နိုင္ငံတကာသတင္း

ဗီယက်နမ် Miss 2020 သရဖူကို အရယူနိုင်ခဲ့တဲ့ လယ်သမားမိသားစုမှ အသက် ၁၉ နှစ်အရွယ်အလှမယ်လေး

ဗီယက်နမ် Miss 2020 သရဖူကို အရယူနိုင်ခဲ့တဲ့ လယ်သမားမိသားစုမှ အသက် ၁၉ နှစ်အရွယ်အလှမယ်လေး

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ အသက်၁၉နှစ်အရွယ် o Thi H အမည်ရှိ အလှမယ်ဟာ လယ်သမားတစ်ဦးရဲ့သမီးတစ်ယောက် ဖြစ်ပါတယ်။ သိပ်မကြာသေးခင်က Miss Vietnam 2020 အလှမယ်တစ်ယောက် ဖြစ်လာဖို့အတွက် အခြားသော ကိုယ်စားလှယ်လောင်း ၃၄ဦးကို ယှဉ်ပြိုင် ကျော်ဖြတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဗီယက်နမ်နိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ်

Thanh Hoa မြို့က အရပ် ၅ပေ ၈လက်မရှိတဲ့ အလှမယ်တစ်ဦး သရဖူဆောင်းနိုင်ခဲ့ကြောင်း Tuoi Tre News က ရေးသား ဖော်ပြထားပါတယ် ။ Hဟာ အမျိုးသားစီးပွါးရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး တစ်ဖက်မှာလည်း ဖက်ရှင်အလုပ်လုပ်ကိုင်နေပြီး နွားပေါက်လေးတွေကို သယ်ဆောင်ပေးတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေပါတယ်။

Hဟာ ပထမဦးဆုံး NEU က ကျင်းပပြုလုပ်တဲ့ အလှပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာ ဗီယက်နမ်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုပြိုင်ပွဲအထိ ပါဝင်နိုင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ Hဟာ Ho Chi Minh City မွာ ပြုလုပ်ကျင်းပတဲ့ အလှပြိုင်ပွဲကြီးမှာလည်း ပန်းဦးသရဖူဆောင်းနိုင်ဖို့ သူမကိုယ်ပိုင်စုဆောင်းထားတဲ့ ငွေတွေကို အသုံးပြုပြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာပါ။ Miss Vietnam 2020 ပြိုင်ပွဲဝင်အဖြစ် H ရဲ့ ဘဝခရီးတစ်လျှောက်မှာ သူမရဲ့မိဘတွေနဲ့ ဇာတိမြို့လေးဟာ သူမရဲ့အနိုင်ရရှိမှုအတွက် အရမ်းထောက်ခံပေးကြပြီး အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့ကြရပါတယ်။

သရဖူအပြင် Hဟာ ဗီယက်နမ် ဒေါင် သန်း၃၅၀(ဒေါ်လာ ၁၅,၁၀၀) နဲ့ Miss World 2020 မှာ ဗီယက်နမ်ကိုယ်စားပြု အလှမယ်နေရာကို ရရှိခဲ့ပါတယ်။ Pham Ngoc Phuong Anh နဲ့ Nguyen Le Ngoc Thao ဗီယက်နမ် အလှမယ်ဟောင်းတို့နဲ့ H ကို တွေ့ရမှာပါ။H ကို ကိုယ့်ကိုကိုယ်ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် စံပြတစ်ဦးလို့ထင်ပါသလားလို့ မေးခဲ့တဲ့အခါမှာတော့ သူမဟာ လူငယ်တွေအတွက် စံပြဖြစ်ဖြစ် မဖြစ်ဖြစ်ကိုတော့ သူမကိုယ်တိုင် မသိပါဘူးတဲ့။ လူငယ်တွေကိုတော့ အမြဲလှုံ့ဆော်ပေးရမယ်လို့ ထင်တယ်လို့ ပြန်ဖြေထားပါသေးတယ်။

ဒီလိုမျိုး ငယ်ရွယ်ပြီး လယ်သမားမိဘတွေကနေ မွေးဖွားလာပေမယ့် သူမဟာဆိုရင် ယခု အားလုံးက ချစ်ခင်လေးစားရတဲ့ Miss တစ်ယောက် အဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Source : nextshark