ပြည်တွင်းသတင်း

မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့သေဆုံး

မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့သေဆုံး

နို၀င္ဘာ ၂၇-၂၀၂၀

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆၀အရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်

“မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃၀လောက်မှာ ဆုံးသွားတာပါ၊ ICU မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်

မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုစတင်ခံယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်

နိုဝင်ဘာ ၁၃ရက်နေ့မှာတော့ ပေါက်စီဆိုင်က ဝန်ထမ်း အယောက် ၆၀ ကျော်ကို ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားပြီး စစ်ဆေးကြည့်ရာ ဝန်ထမ်း ၁၁ ဦးမှာလည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် ဆိုင်ပိုင်ရှင်ရဲ့ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကလည်း ကိုဗစ်ပိုးကူးစက်ခံရပြီး ဒီကနေ့မှာ ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရမယ်လို့လည်း သိရပါတယ်

မန္တလေးတိုင်းမှာ မနေ့ နိုဝင်ဘာ ၂၆ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၄၉၅၆နဲ့ သေဆုံးသူ ၂၇ဦးထိ ရှိပြီဖြစ်ပါတယ်

voiceofmyanmar

unicode

မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့သေဆုံး

နိုဝင်ဘာ ၂၇-၂၀၂၀

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆ဝအရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်

“မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃ဝလောက်မှာ ဆုံးသွားတာပါ၊ ICU မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်

မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုစတင်ခံယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်

နိုဝင်ဘာ ၁၃ရက်နေ့မှာတော့ ပေါက်စီဆိုင်က ဝန်ထမ်း အယောက် ၆၀ ကျော်ကို ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားပြီး စစ်ဆေးကြည့်ရာ ဝန်ထမ်း ၁၁ ဦးမှာလည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် ဆိုင်ပိုင်ရှင်ရဲ့ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကလည်း ကိုဗစ်ပိုးကူးစက်ခံရပြီး ဒီကနေ့မှာ ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရမယ်လို့လည်း သိရပါတယ်

မန္တလေးတိုင်းမှာ မနေ့ နိုဝင်ဘာ ၂၆ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၄၉၅၆နဲ့ သေဆုံးသူ ၂ရဦးထိ ရှိပြီဖြစ်ပါတယ်

voiceofmyanmar