ပြည်တွင်းသတင်း

မြန်မာတွေဆီမှ ဆန် သိန်း (၈) သောင်းကျော်ဖိုး လိမ်သွားတဲ့ ပေါက်ဖော် ကုမ္ပဏီ

ပေါက်ဖော်ကုမ္ပဏီက မြန်မာဆန်တွေသိန်း ၈ သောင်းကျော်ဖိုး လိမ်သွားပါပြီ ၊ တရုတ်ကုမ္ပဏီ တခုက မူဆယ်မှာ ဂိုဒေါင်တခု ကို အမှီပြု၍ မြန်မာပြည် တဝှမ်းလုံးက ဆန်တွေကို ပွဲစားတွေအား တအိတ် ၅၀၀ ပွဲခပေးကာ ဈေးကောင်းပေးပြီး ကောက်ခိုင်းပါသည် ။ထင်တော့ထင်သား တခုခုတော့ တခုခုဘဲလို့ ၊စပါးပေါ်ချိန် စပါးဈေး ဆန်ဈေး ကျတဲ့အချိန်မှာ စပါးရှား ဆန်ရှားတဲ့ အချိန်ထက် ဈေးတွေက မိုးပေါ်မြောက်နေ၍ ဖြစ်သည် ။

အခုတော့ ဇာတ်လမ်းပေါ်ပါပြီ ၊ တရုတ်ပိုင် ကုမ္ပဏီ တခုက လာသွင်းသမျှ ဆန်တွေကို မူဆယ် ဂိုဒေါင်ကြီးမှာ သိုလှောင် ထားပြီး တရုတ်ကို ကားတွေနဲ့ နေ့ ည မဆိုင်း သယ်ပို့ တယ် ၊ ရန်ကုန် မန္တလေး မှ လာသော ဆန်ကား တွေကိုလည်း မူဆယ် မှ တရုတ်ကို တိုက်ရိုက် ပို့ ခိုင်းတယ်မြန်မာတွေဘက်ကလည်း ဆန်ကို ဈေးကောင်းကောင်းနဲ့ တရုတ်ကုမ္ပဏီက ဝယ်နေတယ်

ဆိုပြီး ပျော်ပျော်ကြီး ပို့လိုက်ကြတာ ဆန်တွေ အားလုံးလည်းကုန်ရော ကုမ္ပဏီအလိုက်ပါ ပျောက်သွားပါလေရောကွယ်မြန်မာဘက်ခြမ်းမှာ တရုတ် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက သိန်းတသောင်းဘိုးဘဲရှိတယ် ၊တရုတ်က ငွေမချေဘဲ ကျန်တဲ့ ဆန်ဖိုးက သိန်း ၈ သောင်းကျော်ဖိုး တောင် ရှိတယ် ၊

မန္တလေးနဲ့ ရန်ကုန်က ဆန်ကုန်သည်ကြီးတွေ အများဆုံး ခံလိုက်ရပါတယ်ကိုယ့် မြန်မာ မြန်မာ ချင်းဆို အကြွေး မပေးဘူး ၊ ပထွေး တရုတ်ကိုတော့ ယုံပြီး အကြွေးပေးလိုက်ကြတာ တရုတ်က မြန်မာကို လိမ်လို့ ကောင်းလိုက်တာတဲ့ ၊နောက်တပတ်ဆို ဆန်ဈေးတွေ မဟားဒယား ပြန်ကျတော့ပါမယ် ၊ တော်ပါသေးရဲ့ ၊သတိပြုကြပါ ၊ မြန်မာပြည် ထဲကို ပေါက်ဖော်ကုမ္ပဏီတွေ ဝင်လာတာ တရားဝင်ရော ဟုတ်ရဲ့လား