ပြည်တွင်းသတင်း

လေဖြတ်နေတဲ့ အဖွားကလွဲပြီး တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံရတဲ့ မိသားစုလေးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်(ရုပ်သံ)

ယနေ့ Positive ထွက်ခဲ့သည့် ရွှေမြိုင်သီရိ စက်ကွင်းရပ်မှ

အသက်(၁၀)နှစ်အရွယ် ကလေးငယ်အားဆေးရုံပို့ရန် ချော့ ခဲ့ရတဲ့ မြင်ကွင်းပါ။

မိခင်က Negative ထွက်တယ်။ ကလေးက Positive ထွက်တယ်။ မနေ့က ဖခင်ဖြစ်သူ Positive ထွက်လို့ မိသားစုတွေ Contact ဖြစ်ပြီး Q ဝင်ရတာပါ။

ဒီနေ့စစ်တော့ ကလေးက Positive အဖြစ် ကူးစက်ခံထားရတာ။ မိခင်လဲ ကလေးကိုကြည့်ပြီးဝမ်းနည်း။ ကလေးကလဲ အမေ မပါလို့ ချော့မရအောင်ငို။

ဖေဖေ ဆီ ပို့ပေးမယ်ဆိုပြီး တော်တော်ချော့ရတယ်။ တကယ့်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပါ။

Contact ဖြစ်ပေမဲ့ လေဖြတ်ထားလို့ အသက်(၈၀)ကျော်အရွယ် အဖိုး အဖွားနဲ့ စိတ်ကျန်းမာရေးသိပ်မကောင်းသူတို့ကို ပြုစုမဲ့ တယောက်နဲ့ Home Q ထားထားပြီး ဆေးသွားစစ်ရာ လေဖြတ်နေတဲ့ အဖွားကလွဲပြီး ကျန် (၃)ဦး လုံးက Positive ထပ်ဖြစ်နေပြန်ရော။

အိမ်မှာ လေဖြတ်တဲ့အဖွားပဲ ကျန်တော့တယ်။နောက်ဆုံး ကျန်းမာရေးက ဆရာ/ဆရာမ တွေနဲ့ ညှိနှိုင်းပြီးလေဖြတ်နေတဲ့ အဖွားကို ပြုစုဖို့ Q ထဲက Negative ထွက် တဲ့ မိသားစုဝင်တစ်ဦးကို Home Q ထဲ ပြန်ပို့။

Positive ထွက်တဲ့ သူတွေကို ဆေးရုံပို့ဖို့ စီစဉ်ရ။စိတ်ကျန်းမာရေး မကောင်းသူကို ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရသေးတယ်။ မော်လမြိုင် RESCUE အဖွဲ့ဝင်တွေ အရမ်းကို အန္တရာယ်များတဲ့ အနေအထားနဲ့ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတာပါ။

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

ပြီးပြီးလားဆိုတော့ မပြီးသေးပြန်ဘူး။ သူတို့ မိသားစုဝင် အားလုံးကို တနေရာထဲ တစတစည်းထဲ နေခွင့်ရအောင် Ward-1 / 2/3 ပို့မဲ့ အစီအစဉ်တွေကိုသမားတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တော်တော်လေးကြာကြာ ကူညီခဲ့ရပါတယ်ဗျာ။

ဇင္မိုး

မော်လမြိုင် RESCUE ကွန်ယက်

မော်လမြိုင် (၁၀)မြို့နယ်ဆောင် CBFQ စခန်း။