ဖားကန့်မြို့အဝင် လမ်းချဲ့ရာတွင် ကျောက်စိမ်းကြောပေါ်သဖြင့် ရေမဆေး ကျောက်ရှာသူ များပြား
ကချင်ပြည်နယ် ဖားကန့်မြို့အဝင် မော်ဝမ်းရပ် ကွက် အပေါ်လမ်းနှင့် ဆေးရုံသွား လမ်းထောင့် ဒေသအခေါ် ကြက်တစ်ကောက် ကုန်း၌ မြို့နယ်စည်ပင် သာယာရေး ကော်ကမတီက လမ်းကျဉ်း မြောင်းဟုဆိုကာ ဘက်ဖိုးများဖြင့် လမ်းကမ်းပါး
ယံများ ဖြိုချပြီး လမ်းချဲ့ရာတွင် မြေမှန်ကျောက် စိမ်းကြော ပေါ်လာသဖြင့် ရေမဆေး ကျောက်ရှာ ဖွေသူ အများအပြား လာရောက်၍ ကျောက်လာရှာကြကြောင် သတင်းရရှိသည် ရေမဆေးကျော က်စိမ်း လာရောက် ရှာဖွေသူများအား မေးမြန်း
ရာ မြေမှန်ကျောက် စိမ်းကြော ပေါ်နေသည်မှာ နို ဝင်ဘာ ၂၃ ရက် နေ့လယ်က စတင်ပေါ် ခဲ့ပြီးနော က် ဘက်ဖိုးဖြင့် ကမ်းပါးယံများကို ဖြိုချရာတွင် ကျောက်စိမ်း အရိုင်းတုံးများ ပေါ်လာခဲ့ကြောင်း ၊ အဆိုပါသတင်းရရှိသဖြင့် ရေမဆေး ကျောက်ရှာ
သူ အများအပြား လာရောက် ရှာဖွေကြ ကြောင်း ဈေးကောင်းရ မရ မသိရသော်လည်း ကျောက်လာဝယ်သူ၊ ရေမဆေး ကျောက်ရှာသူများ လာရောက် ရောင်းဝယ် ကြကြောင်း ပြောကြားသည် ဘက်ဖိုး နှစ်စီး၊ ကားက ရှစ်စီးနဲ့ ဆေးရုံသွားလမ်း
ချဲ့တာပါ။ ကျောက်ကြော ကတော့ ပေါ်လာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျောက်လာ ရှာသူတွေ အန္တရာယ် ဖြစ်မှာစိုးလို့ ကန့်သတ် ရှာခိုင်းပါတယ်။ ကုမ္ပဏီတွေက ကျောက်မ တူးရတော့ သူတို့လည်း အလုပ်မရှိတော့ လာရှာကြ တာထင်ပါ
တယ်။ ကျောက်တော့ ရတော့ ရကြတယ်နဲ့ တူပါတယ်”ဟု ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အေးက ပြောကြားသည်။ဖားကန့်ဒေသည် ကျောက်စိမ်းထွက်ရှိရာ ရတနာမှော်ဒေသဖြစ် သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့
ကူးစက်ရောဂါကြောင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ နားထားလျက်ရှိပြီး နှစ်စဉ် အောက် တိုဘာလမှ စတင်ကာ ဇွန်လအထိ ရှစ်လ အချိန်သည် ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများ လုပ် ဆောင်ကြသော ကာလဖြစ်ပြီး ထိုအချိန်များ၌
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဖားကန့်ဒေ သသို့ ရေမဆေးကျောက် လာရောက် ရှာဖွေသူ သုံးသိန်းခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။ ခရက်ဒစ် eleven media group
(Unicode version) ဖားကန့်မြို့အဝင် လမ်းချဲ့ရာတွင် ကျောက်စိမ်းကြောပေါ်သဖြင့် ရေမဆေး ကျောက်ရှာသူ များပြား
ကချင်ပြည်နယ် ဖားကန့်မြို့အဝင် မော်ဝမ်းရပ် ကွက် အပေါ်လမ်းနှင့် ဆေးရုံသွား လမ်းထောင့် ဒေသအခေါ် ကြက်တစ်ကောက် ကုန်း၌ မြို့နယ်စည်ပင် သာယာရေး ကော်ကမတီက လမ်းကျဉ်း မြောင်းဟုဆိုကာ ဘက်ဖိုးများဖြင့် လမ်းကမ်းပါး
ယံများ ဖြိုချပြီး လမ်းချဲ့ရာတွင် မြေမှန်ကျောက် စိမ်းကြော ပေါ်လာသဖြင့် ရေမဆေး ကျောက်ရှာ ဖွေသူ အများအပြား လာရောက်၍ ကျောက်လာရှာကြကြောင် သတင်းရရှိသည် ရေမဆေးကျော က်စိမ်း လာရောက် ရှာဖွေသူများအား မေးမြန်း
ရာ မြေမှန်ကျောက် စိမ်းကြော ပေါ်နေသည်မှာ နို ဝင်ဘာ ၂၃ ရက် နေ့လယ်က စတင်ပေါ် ခဲ့ပြီးနော က် ဘက်ဖိုးဖြင့် ကမ်းပါးယံများကို ဖြိုချရာတွင် ကျောက်စိမ်း အရိုင်းတုံးများ ပေါ်လာခဲ့ကြောင်း ၊ အဆိုပါသတင်းရရှိသဖြင့် ရေမဆေး ကျောက်ရှာ
သူ အများအပြား လာရောက် ရှာဖွေကြ ကြောင်း စျေးကောင်းရ မရ မသိရသော်လည်း ကျောက်လာဝယ်သူ၊ ရေမဆေး ကျောက်ရှာသူများ လာရောက် ရောင်းဝယ် ကြကြောင်း ပြောကြားသည် ဘက်ဖိုး နှစ်စီး၊ ကားက ရှစ်စီးနဲ့ ဆေးရုံသွားလမ်း