဓာတုပစ္စည်းတွေကြောင့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတာပါ။ ဆရာဝန်တွေစမ်းသပ်တဲ့အနေနဲ့ အသင့်စားခေါက်ဆွဲစားထားတဲ့သူတစ်ယောက်ရဲ့ ကိုယ်တွင်းကို ကင်မရာထည့်ကြည့်လိုက်တဲ့အခါ အလွန်အံ့သြခဲ့ရပါတယ်။ အသင့်စားခေါက်ဆွဲမှာပါတဲ့ TBHQ ဓာတ်ပစ္စည်းတွေဟာ အစာအိမ်ထဲမှာ အချိန်ကြာရှည်စွာကပ်ညှိနေသလို လူကိုဥပါဒ်ဖြစ်စေတဲ့ဓာတ်ပစ္စည်းကြောင့် ကိုယ်တွင်းအင်္ဂါလုပ်နိုင်စွမ်းအားကျဆင်းသွားပြီး ကင်ဆာဖြစ်စေတဲ့အကျိတ်အဖု အထူးသဖြင့် အစာအိမ်တစ်ဝိုက်ဖြစ်စေလို့ပါပဲ။

၂၀၁၂ ခုနှစ် ကိုရီးယားနိုင်ငံအစားအသောက်နဲ့ဆေးဝါးကြီးကြပ်မှုဌာန (KFDA) စစ်ဆေးချက်အရ ပြည်တွင်းထုတ်ခေါက်ဆွဲထုပ်ခြောက်မျိုးလောက်မှာ Carcinogen Benzopyrene ဓာတ်ပစ္စည်းတွေပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လူကိုထိခိုက်လောက်အောင် အန္တရာယ်ဖြစ်စေတဲ့ပမာဏမရှိတာကြောင့် အရေးယူမှုကိုဖြေလျော့ပေးခဲ့ကြပေမယ့် နောက်ပိုင်း ခေါက်ဆွဲခြောက်တွေစိစစ်မှု ပိုမိုတင်းကျပ်ခဲ့ပါတယ်။

ကင်ဆာရောဂါနဲ့ ဟော်မုန်းဖောက်ပြန်မှုမျိုးတွေဖြစ်စေတဲ့ Bisphenol-A (BPA) ဓာတ်ကိုတော့ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေထက် အသင့်စားဗူးခေါက်ဆွဲတွေမှာ အတွေ့ရပိုများပါတယ်။ BPA ဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေစားမယ်ဆိုရင် ဗိုက်ထဲက ကလေးက မိန်းကလေးဆိုရင် စိတ်ရောဂါဖြစ်စေသလို ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျရောဂါဖြစ်နိုင်လို့ပါ။ ယောက်ျားလေးတွေအတွက်တော့ တိတိကျကျမပြောနိုင်သေးပေမယ့် ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သုံးမိနစ်လောက်အချိန်ပေးရုံနဲ့ အနံ့အရသာရှိတဲ့ခေါက်ဆွဲတစ်ပန်းကန်ရဲ့ နောက်ကွယ်ကဆိုးကျိုးတွေကို စာဖတ်သူတွေသတိပြုမိလာအောင် ဝေမျှပေးလိုက်ရပါတယ်။

Ref: www.lifehack.org