ပြည်တွင်းသတင်း

ထိုင်းထီပထမဆုကြီး(6)သန်းဆု နှစ်စောင်တွဲ ကံထူးရှင်ဇနီးမောင်နှံ ယနေ့ ထီဆုငွေထုတ်ယူရန်AAC မှ အစအဆုံးကူညီပေးလိုက်ပါပြီ…

ထိုင်းထီပထမဆုကြီး(6)သန်းဆု နှစ်စောင်တွဲ ကံထူးရှင်ဇနီးမောင်နှံ ယနေ့ ထီဆုငွေထုတ်ယူရန်AAC မှ အစအဆုံးကူညီပေးလိုက်ပါပြီ…

မြန်မာငွေ ကျပ်သိန်း 5000 ခန့်ကို AAC မှ မြန်မာပြည်သို့ ယနေ့ချက်ချင်း မိဘများထံ ရောက်ရှိစေရန်အစအဆုံး လိုက်ပါကူညီပေးလိုက်ပါပြီ….

ထီဆုကြီးပေါက်ပေမယ့် ပျာယာခတ်မနေဘဲအထာနပ်ပြီး သွေးအေးအေးနဲ့ AAC ရဲ့ ကူညီစောင့်ရှောက်မှုအောက်မှာ ငါးရက်ခန့် နေထိုင်ခဲ့သော ထိုင်းထီဆုကြီးကံထူးရှင်ဇနီးမောင်နှံ ဖြစ်တဲ့ ဆလိုင်းမြင့်မော်နှင့် မစန်းသီတာအေး တို့ဟာထိုင်းနိုင်ငံ မဟာချိုင်နယ်မြေမှာ နေထိုင်လုပ်ကိုင်ရင်း ယခုလ 16-11-2020 ရက်နေ့ထုတ် ထိုင်းထီပေါက်ခဲ့တာဖြစ်ပြီး မြန်မာပြည်မှာတော့ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် ပဒါန်းမြို့မှာ အခြေချနေထိုင်ကြပါသည်။

ယနေ့ချက်ချင်းပဲ AAC ရဲ့ စီစဉ်ပေးမှုနဲ့ ပြည်တော်ပြန်ခရီးကို အောင်မြင်မှုများနဲ့ထွက်ခွာသွားကြပါပြီ….

ပုံ-ယနေ့ 23-11-2020 ရက်နေ့ ထီဆုငွေများထုတ်ယူပြီးနောက် AAC ဒါရိုတ်တာဦးခိုင်နှင့်အသစ်စက်စက်သဌေးဇနီးမောင်နှံအား ထိုင်းဘဏ်ကြီးရှေ့တွင် ပျော်ရွှင်စွာ တွေ့ရစဉ်….

များများပြန် Share ပေးကြသူများ လာမယ့်..အပတ်ထိုင်းထီပထမဆု ပေါက်ကြပါစေ….

ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)

ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး….