ပြည်တွင်းသတင်း

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပါဝင်လိုကြောင်း ဂျပန်ရဲ့ ကမ်းလှမ်းမှုကို မြန်မာလက်ခံလိုက်ပြီ

အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည့်ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ကမ်းလှမ်း လာမှုကို မြန်မာကလက်ခံလိုက်ပြီဟု ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဦးမြင့်စန်း၏ ပြောကြားချက်ကို ကိုးကားကာ ယနေ့တွင်ဖော်ပြသည်။

G to G စနစ်ဖြင့် စီမံကိန်း ဖော်ဆောင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရမှ အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရဖက်ကလည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကအသေးစိတ်ရေးသားဖော်ပြသည်။

ဟက်တာ ၂၀,၀၀၀ အကျယ်အဝန်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည် ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှနှင့် တောင်တရုတ်ဒေသကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက်အထောက်အကူပြုနိုင်မည့် ဇုန်ဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အတွင်းပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်၍ ဒေသတွင်း ကုန်သွယ်မှုဗဟိုချက်တစ်ခုဖြစ်သွားမည်ဖြစ်သည်။

UNICODE