ပြည်တွင်းသတင်း

မှတ်ညဏ်ချို့ယွင်းတဲ့ ရောဂါကို ခံစားနေရရှာတဲ့ ဖခင်အိုကြီးကို စွန့်ပစ်ခဲ့ကြတဲ့ သားသမီးများရဲ့ လုပ်ရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖေကို အကြွေစေ့တစ်ခုနဲ့ စွန့်ပစ်ခဲ့တဲ့ သားသမီးအကြောင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝတစ်ခုဖြစ်တည်လာဖို့ဆိုတာ အဓိကမှာ မိဘတွေပါပဲ။သူတို့ထက်ပိုကောင်း၊ ပိုတော်ဖို့ အမြဲကိုယ်ကျိုးမငဲ့ကြိုးစားပေးခဲ့ကြတာလည်း မိဘပါပဲ။ သို့ပေမဲ့လည်း ကိုယ်တွေအသက်ကြီးပြီး အဆင် ပြေလာခဲ့တဲ့အချိန်မှာမှ ကျန်းမာရေးချို့တဲ့လာတဲ့မိဘတွေကို မပြုစုချင်လို့ စွန့်ပစ်ခဲ့ကြတဲ့ သားသမီးတွေရဲ့လုပ်ရပ်ဟာတော်တော်လေးဆိုးဝါးလွန်းတယ်လို့ ပြောရမလားပါပဲ။

ဒီတစ်ခေါက် မှာလည်း မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်မှာရှိတဲ့ လမ်းမကြီးတစ်နေရာမှာ ပြီးခဲ့တဲ့ January 8 ရက်နေ့ ညနေ 4:30 အချိန်မှာ ဖခင်အိုကြီးကို သားသမီးတွေက လမ်းမကြီးဘေး လာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါအဖြစ်အပျက်ကို လမ်းမကြီးဘေး လမ်းလျှောက်လာခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကတွေ့ရှိခဲ့ပြီး လမ်းကောင်းကောင်းတောင် မလျှောက်နိုင်တဲ့ဖခင်ကြီးကို သားသမီးတွေကစွန့်ပစ်ခဲ့ပြီး ကားမောင်းထွက်သွားခဲ့ကြပါတယ်။ အဘိုးအိုကြီးမှာတော့ အဆိုပါလမ်းဘေးတွင်တွေ့ရှိခဲ့တဲ့ အမျိုးသမီးကိုသူ၏သားသမီးတွေရဲ့ကား တွေ့လိုက်လားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့

အမျိုးသမီးက ကားထွက်သွားပြီဆိုပြီး ပြန်ဖြေဆိုခဲ့ပါတယ်။ ထိုအချိန်မှာတော့ အဘိုးအိုဟာ လမ်းကောင်းမွန်စွာမလျှောက်နိုင်ပေမဲ့လည်း သားသမီးတွေရဲ့ကားနောက်အမှီလိုက်မယ် ဆိုပြီးပြောဆိုကာ အမှီလမ်းလျှောက်လိုက်ခဲ့ပါတယ်။အဆိုပါအဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှပေးခဲ့တဲ့ အမျိုးသားရဲ့ အိမ်ရှေ့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးက အိမ်ထဲမှာရှိနေတဲ့ အမျိုးသားကို လှမ်းခေါ်ပြီး အကျိုးအကြောင်းရှင်းပြခဲ့ချိန်မှာတော့ ၎င်းအမျိုးသားက ကားအမြန်မောင်းပြီး 200 မီတာအကွာအဝေး အရောက်မှာတော့

အဘိုးအိုနှင့်တွေ့ဆုံပြီး ကားပေါ်တက်ခိုင်းကာ၊ အအေးဝယ်တိုက်ပြီး အကျိုးအကြောင်းမေးမြန်းခဲ့ပါတယ်။ အဘိုးအိုမှာတော့ သူ၏သား သမီး၊ မိသားစုအကြောင်း လုံးဝမမှတ်မိတဲ့မှတ်ဉာဏ်ချို့ယွင်းနေသူလည်း ဖြစ်နေပါတယ်။ ထို့အပြင် အဘိုးအိုရဲ့အိတ်ကပ်ထဲမှာ RM 1 ကျပ် အကြွေကိုသာ တွေ့ရှိခဲ့ပြီး၊မှတ်ပုံတင်ပါ ပါလာခြင်းမျိုးမရှိခဲ့တဲ့အတွက်

သားသမီးတွေရဲ့စွန့်ပစ်ခြင်းကို အမှန်တကယ်ခံလိုက်ရပုံပါ။ ထို့ကြောင့်အဘိုးအိုကို ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြပြီး၊ အဘိုးအိုကိုသိရှိသူများလည်း လာပြီးဆက်သွယ်ပေးဖို့ အကူအညီတောင်းခံပေးခဲ့ပါသေးတယ်။ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးလည်း သာယာသောနေ့လေး ပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူ ခရက်ဒစ်ပေးပါတယ်။