နိုင္ငံတကာသတင္း

ဆိုင်အပြင်ဘက်မှာ ဖြာကျနေတဲ့ အလင်းရောင်လေးကို အားကိုးပြီး စာလုပ်နေရတဲ့ ကလေးငယ်လေးရဲ့ သနားစရာဖြစ်ရပ်

အခုသတင်းဟာ ပြီးခဲ့တဲ့၂၀၁၉အစောပိုင်းလောက်ကသတင်းဖြစ်ပြီး inspireဖြစ်စေဖို့ဖော်ပြပေးလိုက်တာပါ။ကလေးတော်တော်များများဟာ အိမ်စာလုပ်ဖို့မဝံ့မရဲဖြစ်ကြပြီး အိမ်စာလုပ်ဖို့လည်း ရှောင်ဖယ်နေတတ်ကြသလိုကျောင်းကိုလုံးဝမသွားချင်ကြတဲ့ကလေးတွေက onlineမှာအချိန်ဖြုန်းခြင်း သို့မဟုတ် ဗီဒီယိုဂိမ်းကစားခြင်းတွေလုပ်တတ်ကြပါတယ်။အဲဒီကလေးတွေက သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုမသိကြပါဘူး။ဖိလစ်ပိုင်နိုင်ငံ Mandaue မြို့က ရည်မှန်းချက်ကြီးတဲ့Daniel Cabrera အမည်ရှိ

အသက်၉ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ McDonald စားသောက်ဆိုင်ရဲ့အပြင်ဘက်မှာဖြာကျနေတဲ့အလင်းရောင်နဲ့ ယာယီခုံတန်းရှည်ကိုသုံးပြီး စိတ်ရှည်ရှည်နဲ့ စာလေ့လာနေခဲ့ပါတယ်။သူ့အိမ်စာလုပ်နေတုန်း တစ်ယောက်တည်းလမ်းလျှောက်နေတဲ့Joyce Torrefranca အမည်ရှိဆေးကျောင်းသူတစ်ဦးက တွေ့သွားခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းကြောင့် သူမဓာတ်ပုံရိုက်ကာ Facebook မှာ မျှဝေလိုက်ပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Netizen တွေက Danielရဲ့ဇွဲလုံ့လကိုသဘောကျသွားခဲ့ကြပါတယ်။

Torrefranca က လူအများရဲ့မေတ္တာကိုရခဲ့တာကြောင့် “ရိုးရှင်းတဲ့ဓာတ်ပုံတစ်ပုံက ကြီးမားတဲ့ခြားနားချက်ဖြစ်စေနိုင်တာကို ကျွန်မမသိခဲ့ဘူး။”လို့ဆိုကာ ကျေးဇူးတင်ခဲ့ပါတယ်။ဓာတ်ပုံဝေမျှပေးခဲ့အတွက်ကြောင့် သူမဟာ Danielရဲ့အိပ်မက်ကိုအကောင်အထည်ပေါ်အောင် ကူညီနိုင်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ လူတွေက ကျဉ်းကျုတ်ပြီးနံရံမရှိတဲ့စားသောက်ခန်းထဲမှာနေထိုင်တဲ့ တတိယတန်းကျောင်းသားDaniel တို့မိသားစုကို တွေ့ရှိခဲ့ကြပါတယ်။သူတို့အိမ်ဟောင်းကိုမီးရှို့ပစ်တဲ့ အဖေဖြစ်သူကထောင်ထဲမှာဆုံးသွားခဲ့ပြီ

မိသားစုကဆင်းရဲနွမ်းပါးပေမဲ့ Daniel က စာလေ့လာခြင်းကိုမရပ်တန့်ခဲ့ပါဘူး။အတန်းဖော်တွေလမ်းဘေးမှာကစားနေတုန်း Daniel ဟာ McDonald ဆိုင်ရဲ့အလင်းရောင်ကိုအသုံးပြုပြီး စာကြိုးစားလေ့လာနေခဲ့တာပါ။ခဲတံ၂ချောင်းတည်းသာရှိတဲ့Daniel ဟာ အခြားကျောင်းသားကသူ့ရဲ့ခဲတံကိုခိုးယူခဲ့တာကြောင့် တစ်နေ့ ဆရာဝန် ဒါမှမဟုတ် ရဲတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။

တာဝန်ရှိတဲ့နိုင်ငံသားတွေက Daniel ရဲ့ပညာရေးရန်ပုံငွေအတွက် ဖောင်ဒေးရှင်းတစ်ခုကိုထောင်ပေးခဲ့ပြီး သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ အရာထင်သွားခဲ့ပါတယ်။လှူဒါန်းမှုမှာ PHP ၂၂,၉၀၀ (အမေရိကန်ဒေါ်လာ ၅၀၇ ခန့်)ရှိခဲ့ပြီး သူ့ရဲ့ကျောင်းလိုအပ်ချက်တွေအတွက် PHP ၅၀,၀၀၀(ဒေါ်လာ ၁၁၀၇ ခန့်)ရရှိခဲ့ပါတယ်။ဒီတော့ ဘဝရဲ့ အကြီးမြတ်ဆုံးသင်ခန်းစာတွေကို ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဆီမှမဟုတ်ဘဲ Danielလို လုံလဝီရိယကောင်းတဲ့လူတွေဆီကနေလည်း သင်ယူလေ့လာနိုင်ပါတယ်။